www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

ချစ်သူအတွက်(၂)

လောကကြီးရဲ့မျက်နှာပေးခံရသူမဖြစ်ချင်ပါ
နွေးထွေးတဲ့မင်းချစ်ချင်းတွေကိုသာ
တပ်မက်စွာငါရူးသွပ်တယ်
တန်ခိုးအာဏာစည်းစိမ်တွေမလိုချင်
ကြည်လင်တဲ့မင်းမျက်ဝန်းလေးပဲ
အမြဲတမ်းငေးခွင့်ရချင်တယ်
ကမာကျော်သူရဲကောင်းငါမဖြစ်ချင်
မင်းလက်ဝါးလေးကိုသာ မလွတ်တမ်းဆုပ်ကိုင်ခွင့်ရမယ့်
သာမန်အညတရလေးပဲငါဖြစ်ချင်တယ်
ဘယ်သူအကြင်နာမှမတပ်မက်ချင်
မင်းရင်ခွင်မှာမှေးစက်ခွင့်လေးသာ
ငါလိုချင်တယ်မျှော်လင့်တယ်
ဘ၀မှာဘာကိုမှမမက်မောပါ
မင်းနဲ့ငါရဲ့တွဲလက်တစ်စုံ
ထာ၀၇ခိုင်မြဲဖို့အရေးငါအတွက်တော့
မဟာအခွင့်အရေးပါပဲ
ချစ်သူရယ်

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်