www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

တစ္ဆေသူငယ်ချင်း

တစ္ဆေသူငယ်ချင်း ဤ၀တ္ထုသည်.. ဖြစ်ရပ်မှန် ၀တ္ထုဖြစ်သည် ၁။ တစ်နေ့ မှာ.... ကောင်မလေး တစ်ယောက် နံမည်က မာရီယာ ထားပါတော့။သူမတွင်ညီမ တစ်ယောက်ရှိသည်။ သူမက တစ်နေ့ မှာ ခရီးသွားမလို့ ပြင်နေတုန်း သူမ အမေက “သမီးရေ....နောက်ကျနေပြီ မြန်မြန်လုပ်”ဟု စိုးရိမ်စွာပြောသည် ။ အကြောင်းမှာ သူတို့ နေသောမြို့ သည် “ဂလင်စာ”မြို့ ထားပါတော့ ထိုမြို့ တွင် သချိုင်းကုန်း တစ်ခုရှိသည် ဖြတ်လမ်းမှသွားလျှင် ထိုသချိုင်းကုတ်းကို အလွယ် ရောက်နိုင်သည်.................. မာရီယာက “ဟုတ်မေမေ..အချိန်မရှိတော့ဘူး.ဖြတ်လမ်းကနေဘဲသွားတော့မယ်နော်” “အင်း..သမီးရေ....သတိထားနော်..သမီး..ခရီးလမ်း အဆင်ပြေပါစေနော်”မာရီယာ၏ အမေက ဆိုပြီးလျှင်မာရီယာ မြန်မြန်သွားလေသည်.............လမ်းတွင် သချိုင်းကုန်းကိုဖြတ်ရသည် ထိုစဉ် အနောက်မှ ခြေသံကို မာရီယာ ကြားလိုက်ရသည် သူက အနောက်လှည့်ကြည့်လိုက်သော် မည်သူမှမရှိ................ နောက်တွင် ဘေးမှ လူတစ်ယောက် သူမဆီလှမ်းလာသည်....မာရီယာ ကတွေ့ သည် “hi...” ဟုပြောသည် မာရီယာ ကလည်း ဟိုင်း ပေါ့ နောက် သူမ ကမေးတယ် “နံမည်ဘယ်လိုခေါ်လဲ”တဲ့..မာရီယာ ကလည်းပြောပြလိုက်တယ် “မာရီယာပါ...”..သူမက ပြန်ပြောတယ် “ကျွန်မက ရိုစာ ပါ” တဲ့မာရီယာ စိတ်ထဲမှာ နည်းနည်း ထူးဆန်းသွားတယ်.......... ဒါပေမဲ့ မဟုတ်ပါဘူးလေ လို့ ဘဲထင်လိုက်တယ် “တွေ့ ရတာ ၀မ်းသာကြောငိး မာရီယာ ကပြောလိုက်တယ်။နောက်တော့ မာရီယာက ရိုစာ ဆိုသူအားပြန်ပြောလိုက်တယ် “ကျွန်မ ခရီးသွားစရာရှိလို့ သွားလိုက်ပါဦးမယ် လို့ သူပြောလိုက်တယ် ရိုစာ ကပြန်ပြော လိုက်တယ် “ဘယ်ကိုသွားမှာလဲဟင်” “လင်မာ” ပြည်နယ် လို့ ပြောလိုက်တယ်...ဒီလိုပြောလိုက်တာနဲ့ ရိုစာ ဆိုသူက “ကျွန်မ လည်းသွားမလို့ တူတူသွားကြတာပေါ့ လို့ ပြောလိုက်ပါတယ် ၂။ သူတို့ နှစ်ယောက် တစ်ခရီး တည်းအတူ သွားကြတယ် ကြာတော့ သံယောဇဉ်တွယ်လာတာပေါ့ နောက်တော့ သူတို့ တွေဟာ သူငယ်ချင်းဖြစ်သွားကြတယ်............ “သူငယ်ချင်း မာရီ ရေ........ ဟုပင် ပျော်ပျော် နေကြသည် နေရာများ တစ်နေရာပြီးတစ်နေရာ သွားလည်ကြသည် သူတို့ လည်း ပီတိဖြစ်နေကြသည်............... နောက် တစ်လ လောက်ကြာတော့ ရိုစာက မာရီ ရဲ့ လက်ကို ကိုင်လိုက်တယ် လက် က အေးစက်နေတယ်....... “မာရီ ရေ“တဲ့ ဆိုပြီး စကားစလိုက်တယ် နောက်တော့ ရိုစာက ပြောလိုက်ပြန်တယ် “ငါပြန်ရတော့မယ်တဲ့..