www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

`မျှော်လင့်ခြင်းများကြားက လွမ်းငှက်ရဲ့ငိုချင်း´

နေရောင်ခြည်ပျောက်လို့ ညမှောင်
ဘအောင်တောင် ထင်းခွေလို့ပြန်ရောက်ပြီ
မင်းအခုထိကိုယ့်ဆီရောက်မလာသေးပါလား ။

အသံမဲ့နှုတ်ခမ်းတစ်စုံကို ငါစောင့်မျှော်နေရဲ့
`ပဲ့တင်ထပ်သံ´
အမှန်တကယ်ဆိုရင်
ငါ့ဆီရောက်လာသင့်တယ်
မင်းနေကောင်းလား မကောင်းလားဆိုတာတော့ပြောဖို့သင့်တယ်။

စိတ်ဥဿဘရဲ့ကြီးကြပ်မှုအောက်မှာ
အသက်ဆက်နေရတယ်
မင်းကိုလွမ်းတယ်ဆိုတဲ့ ဥဿဘလို့ဆိုရင်ပိုမှန်လိမ့်မယ်ထင်ရဲ့။

အနှည်ထိုင်ဖို့ဆိုရင် အဲ့ဒီအိမ်ပြန်နွားတွေမလာစေနဲ့
ဒါဆို အိုကေတယ်
မင်းပဲနိုင်အောင်ထိန်းနိုင်မလား
ငါပဲ နိုင်အောင် အနှည်ထိုင်နိုင်မလား
ဖဲသမားတွေလို လောင်းကြေးယှက်
သူငယ်ချင်းဆိုတာ မရှိဘူး
ချစ်ခင်မြတ်နိုး တွယ်တာသူဆိုတာမရှိဘူး
အဖေဆိုတာမရှိဘူး
အမေဆိုတာမရှိဘူး
အကိုဆိုတာမရှိဘူး
အမဆိုတာမရှိဘူး
အဒေါ်ဆိုတာမရှိဘူး
ဦးလေးဆိုတာမရှိဘူး
သားသမီးဆိုတာ မရှိဘူး
မရှိဘူး မရှိဘူး မရှိတာတွေထပ်နေတယ်
ရှိတာတွေက ပုန်းလျှိုးကွယ်ပျောက် . . . . . . . . . .

ငါတမ်းတမိတယ်
ရစ်သမ်ပျက်ဂစ်တာတစ်လက်ကို
အလျှိုလျှိုထွက်သွား
အလျှိုလျှိုဝင်လာ
ငါ့ဆီမှာနေခဲ့ဖူးတဲ့ ဂစ်တာလေးပေါ့
ပျော်ရွှင်ခြင်းတွေနဲ့ မိတ်ဆွေဖွဲ့နေသတဲ့။

ကောင်းလား
ငါ့တမ်းတခြင်းတွေ
ငါ့မျှော်လင့်ခြင်းတွေ
ငါ့ရည်မှန်းချက်တွေ
အကုန်လုံးလိုလို ပျက်စီး
ဝှက်ပြီးသာ ယူသွားပါတော့လား
အသည်းရယ် တုန်ခါလွန်းလှချည့်
အငြိအစွန်းတွေများကလား
ကဲ တော်ပြီ
သောက်လက်စ အဖြူတစ်ခွက်
စားလက်စ ကြက်ခြေထောင်ဟင်းချိုခါးနဲ့
လွမ်းလက်စ ငါ့ရင်ခွင်
အားလုံးပေါင်းစပ်ပြီး
ဝီစကီတစ်ခွက်အဖြစ်
ချိနဲ့စွာ သွန်ချ
အားလားလား
ချိုမြိန်ခါးသက် စပ်လှချည်ရဲ့ ။ ။



မောင်လမင်း

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်