www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

ဆန္ဒ နှင့် ဘဝ

ငှက်ကလေး အိုအသင်
ဘယ်ရင်ခွင် ဘယ်မြိုင်နန်း
ပျံသန်းမယ်ပြင်။
မပျံနဲ့ မတားချင်
ငါမနှင် သင်အသိ။
သင်လိုရာ ရပ်စခန်း
ပျံသန်းပါဘိ။
ချောင်းကလေး အိုအသင်
ဘယ်ရင်ခွင် ဘယ်ခရီး
စီးမယ်လို့ပြင်
မစီးနဲ့ မတားချင်
ငါမနှင် သင်အသိ။
သင်လိုရာ ရပ်ခရီး
စီးဆင်းပါဘိ။
ငါးကလေး အိုအသင်
ဘယ်ရင်ခွင် ဘယ်မှာမြူး
ကူးမယ်လို့ပြင်။
မကူးနဲ့ မတားချင်
ငါမနှင် သင်အသိ
သူလိုရာ ရေမှာကူး
ဆော့မြူးပါဘိ။
ချစ်မိတ်ဆွေ အသင်တို့
အားကျလို့ စိတ်ကူးဝင်
လွတ်လပ်လိုက်ချင်။
ပျံမယ်လို့ ပြင်
ကြံတိုင်းလျှင် ပျံမဖြစ်
မမြင်သာ တမျှင်ကြိုးရယ်က
ဆတိုး ပတ်ရစ်...။ ။

မောင်နီဝင်း (ပခုက္ကူ)

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်