www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

ကမ္ဘာ့အကြီးဆုံး ကင်းမွန်ငါး ဂျပန် အိုကာဆာဝါရာကျွန်း အနီးတွေ့ရှိ



 ၁၀ပေခန့် ရှည်လျားသည့် ကမ္ဘာ့အကြီးဆုံး ကင်းမွန်ငါးကြီးကို ဂျပန်နိုင်ငံ တောင်ပိုင်းမှ ၆၂၂မိုင် ကွာဝေးသော ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အိုကာဆာဝါရာ ကျွန်းအနီး၌  ဖမ်းဆီးရမိခဲ့ကြောင်း သိပ္ပံပညာရှင်များက ဂျပန်ပြည်တွင်း သတင်းတစ်ရပ်တွင် ပြောကြားသွားခဲ့သည်။ ကြီးမားသော အနက်ရောင် မျက်လုံးနှင့် ၁၀ပေခန့် ရှည်လျားသော ကင်းမွန်ငါးသည် ပင်လယ် ရေမျက်နှာပြင်အောက် ၂၉၅၃ပေ အောက်၌ ကျင်လည် ကျက်စားလေ့ရှိပြီး ၎င်းကင်းမွန်ငါးကို ဖမ်းဆီးရမိရန် ဂျပန်သိပ္ပံပညာရှင်များက ရေငုပ် သင်္ဘောငယ်များနှင့် အကြိမ်တစ်ရာကျော် (နာရီပေါင်း ၄၀၀ကျော်) ကြိုးစား ဖမ်းယူခဲ့ကြောင်း သိရသည်။ ၁၈ရာစုခန့်က ကြီးမားသော ကင်းမွန်ငါးကြီး တစ်ကောင်ကြောင့် နော်ဝေသင်္ဘော နစ်မြုပ်ခဲ့ရသည့် ဖြစ်ရပ်မှာ ဒဏ္ဍာရီသဖွယ်ဖြစ်ခဲ့ပြီး နှောင်းခေတ် သိပ္ပံပညာရှင်များက ကြီးမားသော ကင်းမွန်ငါးများကို ဖမ်းဆီးရမိရန် ကြိုးပမ်းခဲ့ကြသော်လည်း အောင်မြင်ခဲ့ခြင်းမရှိဘဲ ယခုတစ်ကြိမ် ဖမ်းဆီးရမိသည့် ကင်းမွန်ငါးသည် အကြီးဆုံးဖြစ်သည်ဟု ယူဆရကြောင်း ဂျပန်အဏ္ဏ၀ါဗေဒ သိပ္ပံပညာရှင် တာဆူနီမီကူဘိုဒီရာက အမေရိကန် Discoery Channelတွင် ထုတ်ဖော် ပြောကြားသွားခဲ့သည်။


by swesonemedia

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်