www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

အချစ်ကဗျာများ

နင်ရဲ့အိမ်မက်တစ်စုံကို
ငါခဏခိုးပြီ
နင်နဲ့ငါ ရဲ့ပျော်စရာအချိန်တွေကို
အိမ်မက်တစ်စုံအဖြစ်ပြန်ပြီးလက်ဆောင်ပေးရင်
ကောင်မလေး............................နင်ကျေနပ်မလား ?

အလကာၤမဟုတ္တဲ့....ကဗ်ာတစ္ပုဒ္နဲ့
နင်ကိုတမ်းချင်းတစ်ပုဒ်တော့စပ်လိုက်ချင်တယ်....
နင်ချစ်တာ....လူကိုလား....နှလုံးသားကိုလား....
ငါချစ်တာ....နင်ရဲ့ ..နှလုံးသားဖြူစင်မူ့ကိုပါ
ယုံရဲ့လား .....ကောင်မလေး

သူငယ်ချင်း....နင်ကို ..ချစ်တယ်လို့ပြောတဲ့ကောင်လေးတွေကို
မေးကြည့်..ငါလိုချစ်နိုင်လားလို့
သူငယ်ချင်းနင်ကိုမြတ်နိုးတယ်လို့ပြောတဲ့နင်ကိုမြတ်နိုးတဲ့သူတွေကို
မေးကြည့်...ငါလိုမြတ်နိုးနိုင်လားလို့....
သူငယ်ချင်း..နင်ကိုချစ်တဲ့ညီအကိုမောင်နှမတွေကို
မေးကြည့်..ငါလိုချစ်နိုင်လားလို့....
တကယ်ပါ...နင်ကိုချစ်တယ်...မြတ်နိုးတယ်ဆိုတာ....
ဘယ်သူမှ...မမှီပါဘူးကွာ...........
ယုံရဲ့လား.....သူငယ်ချင်း..

ဝေးနေချိန်ဆို--လွမ်း
တွေ့ချိန်မှာဆို--မာနကိုရှေ့တန်းတင်
ဒို့ 2 ယောက်ရဲ့ အလွမ်းကလည်း စာမဖွဲ့လောက်ပါဘူး--
အချစ်ကို အတ္တလို့ ထင်မှတ်နေမှတော့ ဒို့ 2 ယောက်ဝေးအုံးမှာပဲလေ--
မျက်လုံးကိုတောင်မဖတ်တက်တဲ့ နင့်ကို ငါရဲ့ အသဲနှလုံးကို ဘယ်လိုအပ်နှံထားရမှာလဲဟင်------------(နှင်း)

စစ်မှန်တဲ့မေတ္တာတွေနဲ့ချစ်ကြတဲ့ချစ်သူတွေမှာ ဘာအခက်အခဲတွေကို တွေးကြောက်နေမှာလဲ ငါသိလိုက်ပြီ မင်းအချစ်က မျောက်ကိုအုန်းသီးပေးထားသလို ဆော့ကစားတတ်တာကလွဲပြီး
အသုံးမ၀င်ပါဘူး စားမပါတဲ့ဟင်းကိုစားနေရသလို ပေါ့ပျက်ပျက်နိုင်လွန်းတယ်ချစ်သူ
တော်ပြီတော်ပြီ တော်လောက်ပါပြီ
အားလုံးကိုစွန့်လွတ်ရရင်တောင် မင်းရဲ့အပြုံး ကို
ထာဝရနှစ်လုံးမူခွင့်ပြုပါချစ်သူ

အချစ်ကသူ့သဘောဆောင်တယ်
နှလုံးသားမှာ
ပြန်စရာလမ်းတွေမရှိ
နေ့နေ့ညညသာအချိန်ကာလတစ်လျှောက်လုံး
"အလွမ်း"ကရင်တစ်ပြင်လုံးစီးကူးတယ်..၊
မျှော်လင့်ခြင်းတွေစိမ်းစိမ်းစိုခဲ့သောနေ့များ
ရယ်သံများလွင့်ကျခဲ့ရာမနက်ခင်းများ
မက်ခဲ့တဲ့အိမ်မက်တွေက
သူ့အဓိပါယ်နဲ့သူစီးဆင်းနေကြတုန်း
ိထိလိုက်တိုင်း
သတိရခြင်းကသွေးကြောတွေဆီကပဲ့တင်ပြန်တယ်။
တစ်ဘ၀စာလုံး
ချစ်သူရဲ့အနွေးဓာတ်မှာခိုလူံချင်ခဲံ့တာပါ
ရိုးရိုးရှင်းရှင်းဆန်းပြားနိုင်လွန်းတဲ့"သံယောဇဉ်"နဲ့
တစ်ယောက်ရဲ့ကြိုးတွေကိုတစ်ယောက်ကမြဲမြန်စေခဲ့
ခေါင်းစဉ်တွေဘယ်လိုပဲပေးထားထား
ချစ်သူပာာငါအဖွဲ့ချင်ဆုံးကဗျာတစ်ပုဒ်သာဖြစ်ခဲ့တယ်။   ။


0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်