www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

ချစ်သူအနမ်း

ဖြူနီဝါနဲ့ ပန်းရောင်ခြယ်
နှင်းဆီတို့ရဲ့ အလှဝယ်
မြင်တဲ့သူတိုင်း ငေးလောက်တယ်
ချစ်သူတွေက ၀ိုင်းဝိုင်းလည်
အားနွဲ့လှတဲ့ ပန်းဘဝ
ချူချင်သူတွေ ပေါများလှ
အန္တရာယ်ကို သိလို့သာ
အလှပတို့ နောက်ကွယ်မှာ
ဆူးကလေးတွေ ၀ိုင်းရံကာ
မချူသာအောင် စောင့်ရှောက်တာ
ပန်းကိုချစ်တဲ့ ပန်းချစ်သူ
တို့ဘ၀လည်း ထို့နည်းတူ
ဆူးခံနိုင်ရင် ချူလေတော့
မေတ္တာအနမ်း ပေးဝေပေါ့
ဂုဏ်ဓနတွေ ဖယ်ကာထား
ချစ်သူနမ်းမှ ပွင့်စေသား

ရေးသူ..စုမီလင်း
by facebook

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်