www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

မြှားနတ်မောင်ကိုတရားစွဲခြင်း


သို့....မြှားနတ်မောင်
ရည်းစားမရှိ၊ပျင်း၏ဟုလည်း
ကျွန်ုပ်မဆို၊မတိုင်တည်ပဲနှင့်
အဘယ်ကြောင့်သင်၊ကျွန်ုပ်ထံသို့
ထိုအရာကိုသယ်ဆောင်ခဲ့သနည်း။

သင်အစပျိုးသော၊ထိုအရှုပ်ထုတ်ကြောင့်
ကျွန်ုပ်ပျော်ရ၊ငိုခဲ့ရ၍
ရယ်ချင်းအမှုလည်းပြုခဲ့ရပြီ။

အချိန်တွေကုန်၊စိတ်တွေထုံပြီး
လူလဲပင်ပန်း၊နှလုံးသားလဲဖျားခဲ့ပြီ။

အကျိုးပြုမည်၊ထင်ခဲ့မိ၍
လက်ခံခဲ့သော၊သင်ယူလာသည့်
ထိုအချစ်ကို၊ကျွန်ုပ်အခုအလိုမရှိပြီ။

ထိုအကြောင်းကြောင့်၊ယခုပင်အမြန်
မပျင်းမရိ၊ဆိုင်းတွခြင်းမရှိပဲ
ထိုအချစ်ကို၊ပြန်လာယူလော့။

သို့တည်းမဟုတ်၊ကျွန်ုပ်ဆန္ဒမလိုက်လျောပါက
ဦးနှောက်ထံ ထောက်ခံစာဖြင့်
သင့်ကို.........
နှလုံးသားတရားရုံးတော်တွင်
တရားစွဲဆိုမည်ဖြစ်ကြောင်း
Message ပေးပို့အသိပေးအပ်ပါသည်။

စာရေးသူ: အောင်ပိုင်စိုး

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်