www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

မုန်းလို့ ရပီ


အနေဝေးတော့
ကလေးအမေတွေတောင်သွေးအေးကြသတဲ့ 
နင်သွေးအေးသွားတာလည်း မထူးဆန်းတော့ပါဘူး
ယုံလို့ မရတဲ့ သူတွေထဲ နင်ကအရှေ့ ဆုံးကဆိုတာငါအစကမသိခဲ့ ဘူး
ငါကလည်းတကယ်ကိုအကန်းကောင် နင်ပြောတာအကုန်ယုံခဲ့ တယ်………။
ချစ်တယ်ဆိုတဲ့  ရထဲကမပါတဲ့ 
စကားလုံးတွေနဲ့ နင်နုတ်ဖျားကအကြိမ်၁၀၀ မကပြောခဲ့ တယ်
ငါနင့်ကို ချစ်တယ်လို့ တခွန်းပဲပြောခဲ့ ဖူးတယ်
တသက်လုံးအတွက် အဲဒီတခွန်းတည်းနဲ ပဲနင့်ကိုငါချစ်ပြခဲ့ တယ်……………။
လွမ်းလို့ မျက်ရည်ကျတာတောင်
ယောင်္ကျားမပီဘူး ပြောချင်ပြောလေ
နင်အသည်းမာပေမယ့် ငါ့အသည်းမမာနိုင်ဘူး
အသုံးမကျတဲ့ ငါ့နှလုံးသားက
နင်တယောက်တည်းကိုမှချစ်မိတယ်
နှလုံးသားမလှတဲ့  နင့်ကို ငါအရှုံးပေးပြီးချစ်ခဲ့ တယ်
နင်ငါ့လိုမခံစားရပါစေနဲ့  နေမြင့်လေအရူးရင်လေ လည်း မဖြစ်ပါစေနဲ့ 
ဒီကဗျာကို နင်ဖတ်ပြီးရင်တော့ ငါ့ကိုမုန်းလို့ ရပြီ……………..။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်