www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

ငါ့ဘက်ကပဲ မှားခဲ့တာ

မနမ်းထိုက်တဲ့ ပန်း မာယာ
 နှုတ်ခမ်းကထွက်လာတဲ့ ပလီပလာ ခံစားချက်တွေနဲ့
 အသက်မဲ့ တဲ့ အနမ်းတွေ ပေးပြီး
ဘယ်ရင်ခွင် တစ်ကျွန်းထိ ရွက်လွင့် ဦးမလဲ ချစ်သူ....
စူးရှတဲ့ အကြည့်တစ်ချက်နဲ့
မူးလောက်အောင် လှတဲ့ မင်းအပြုံး စကားလုံးတွေကြောင့်
 ငါ့ နှလုံးသား ရင်ခွင် တံတိုင်းမှာ
ခပ်ရိုင်းရိုင်း ကာရံတွေ ဆင်ခဲ့တာ မင်းမှ မသိခဲ့ ပဲလေ..... တကယ်ဆိုရင် တောရိုင်းပန်းတစ်ပင် ရှင်သန်ဖို့
 နှုးညံ့လှတဲ့ အချစ်တွေက မြေသြဇာ အဖြစ်စတေးခံခဲ့ရတာ ဘယ်တော့ ပြောင်းလဲမသွားပါဘူး ချစ်သူ....
ဒါပေမယ့် ချစ်သူရယ် မဆုံနိုင်တော့တဲ့ လမ်းတစ်ခုမှာ
ပန်းမခူးရဆိုတဲ့ စာကို တွေ့သားနဲ့ နမ်းရှိုက်ခဲ့မိတာ ငါ့ အမှားပါ
နင်ဘယ်တော့ မမှားပါဘူး
ငါ့ဘက်ကပဲ မှားတာပါ
တကယ် ငါ့ဘက်ကပဲ မှားခဲ့တာပါ....။
by facebook

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်