www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

ချစ်သူအတွက်(၆)

နင်ပြန်မလာတော့တဲ့ 
ငါ့ရင်ခွင်ဟောင်းတနေရာမှာ
ဘယ်သူ့ ကိုမှ အစားထိုးလို့ မရခဲ့ ပါဘူး
ငါ့နှလုံးသားတခါးကို သော့ပိတ်
တိတ်တိတ်လေး အိပ်နေခဲ့ တယ်………..။
ငါ့ရင်ခုန်သံက တစ်နှစ်ကိုတခါခုန်တယ်
တခါခုန်တိုင်း ခက်ထားတဲ့ သော့ချက်တွေပျက်စီးကုန်တယ်
နင်အဖြေပေးခဲ့ တဲ့  နေ့လေးရောက်တိုင်း
နှစ်တိုင်းတစ်နှစ်တခါခုန်ခဲ့ တယ်
တချို့ နှစ်တွေဆို ငါ့ရင်ခုန်သံက
ငါ့အသက်ကို တောင်ရန်ရှာစေခဲ့ တယ်
အဓိကသော့ချက် က နင့်ကိုအပိုင်းပေးထားတော့
နင့်ကလွှဲပြီး ဘယ်သူမှ ငါ့နှ လုံးသားတခါးကို ဖွင်မရခဲ့ ဘူး…………..။
နင့်ကို ဘယ်လောက်ထိချစ်မှာလဲလို့  ပြောမပြချင်ဘူး
ဘယ်လောက်ထိမြတ်နိုးလဲဆိုရင်တော့
ဒီကမ္ဘာမှာငါအမြတ်နိုးဆုံးအရာက
နင်ပါလို့ ပြောပြီးငါ့ရင်ဘက်ထဲက နင့်ကို ပြလိုက်မယ်
ဘယ်လောက်အထိတန်ဖိုးထားလဲမေးခဲ့ တော့
တန်းဖိုးဖြတ်လို့ မရအောင်ကို တန်ဖိုးထားပါတယ်
ဘယ်လောက်အထိပေးဆပ်မလဲမေးရင်တော့
နင်လိုချင်သမျှ ပေးဖို့ အဆင့်သင့်ပါ
ဘယ်အချိန်ထိချစ်နေမှာလဲလို့ မေးဦးမလို့ လား
ငါ့ခန္ဒ္ဒာ မြေကျတဲ့ အထိချစ်နေမှာပါချစ်သူရယ်…………………………။
ဖိုးခွားလေး (ကော့မူးမြို့ )

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်