www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

ချစ်သူအတွက်(၈)

နင်နဲ့ ငါကြား
စကားလုံးတွေဆင့်ပွား မှားခဲ့ရတဲ့အတွက်
တစ်ကြိမ်တစ်ခါ မက အကြိမ်ကြိမ်အခါခါ
ငါတောင်းပန်ချင်တယ် …….
နင်မချစ်တဲ့ ငါ
နင့်ကိုမှအချစ်ဆုံး ငါ
နင့်ရဲ့ …
ဥပက္ခာဆိုတဲ့ အမုန်းကြားမှာ
ငါလေ ခံနိုင်ရည်တွေ မရှိလို့ ပါ …..
ပြန်လာခဲ့ပါနော်
နင်နဲ့ ငါ
အရင်လိုစကားလေးတွေကြား
ငါလေမမှားရအောင် ပြင်ပါ့မယ် ……
နင်ရှိမှနေပျော်တဲ့ ငါ့ဘဝ
အရင်လို မခင်ချင်တော့ရင်တောင်
ဧည့်သည်အဖြစ်နဲ့ 
နင်ခဏလေးဖြစ်ဖြစ်
ပြန်လာခဲ့ပေးပါလား
နင် ငါ့ကို ကျောမခိုင်းလိုက်ပါနဲ့ နော်…..

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်