www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

တစ်ထောင့်တစ်ည ယုံတမ်းစကား

ရေမြေခြားမသွားခင် ပေးခဲ့တဲ့ကတိတွေက
ခုအချိန် ပြန်တွေးကြည့်မှ ယုံတမ်းပုံပြင်တွေ ဖြစ်နေတယ်
လူချင်းမတွေ့ရတော့ပေမယ့်
ဖုန်းအဆက်အသွယ် ပြတ်မှာမှ မဟုတ်တာဆို
နေ့တိုင်းစာအဆက်အသွယ် ရှိကြဦးမယ်ဆို
သိပ်မကြာခင်မှာပဲ
ဖုန်းဆက်ဖို့ အချိန် နင်မပေးနိုင်ခဲ့ပါဘူး
ငါပို့တဲ့စာတွေတောင် နင်မပြန်နိုင်ခဲ့ဘူး
ငါ့သူငယ်ချင်းတွေပြောသလို
နင့်ရည်မှန်းချက်နဲ့ ငါအလဲအလှယ်ဖြစ်ခဲ့တာလား……..
တစ်ချိန်မှာ အရင်လိုပုံစံနဲ့ ငါပြန်တွေ့နိုင်မလား
ငါတွေးမိတိုင်း ရာသီတွေပြောင်း နှစ်တွေဟောင်း
အချိန်တွေ ကြာခဲ့တာပဲ မြင်လာတယ်
ပြန်မလာတော့ဘူးဆိုတဲ့ နင့်ရဲ့အသံ
မစောင့်ခိုင်းတော့တဲ့ နင့်ရဲ့စာတွေ
ဖတ်ရ ကြားရတိုင်း တစ်ချိန်က
လေဆိပ်အပေါက်ဝမှာ ပြောတာတွေက
တစ်ထောင့်တစ်ည ပုံပြင်တွေပါလား………..

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်