www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

*** ရင်ခုန်စေသော တေးသံ***


ညတစ်ညရဲ့ အမှောင်ယံကို

ကျေးငှက်တို့ တေးဆိုလို့

နံနက်တိုင်းမှာ နိုးခဲ့တယ်...........။

နေ၀န်းနီနီက ရောင်ခြည်ဆမ်း

ခြေလှမ်းတွေနဲ့ ရှေ့ဆက်ဖို့

ဘ၀များစွာကို နိုးထစေခဲ့တယ်......။

ငယ်ရွယ်ချိန် အမှောင်ညကို<!--more-->

ရွယ်ပျိုချိန်က မိုးသောက်အာရုဏ်တက်လို့

တေးသံလေးကို နိုးထစေ

နေ၀န်းရဲ့ အလင်းတန်းကို ရှု့စားဖို့အရေး

တမ်းတညတွေ ကြာခဲ့ရပေါ့........။

သန်းခေါင်ယံ ညထဲက ကိုယ့်နှလုံသား

တေးသံ အချို့ ကြားခဲ့ရပြီလေ.......။

''နောင်'' အနာဂတ်အတွက်

အမှောင်ညထဲက မခန့်မှန်းရဲခဲ့ဘူး

တေးသံသဲ့သဲ့ ကြားချိန်မှာတော့

နှလုံးသားကလဲ မငြိမ်သက်ခဲ့ဘူး......။

ပန်းခြေလှမ်းတို့က တရွရွ

ခြယ်သလို့ ပြင်ဆင်

ရီမှုန်တဲ့ ညအထွက်လေးမှာတော့

ရင်ခုန်နေတဲ့ ဘ၀ဟာ

ကိုယ့်ဘ၀လေးပါပဲ သူငယ်ချင်းရယ်..........။
www.dnaungphyomdy.multiply.com

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်

Error loading feed.