www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

ကဗျာလေးနဲ့ သစ္စာဆိုမယ်

ဒီည………
မခံနိုင်တဲ့  ဒီအသည်းကိုပဲ
စကားလုံးတွေနဲ့  နင်ဖဲ့ ဖဲ့ ခြွေတယ်
ယဲ့ ယဲ့ လေးကျန်တော့တာတောင်
နောက်ဆုံးပြောလိုက်တဲ့  စကားတခွန်းကို
သဲ့ သဲ့ လေး ကြားလိုက်သေးတယ် ငါနင့်ကိုမချစ်ဘူးတဲ့ ……….။
ဒီည..
ဒီစိတ်နဲ့  အိပ်မရတာခဏခဏပါပဲ
သန်းခေါင်ထက်ညဥ့်မနက်တော့ပါဘူး
အခုကြည့်လေ ဒီကဗျာကို ရေးနေတာ ည ၁၂ နာရီကျော်နေပြီ
အားလုံးအိပ်နေချိန်မှာ လွမ်းတဲ့ စိတ်လေးတရေးနိုးလာတယ်
ပြီးတော့ ဒီကဗျာလေးကို ရေးဖြစ်တယ်
ငါ့စိတ်တွေလေ လွင့် နေတာမဟုတ်ဘူးနော် နင့်ဆီကိုရောက်နေတာ………..။
ဒီည…..
ဒီကဗျာလေးသာ နင်ဖတ်ဖြစ်မယ်ဆိုရင်
ငါ့အိပ်ပျက်ညတွေက မပြောပလောက်ဘူး
တစ်လောကလုံးမှာ တစ်ယောက်သောသူကို ရည်ရွယ်တယ်
နောက်တစ်ယောက်ဆက်ချစ်မရတဲ့ အတွက်
ဒီညမှာဒီကဗျာလေးနဲ့ ပဲသစ္စာဆိုလိုက်တယ်
ငါနင့်ကိုအရမ်းချစ်ခဲ့ တယ်ကောင်မလေးရယ်………………..။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်