www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

အလွမ်းဝင်္ကပါ

ချစ်သူရေ........
အချိန်တွေကုန်နေပေမယ့်
ရင်ခုန်နေဆဲပါ
နှလုံးသားထဲက
မင်းရဲ့ ပုံရိပ်
ရုတ်တရက်ပိတ်ပစ်ရအောင်
ချစ်ခဲ့ကြတာ
ခဏတာမှမဟုတ်တာ
ရင်ထဲကချစ်ခြင်းတရားတွေကို
အမြင်မှားနေတာလား
ရင်မှာခါးသွားတာလား
ရေစက်မပါ
ကံကြမ္မာကြောင့်လို့ ဖြေသိမ့်ပေမယ့်
အလွမ်းဆိုတာ
ဖြေတိုင်းမပြေတော့
ငါဘယ်လိုလုပ်ရမလဲ
အလွမ်းဝင်္ကပါထဲမှာ
ပိတ်မိနေတဲ့ငါ့ဘဝ
ဘယ်တော့များမှ
ထွက်ပေါက်တွေ့ မှာလဲ..............

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်