www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

ကဗျာတစ်ပုဒ်ရဲ့ ရာဇ၀င်


ဆိတ်ငြိမ်တဲ့ချစ်ခြင်းအသံများနဲ့
ငြင်သာစွာစီးဆင်းနေတဲ့
ငါ့ခံစားချက် စမ်းချောင်းလေး
အနာဂါတ်ကိုပုံဖော်ရင်း
ပန်ချီကားလေးတစ်ချပ်ဆွဲဖို့
ကြည်နူးခြင်းတစ်ချို့ က
စုတ်တံကိုင်နေကြတုန်းလေ……
ဘယ်လိုမှကိုမျော်လင့်မထားခဲ့ဘူး
တကယ်ကိုပါ…………
ရုတ်တရက်ကြီး ၀င်ပြီးမွှေနှောက်သွားခဲ့တာ
မင်းစကားလုံးတွေ……….
ပြင်းထန်လွန်းတယ်ကွာ…
နည်းနည်းလေးတောင် ပြင်ဆင်ချိန်မရခဲ့ဘူး
အလဲလဲ အပြိုပြိုပဲ……
မင်းအောင်ပွဲခံနေချိန်
ငါ့ရင်ထဲမှာဗြောင်းဆန်နေပြီကွ
ချစ်သူရ………….
ဇောက်နက်နက်ကိုစီးကျသွားတဲ့
ကြေကွဲမှုတွေရဲ အော်ဟစ်သံတွေက
ငါ့ရင်တွင်းနံရံမှာ ပဲ့တင်ထပ်နေကြတုန်း
နှလုံးသားမျက်နှာကျက်ကို
ဖောက်ထွက်နေကြတဲ့
သတိရခြင်း တမ်းတခြင်းတွေက
လွန်းတွေ လွှတွေဆွဲနေကြပြီ
ရင်အတွင်းဆုံးထိ
တစ်စတစ်စတိုးဝင်နေတဲ့
နာကြည်းမှုအပိုင်းအစတွေကို ပုံပြောင်းဖို့
ဖြူစင်မှုကို သက်သေလိုက်ဖော်နေတဲ့
ငါ့သစ္စာတရားက
နာကျင်မှုတွေကို ထိုးပိတ်သိပ်ပြီး
စကားလုံးတွေအဖြစ် ပုံဖော်နေလေရဲ့ 
ငါ့ချစ်ခြင်းကတော့
ရင်ခွင်ရဲ့ အတွင်းဆုံးကနေ
တစ်စတစ်စ ဆွဲထုတ်နေတယ်လေ…….
အဲဒါ..မင်းဖတ်နေတဲ့ ကဗျာပဲပေါ့…………

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်