၂၂ နှစ်ထဲရောက်ခဲ့ပြီ
ခံစားရတာတွေက
လမ်းမထက်
မြစ်တွေအတိုင်း
သမုဒ္ဒရာထဲက
ရေစက်များလို
ယုံကြည်ခဲ့မိ
အပြာရောင်ငှက်တကောင်နဲ့
မီးတောင်တွေ
ငြိမ်းသတ်ခဲ့ရ။
လှိုင်းပုတ်……လေပုတ်
မုန်တိုင်းအလင်္ကာထဲ
ကူးခတ်ရင်း
မိုးကြိုးတံတိုင်းတွေကို
ကာရံညှိကာ
မွေးရာပါ
သံဓိဋ္ဌာန်နဲ့
ငရဲဆူးတောထဲက…..
ပန်းတပွင့်
အဲ့ဒါ ……
ဗေဒါပန်း။










0 comments:
Post a Comment