www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

ဆည်းဆာ

ချစ်သူ
မျှော်လင့်ချက်လေးနဲ့
အဆုံးသတ်ရမယ့် အဖြစ်မျိုးတွေ
မင်း မပေးပါနဲ့လား။ ။
ချစ်သူ
ခံစားချက်မဲ့
စကားလုံး အမျိုးမျိုးနဲ့
မင်း မနှိပ်စက်ပါနဲ့လား။ ။
ချစ်သူ
အဓိပ္ပာယ်မဲ့
မျက်ဝန်းမျိုးတွေနဲ့
မင်း မကြည့်ပါနဲ့လား။ ။
ချစ်သူ
ချိုသာတဲ့
အပြုံးချိုချိုတစ်ခုနဲ့
မင်း မရက်စက်ပါနဲ့လား။ ။
ချစ်သူ
မင်းဆီမှာ မျှော်လင့်ချက် အမျိုးမျိုးနဲ့
အခစား ၀င်နေသူက ငါပါ။ ။
ချစ်သူ
မင်းကြိုက်မယ့် တေးသွားအမျိုးမျိုးနဲ့
ခံစား ညည်းဆိုနေသူက ငါပါ။ ။
ချစ်သူ
မင်းချစ်တဲ့ ကဗျာတွေကို အဓိပ္ပာယ် အမျိုးမျိုးနဲ့
ရေးစပ်ခဲ့သူက ငါပါ။ ။
ချစ်သူ
ချိုလဲ့လဲ့ အပြုံးတစ်ခုပေါ်က စကားလေးတစ်ခွန်းအတွက်
လိုသလို အသုံးချဖို့
ငါ့အသည်းက မင်းခြေရင်းမှာ ၀ပ်ဆင်းနေတာ။ ။
အားလုံးကို သိလျှက်နဲ့
မင်းမချစ် မနှစ်သက်တဲ့ငါ့ကိုလေ
အသည်းခွဲတမ်း လောင်းကြေးထပ်ကစားသတဲ့လား။ ။
သေရာပါတဲ့
နာကျင်ခြင်းမျိုးနဲ့
မင်း ဆိုတဲ့ နေ၀င်ဆည်းဆာလေးနားမှာ
ငါလေ…ခုချိန်ထိ
သီချင်းဆိုလိုက်
ကဗျာရေးလိုက်နဲ့
မင်းအလှကိုကြည့်နေဆဲ။ ။
ရူးမိုက်စွာ ချစ်ခဲ့ရင်းလေ
အသက်ရှုဖို့တောင် မေ့နေခဲ့တာ
ဘယ်တုန်းကရင်းပါလိမ့်။ ။
သတိရလာတော့
ငါ့ဘေးမှာ လူသားတွေ အများကြီးပါလား။ ။


by mysuboo

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်