www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

တော်ပါသေးရဲ့

ဝမ်းနည်းလို့မှ
တိမ်တွေကို မော့ကြည့်မိပါတယ်…
မင်းတို့နှစ်ယောက်နဲ့မှ ပြန်လာဆုံရတယ်လို့…။ ။

စိတ်ညစ်လို့မှ
သူများတွေလို အရက်သောက်မယ်ကျန်တုန်းရှိသေးတယ်…
ငါ့ချစ်သူရဲ့ချစ်သူက ငါ့ကို
ရင်လာဖွင့်တာနဲ့ ကြုံရပြန်ရော…။ ။
ရင်ဘတ်တွေ အောင့်လွန်းလို့ ဆေးခန်းလေးသွားမိပါတယ်…
အသည်းကွဲလို့ ရောက်လာတဲ့ လူနာက
ငါ့ချစ်သူရဲ့ ချစ်သူဖြစ်နေပြန်ရော...။ ။
စိတ်ပင်ပန်းလွန်းလို့
ကန်တော်ကြီးက ခုန်တန်းလေးမှာ သွားထိုင်မိပါတယ်…
ရေထဲခုန်ချဖို့ ကြံတဲ့သူက
ဟိုက်………… ငါ့ချစ်သူရဲ့ ချစ်သူပါလား…။ ။
တော်ပါသေးရဲ့…
ငါ့အလှည့်တုန်းက
ရက်စက်တာတွေကို
ကောင်မလေးနားမလည်သေးလို့…။ ။


by mypoembag

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်