ပြင်သစ်စတန့်သမား
တစ်ဦးသည် ဖေဖော်ဝါရီလ ၁၈ရက်နေ့တွင် ထောင်ပေါင်းများစွာသော ပရိသတ်များရှေ့၌
ကားကိုအရှိန်ဖြင့် မောင်းနှင်ပြီး ၇၅ပေအမြင့်ရှိ လေထဲတွင် ၃၆၀ဒီဂရီ
တစ်ပတ်လည်အောင် ကျွမ်းထိုးပြခဲ့ပြီး ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် လေထဲ၌
ကားကိုတစ်ပတ်လည်အောင် ကျွမ်းထိုးပြနိုင်သူ ဖြစ်လာခဲ့သည်။ ပြင်သစ်စတန့်သမား
ဂူလီယန်ချစ်ချားရပ်သည် ထိုသို့စတန့်ပြနိုင်ရန်အတွက် လေးနှစ်ကြာ
လေ့ကျင့်ခဲ့ရသည်။ ထိုသို့စတန့်ပြရာတွင် ချစ်ချားရပ်သည်ကားကို
အရှိန်ဖြင့်မောင်းနှင်ပြီး လျှောစောက်အလွန်တွင် တစ်နာရီ ၃၇မိုင်နှုန်းဖြင့်
စက္ကန့်၂၀ကြာ ကျွမ်းထိုးပြခဲ့ပြီး တစ်ဖက်ကျောက်တောင်
အစွန်းပေါ်သို့အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့သည်။
ထောင်ပေါင်းများစွာသော ပရိသတ်များရှေ့မှောက်၌ ဖျော်ဖြေတင်ဆက်မှုများ
မပြုလုပ်မီ အကြိမ်ပေါင်း ရာထောင်ချီ လေ့ကျင့်ခဲ့ရကြောင်း ချီချာရပ်က
စတန့်ပြသမှုအပြီးတွင် ပရိသတ်များအား အားရ၀မ်းသာ ပြောကြားသွားခဲ့သည်။
0 comments:
Post a Comment