www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

မာနပြိုင်ပွဲ

မင်းကငါ့ကို
အစိမ်းရောင်
နှလုံးသားတစ်စုံနဲ့ 
အသည်းမာပြတာပေါ့..
အတိတ်က
အနမ်းတွေကိုတမ်းတရင်း
အနာဂတ်မှာအလွမ်းတွေနဲ့ 
ခရီးဆက်ဖို့ စိတ်ကူးမရှိဘူး..
တိုက်ဆိုင်မှုရှိလို့ 
သတိရတမ်းတမိရင်
ခံစားလွယ်တဲ့နှလုံးသား
ရင်ထဲမှာမထားပဲ
ခွဲထုတ်ပစ်မယ်
မင်းရဲ့ မာယာကြိုးဝိုင်းထဲမှာ
အလဲထိုးခံရအောင်
ငါလက်ရည်မညံ့သေးဘူး.........
မာနချင်းရင်ဆိုင်
ပဝါမကူရေမရှုကြေး
ယှဉ်ပြိုင်မယ်ဆိုရင်
အလံဖြူစပြတာ
ငါ့ဘက်ကမဖြစ်စေရဘူး.............

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်