တနေ့နေ့မှာ ငါ နင့်ရဲ့ ကမ္ဘာလေးထဲက ပျောက်ကွယ်သွားခဲ့ရင်....
လမ်းသွားရင်း နင် ငါ့ကို သတိရနေပါ့မလား.... ငိုကြွေးလွမ်းဆွတ်နေပါ့မလား.....
တနေ့နေ့မှာ ငါ နင့်ရဲ့ ကမ္ဘာလေးထဲက ပျောက်ကွယ်သွားခဲ့ရင်....
နင် အပျော်ဆုံးအချိန်မှာ ငါ့ကို သတိရနေပါ့မလား...
နင့်ရဲ့ ပျော်ရွှင်မှုတွေကို ငါ့ကို နင် ခွဲဝေပေးဖို့ ဆန္ဒရှိပါ့မလား....
တနေ့နေ့မှာ ငါ နင့်ရဲ့ ကမ္ဘာလေးထဲက ပျောက်ကွယ်သွားခဲ့ရင်....
ညသန်းခေါင်မှာ အိပ်ရာကနေ ရုတ်တရက်နိုးလာပြီး...
ငါ့ကို တမ်းတနေပါ့မလား....
တနေ့နေ့မှာ ငါ နင့်ရဲ့ ကမ္ဘာလေးထဲက ပျောက်ကွယ်သွားခဲ့ရင်....
ငါ့ရဲ့ facebook profile ကို ၀င်ပြီး... ငါ ထားခဲ့တဲ့ အချက်အလက်တွေကို
ကြည့်ရင်း...နင့်ရဲ့ စိတ်ထဲမှာ ငါ့ကို ပြန်တမ်းတနိုင်ပါ့မလား....
တနေ့နေ့မှာ ငါ နင့်ရဲ့ ကမ္ဘာလေးထဲက ပျောက်ကွယ်သွားခဲ့ရင်....<!--more-->
စိတ်ရော ကိုယ်ရော အလေးနက်ထားပြီး...ငါ ရေးခဲ့ဖူးတဲ့ စာတွေနဲ
့ဆောင်းပါးတွေကို ဖတ်ရင်း ငါနင့်ကို ဘယ်လောက် တန်ဖိုးထားခဲ့တယ်ဆိုတာ နင်
နားလည်နိုင်ပါ့မလား....
တနေ့နေ့မှာ ငါ နင့်ရဲ့ ကမ္ဘာလေးထဲက ပျောက်ကွယ်သွားခဲ့ရင်....
အလွမ်းအဆွေး ဇာတ်လမ်းတွေ ကြည့်တဲ့အခါ... ရုတ်တရက် ငါ့ကို သတိတရ ရှိနိုင်ပါ့မလား....
တနေ့နေ့မှာ ငါ နင့်ရဲ့ ကမ္ဘာလေးထဲက ပျောက်ကွယ်သွားခဲ့ရင်....
တကယ်တမ်း နင် ငါ့ကို ဂရုစိုက်ပါတယ်...သတိရပါတယ်လို့ ခံစားရပါ့မလား....
တနေ့နေ့မှာ ငါ နင့်ရဲ့ ကမ္ဘာလေးထဲက ပျောက်ကွယ်သွားခဲ့ရင်....
နင် ငါ့ကို စောင့်စားရင်း...ငါ နင့်ဆီ ပြန်လာမယ်လို့ ယုံကြည် နေနိုင်ပါ့မလား...
တနေ့နေ့မှာ ငါ နင့်ရဲ့ ကမ္ဘာလေးထဲက ပျောက်ကွယ်သွားခဲ့ရင်....
လမ်းပျောက်တဲ့ သူလို ငိုကြွေး ၀မ်းနည်း နေနိုင်ပ့ါမလား....
တနေ့နေ့မှာ ငါ နင့်ရဲ့ ကမ္ဘာလေးထဲက ပျောက်ကွယ်သွားခဲ့ရင်....
နင့်ကို ငါ တင်းတင်း ဖက်ထားခဲ့ဖူးတဲ့ နေ့ရက်တွေကို ပြန် သတိရနိုင်ပ့ါမလား....
တနေ့နေ့မှာ ငါ နင့်ရဲ့ ကမ္ဘာလေးထဲက ပျောက်ကွယ်သွားခဲ့ရင်....
ငါတို့ အတူတူ သွားခဲ့ဖူးတဲ့ နေရာလေးတွေ စားခဲ့ကြတဲ့  ဆိုင်လေးတွေ ရောက်တိုင်း အမှတ်တရလေးတွေ စိတ်မှာ ပြန်ထင်ဟပ်နိုင်ပ့ါမလား....
တနေ့နေ့မှာ ငါ နင့်ရဲ့ ကမ္ဘာလေးထဲက ပျောက်ကွယ်သွားခဲ့ရင်....
ရုပ်ရှင်ကားထဲကလို တစ်သက်လုံး ငါ့ကို လွမ်းဆွတ် တမ်းတနေနိုင်ပါ့မလား...
တနေ့နေ့မှာ ငါ နင့်ရဲ့ ကမ္ဘာလေးထဲက ပျောက်ကွယ်သွားခဲ့ရင်....
ငါပြောခဲ့ဖူးတဲ့ စကားတွေကို နင် အမှတ်ရနေပ့ါမလား....
ငါတကယ် မရှိတော့မှ....နင့်ဘေးမှာ ငါရှိတယ်ဆိုတာ နင် သိမှာလား....
ငါ တကယ် မရှိတော့မှ....ငါ့ကို ဘယ်လို တန်ဖိုးထားရမယ်ဆိုတာ နင် သတိရမှာလား....
ငါ တကယ် မရှိတော့မှ.... ငါ့ကို ဘယ်လို အလေးအနက်ထားရမယ်ဆိုတာ နားလည်မှာလား....
ငါ တကယ် မရှိတော့မှ....ငါ နင့်ကို ဘယ်လောက် ဂရုစိုက်တယ်ဆိုတာ နင်ခံစားရမှာလား....
ငါ တကယ်မရှိတော့မှ.... နင် ငါ့ကို နားလည်ပေးမှာလား....
ငါ တကယ်မရှိတော့မှ.... ငါ့ကို ဆုံးရှုံးသွားပြီဆိုတာ နင် သဘောပေါက်မှာလား....
ငါ တကယ်မရှိတော့မှ....ငါတို့ ရဲ့ အတိတ်ကို နင် ပြန်လိုချင်မိမှာလား....
ငါ ဟန်ဆောင်ပြုံးခဲ့တာ မျက်ရည်တွေကို လှည့်စားချင်ခဲ့လို့ပါ....
ငါ တုံး အ ချင်ယောင် ဆောင်ခဲ့တာ ငါတို့ရဲ့ ဇာတ်လမ်းကို ဖုန်းကွယ်ချင်လို့ပါ....by facebook
0 comments:
Post a Comment