www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

ထရိုဂျန်မြင်းရုပ်များအတွင်း တည်းခိုနိုင်သည့် ကမ္ဘာ့အံ့ဖွယ်ဟိုတယ် ဘယ်လ်ဂျီယံ၌ ဖွင့်လှစ်



ရှေးခေတ်သမိုင်းတွင် အီလီးယက် ကဗျာကြောင့် ထင်ရှားခဲ့သည့် ထရိုဂျန်မြင်းရုပ်ပုံစံ     ဟိုတယ်အိပ်ခန်းများအတွင်း ရေသူမအရုပ်များနှင့်အတူ သဘာဝရှုခင်း ရသများကို ထိတွေ့ခံစားနိုင်မည့် ကမ္ဘာ့အံ့ဖွယ် ဟိုတယ်တစ်ခုကို ဘယ်လ်ဂျီယံနိုင်ငံ ဒါဘွိုင်းမြို့တွင် ဖွင့်လှစ်ထားခဲ့ကြောင်း သတင်းများအရသိရသည်။ လာဗယ်လာဒီဒယ်ဂျီနိုမက်စ် အမည်ရှိသော ဟိုတယ်အိပ်ခန်းများ၏ နံရံတွင်လကမ္ဘာပေါ်သို့ အာကာသယာဉ်ပျံနှင့် သွားရောက်သကဲ့သို့ ခံစားနိုင်မည့် ရှုခင်းနံရံပန်းချီများ ရေးဆွဲပေးထားသည်။ ထို့ပြင်စမ်းချောင်းကလေးများ စီးဆင်းနေပြီး ရွှေငါးကလေးများကိုလည်း ထည့်သွင်း မွေးမြူပေးထားသည်။ ဟိုတယ်ဝင်းအတွင်းရှိ ရေကန်အတွင်း ရွက်လှေများအနီး ရေသူမရုပ်ထုများ ထုလုပ်ကာ အလှဆင်ပေးထားသည်။ ယင်းဟိုတယ်ကို ဗိသုကာပညာရှင်လည်းဖြစ် သန်ြးွကယ်သူဌေးဖြစ်သော ဒိုမီနီကျု့စ်နိုရယ်ဆိုသူက ကိုယ်တိုင်ဒီဇိုင်း ရေးဆွဲဆောက်လုပ်ထားပြီး ခေတ်မီဟိုတယ်များတွင် တည်းခိုရန် ငြီးငွေ့သော ကမ္ဘာလှည့်ခရီးသွားများအတွက် ရိုးရှင်းသော လူနေမှုပုံစံ ဖော်ဆောင်ပေးထားသည်။


by swesonemedia

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်

Error loading feed.