www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

အချစ်ဟူသည်

ရင်နာစရာတွေပေးပြီး

မကြင်နာတော့ရင်လည်း

ကျေနပ်ပါတယ်

အနာဂတ်ဆိုတာ

ဘယ်သူမှမပိုင်လို့

ထာဝရဆိုတာမရှိပေမဲ့

ဒဏ်ရာတွေပေးပြီး

အကြင်နာတွေရုပ်သိမ်းခဲ့သူကို

ယနေ့ထက်တိုင် ချစ်နေဆဲပါ

ချစ်လျက်နဲ့မချည်နှောင်တတ်ခဲ့လူအတွက်

အလွမ်းဆိုတာဆုလာဒ်တစ်ခုပေါ့

မမေ့နိုင်ခဲ့တော့လည်း

အလွမ်းတွေ၊ နာကျင်မှုတွေကို

ထွေးပွေ.ရင်း

နှလုံးသားကိုအမိန့်ပေးနေရတယ်

အချစ်ဆိုတာ

ပေးဆပ်ခြင်းသက်သက်ပဲလို့...............................




ခရေ

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်