www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

ပေးအပ်ပါရစေ



အနမ်းတွေ ပျိုးချခဲ့တဲ့ နေ့တုန်းက
ငါ….က သူရဲကောင်းကြီးပေါ့
ကမ္ဘာကြီး တစ်ခုလုံးလည်း လင်းပြလို့ပေါ့
ရင်ခုန်သံ တိုးဖွဖွမှာ ချစ်သူရယ်သံက
စည်းချက်သံ တချပ်ချပ် လိုက်တယ်..။
ကောင်းကင်ကြီးရယ်
လေညှင်းလေးရယ် ချစ်သူရယ်သံရယ်
ပြီးတော့ ခိုးကြောင်ခိုးဝှက် အနမ်းတစ်ချို့ရယ်
ပြီးပြည့်စုံခြင်းထက် ပိုမိုပြီး ပြည့်စုံ ခဲ့ပါတယ်။
အလင်းနှစ်ထက် လျှင်မြန်တဲ့
သတိရခြင်းတွေ တပွေ့တစ်ပိုက်ကြီးနဲ့
ချစ်သူကို လွမ်းရတာ
အာရုဏ်ဦးမှာ ပွင့်တဲ့ပန်းလို
မျှော်လင့်ချက်တွေ မွှေးမြလန်းဆန်းတယ်။
မြှားအစင်းပေါင်း ထောင့်ငါးရာ
တိုက်ရိုက်မှန်တဲ့ ရင်ဘတ်မှာ စူးနစ်ခဲ့ပြီး
နှလုံးသား တစ်ခုလုံးလည်း မိုးရွာချ ထားခံရသလို
စိမ်းလန်းဖူးငုံ တစ်လောကလုံး သာယာတယ်။
အပြာရောင်တွေ ရွှဲရွှဲစိုပြီး
ရင်ဘတ် တစ်ခုလုံး ဆေးကြောတဲ့နေ့
ရင်ခုန်သံ တစ်ခုလုံးက
လင်းမြတုန်ခါပြီး စိုတောက်နေခဲ့တယ်
ချစ်ခြင်းတို့ ပွင့်တဲ့အချိန်
ဗီးနပ်စ်တောင် ပါးစပ်အဟောင်း သားနဲ့ပေါ့။
မပျိုးပဲ ရွာချခဲ့တဲ့ မိုး
မငြိုးပဲ ဒဏ်ရာတွေ မပေးပါနဲ့လား
စံပယ်ရဲ့ ဖြူစင်ခြင်းမျိုးနဲ့
ငါ့ဘ၀ တစ်ခုလုံး မင်းလက်ထဲ အပ်ခဲ့ချင်တယ်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်