www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

မာယာ

ကံကြမ္မာကိုမယုံ
နှလုံးသားကိုပုံအပ်မိတော့
မာယာထောင်ချောက်အောက်
ငါရောက်ခဲ့ပြီပေါ့...
မာယာမင်းသမီးရဲ့ 
ပဉ္စလက်ဆန်ဆန်
ကကြိုးတွေအောက်မှာ
အလင်းရောက်ပျောက်
အမှောင်ရောက်ခဲ့ပြီပေါ့....
မာယာဝင်္ကပါအောက်
ရောက်မှန်းမသိ
မျှော်လင့်မိတာက
သူ့ ရဲ့ ကြင်နာမှုကိုပါ..
မာယာကိုမမြင်
ရင်မှာထင်နေတာက
ကိုယ့်ကိုချစ်နေတယ်ပေါ့
မာယာနတ်သမီးကိုယ်ထင်ပြ
နှလုံးသားကိုခါချတော့မှ
သိလိုက်ရတယ်
ခဏတာနားခိုဖြစ်ခဲ့တယ်ဆိုတာကိုပေါ့.................

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်