@ပန်းပွင့်ရှိမှ
ရနံ့ကိုရတာမဟုတ်ပါဘူး
တစ်ဖူး
တစ်ငုံ
တစ်ပွင့်
တစ်ခက်
နမ်းခွင့်ရတဲ့
အခိုက်အတန့်လေးမှာ
နှလုံးသားထဲစွဲကျန်လို့
ရင်မှာအမြဲတည်နေမယ်ဆိုတာ
ချစ်သူသိပါစေနော်..............။
@ကြည့်ခွင့်တစ်ခါ
မြင်ခွင့်တစ်လှည့်မရသေးတဲ့
မင်းမျက်နှာလ၀န်းလေး
ငါ့အနားမှာမရှိလို့
ဘယ်လောက်ပဲဝေးနေပါစေ
မော့ကြည့်တိုင်း
မိုးကောင်းကင်မှာ
အမြဲတွေ့နေရတာပါ။
မင်းက
ဘယ်မှာပဲဖြစ်ဖြစ်
တွယ်နှောင်ရစ်ငင်တဲ့
သံယောဇဉ်တွေနဲ့
ငါ့အိပ်မက်မှာ
အမြဲရှိနေခဲ့တယ်ချစ်သူ............။
@မင်းနဲ့ငါ
နေရာချင်းလွဲလို့
ဒေသချင်းပဲကွဲနေပါစေ
ငါ့စိတ်ရဲ့အစဉ်မှာ
မင်းက
အမြဲနေရာယူထားဆဲပါ။
ငါ့အတွက်စကားလေးတစ်ခွန်း
မင်းရဲ့နှုတ်ကဖွင့်ဟပြောမှ
ကြားတတ်ခဲ့တာမဟုတ်ပါဘူး
စီးဆင်းတဲ့စိမ့်စမ်းရေနဲ့
ကျေးငှက်တွေရဲ့
တီးတိုးသံကြားမှာ
ချိုသာတဲ့မင်းစကားသံ
စွဲမြဲစွာထင်ကျန်ရစ်
ငါ့ရဲ့နားထဲမှာ
အစဉ်အမြဲကြားနေရဆဲပါပဲချစ်သူရယ်...........။
30.9.2012 11း40pm
အဆိုတော် ခင်မောင်တိုးရဲ့“ချစ်သူသိစေ” သီချင်းလေးကိုရေးဖွဲ့လိုက်တာပါ။
ရနံ့ကိုရတာမဟုတ်ပါဘူး
တစ်ဖူး
တစ်ငုံ
တစ်ပွင့်
တစ်ခက်
နမ်းခွင့်ရတဲ့
အခိုက်အတန့်လေးမှာ
နှလုံးသားထဲစွဲကျန်လို့
ရင်မှာအမြဲတည်နေမယ်ဆိုတာ
ချစ်သူသိပါစေနော်..............။
@ကြည့်ခွင့်တစ်ခါ
မြင်ခွင့်တစ်လှည့်မရသေးတဲ့
မင်းမျက်နှာလ၀န်းလေး
ငါ့အနားမှာမရှိလို့
ဘယ်လောက်ပဲဝေးနေပါစေ
မော့ကြည့်တိုင်း
မိုးကောင်းကင်မှာ
အမြဲတွေ့နေရတာပါ။
မင်းက
ဘယ်မှာပဲဖြစ်ဖြစ်
တွယ်နှောင်ရစ်ငင်တဲ့
သံယောဇဉ်တွေနဲ့
ငါ့အိပ်မက်မှာ
အမြဲရှိနေခဲ့တယ်ချစ်သူ............။
@မင်းနဲ့ငါ
နေရာချင်းလွဲလို့
ဒေသချင်းပဲကွဲနေပါစေ
ငါ့စိတ်ရဲ့အစဉ်မှာ
မင်းက
အမြဲနေရာယူထားဆဲပါ။
ငါ့အတွက်စကားလေးတစ်ခွန်း
မင်းရဲ့နှုတ်ကဖွင့်ဟပြောမှ
ကြားတတ်ခဲ့တာမဟုတ်ပါဘူး
စီးဆင်းတဲ့စိမ့်စမ်းရေနဲ့
ကျေးငှက်တွေရဲ့
တီးတိုးသံကြားမှာ
ချိုသာတဲ့မင်းစကားသံ
စွဲမြဲစွာထင်ကျန်ရစ်
ငါ့ရဲ့နားထဲမှာ
အစဉ်အမြဲကြားနေရဆဲပါပဲချစ်သူရယ်...........။
30.9.2012 11း40pm
အဆိုတော် ခင်မောင်တိုးရဲ့“ချစ်သူသိစေ” သီချင်းလေးကိုရေးဖွဲ့လိုက်တာပါ။
0 comments:
Post a Comment