www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

“အချစ်စွမ်းအား”

###“မ”နားရှိခိုက် ပျော်ပိုက်ဘ၀င်
ရွှင်ကြည်အပြုံး ဖုံးကွယ်မရတာ
ကိုယ်သာသိကြောင်း ချစ်ရတဲ့“မ”
သိခွင့်ရအောင် တင်ပြချင်၏။
###“မ”စိတ်ညစ်မှာ စိုးရိမ်တာမို့
လွမ်းလို့ဖြစ်သည့် တွယ်ငြိစိတ်ကို
ရင်မှာမြိုသိပ် ချစ်တဲ့စိတ်ကို
ကြိတ်မှိတ်ခံစား (ရင်မှာ)လျှို့ဝှက်ထား၏။
###“မ”ရဲ့အနား ဝေးကွာသွားမှ
ချစ်စိတ်ပေါက်ဖွား နှလုံးသားငယ်
ရင်ဝယ်ပိုက်ကာ “မ”အလာကို
အွန်လိုင်းပေါ်မှာ စောင့်မျှော်ရှာ၏။
###“မ”အပေါ်ထားသော ခံစားချက်များ
များပြားလွန်းတဲ့ ကိုယ့်ရဲ့အချစ်ကို
“မ”နှလုံးသား ခံစားတတ်ရင်
တွေးထင်ရုံနှင့် သိမြင်နိုင်၏။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်