www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

မရည်ရွယ်ဘူး

မင်းကိုငါ စိတ်စွဲလွန်းတာမှန်ပေမယ့်
ငါ့စကားလုံးတိုင်းက မင်းကိုမရည်စူးခဲ့ပါဘူး။
အခြေအနေတူခဲ့လို့ ဆင်တူယိုးမှားခံစားချက်ဖြစ်ချိန်
ငါ့စကားလုံးတွေက မင်းစိတ်ကိုနာကျင်စေလိမ့်မယ်။
ငါ့ကဗျာတွေက မင်းအနာကိုဆွကောင်းဆွမယ်။
ငါကိုယ်တိုင်နာကျင်လို့ ဖိတ်ကျလာတဲ့စကားလုံးတွေဟာ
မင်းနှလုံးသားကို ဖိတ်စင်ခဲ့မယ်ဆိုရင်တော့
ချစ်သူရယ်…………
မင်းနာကျင်ဖို့ ငါတကယ်မရည်ရွယ်ခဲ့ပါဘူး။
ဇူဇူးစံ

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်