နင်ဒီမှာ ဘယ်လောက်ကြာကြာနေမှာလဲ” တဲ့ အဲဒီလိုမေးလိုက်တယ်လေ ရိုစာရေ..ဆိုပြီး မာရီယာ ကလည်းစကားစ လိုက်ပြန်တယ် “ရိုစာရေ...ငါဒီမှာ သုံးလလောက်နေဦးမှာ” အဲလိုပြောလိုက်တော့ ရိုစာ တော်တော် စိတ်ညစ်သွားပုံပင် “ဒါဆို ငါတို့  ၃ လတောင်ခွဲရမှာပေါ့” ဆိုပြီး ရိုစာက ပြောလိုက်တယ် “အင်း.....ဟုတ်တယ်...၀မ်းနည်းစရာဘဲ” ဟုမာရီယာ ကပြောလိုက်တယ်။ နောက်တော့ ရိုစာက ပြောလိုက်တယ် “ငါတို့ တစ်နေ့ တွေ့ မှာပါ” လို့ ပြောတယ် ဒါနဲ့ မာရီယာ ကမျက်နှာကြီး ရွှင်သွားပြီး “ဘယ်နေ့ တွေလဲဟင်...ငါနင့်ကို အမြဲတွေ့ ချင်တယ်”ဟုဆိုသည် “မကြာခင် ငါတို့ တွေ့ မှာ......“ ဟုသာပြောပြီးလျှင် “သူငယ်ချင်း မာရီ ငါသွားပြီ..ဟုပြောလိုက်သည် မာရီကလည်း နှုတ်ဆက်စကားပြောပြီး ရိုစာ ထွက်သွားလေပြီ........ မာရီ့ အဖို့ အထီးကျန်သော အချိန်ကြီး သာရှိခဲ့လေပြီ “ပထမလ ၀ယ်” မာရီသည်....သူမ ၏ ငယ်သူငယ်ချင်းတစ်ယောက်နှင့်ဆုံမိသည်။နံမည်က မွန်နီကာ။ မာရီက သူမအား “မွန်”ဟု အတိုကောက်ခေါ်သည်။ မွန်က ပြောသည် “မာရီ ရေ..နင့်မျက်နှာ ဘာဖြစ်နေတာလဲဟင်..နေမကောင်းဘူးလား ”ဟုပြောသည် မာရီက ကခင်ကဖြစ်ခဲ့သောအကြောင်းအရာ အားလုံးကိုရင်ဖွင့်ပြောလိုက်သည် “မွန်..ရယ်..ဒါကြောင့်.... “မာရီ ရယ်..သူကို တစ်နေ့ တွေ့ ရမှာဘဲဟာကို..စိတ်မကောင်းမဖြစ်ပါနဲ့ “ ဟုဆိုကာ နှစ်သိမ့်ပေးရသည် ၃။ ရက်ပေါင်းများကြာခဲ့ပြီ...ဒုတိယ လသို့ ရောက်ချိန်တွင် မာရီသည် “ကင်ဒါ” ပြည်နယ်တွင်ရောက်ရှိနေသည် သူက လူနှစ်ယောက်နှင့် မိတ်ဖွဲ့  လိုက်သည် နီတာ နှင့် ဆိုနာ သူတို့ မှာ သဘောကောင်းလှသည် တစ်နေ့ တွင် သူတို့ က မာရီ အားပြောသည် “နင်နဲ့  အရမ်းခင်တဲ့ သူငယ်ချင်းနံမည်က ဘယ်လိုခေါ်လဲ ”ဟု ဆိုနာ ကပြောလိုက်သည် “ရိုစာ” ဟုမာရီက ပြောလိုက်သည်နှင့်... “အင်...ရိုစာ ဆိုတာ..ငါ..ငါ သိတယ်” “ဟုတ်လို့ လား..နံမည် တူနေတာ မဖြစ်နိုင်ဘူးလား” “ဒါဆို ငါပြောပြမယ်..သူက ဆံပင်က ဂုတ်လောက်၊ အသားက ဖြူဖြူ ၊အမြဲတမ်း အကျီ အဖြူဝတ်တတ်တယ်၊နောက်တော့ အမြဲယောင် တတ်တယ်..ဟုတ်တယ်မလား” “ဟုတ်တယ်....နင်....နင် နဲ့ သိတယ်ဟုတ်လား” “အေး....နင်တော့ ဒုက္ခပါပဲ...သူက သေသွားပြီ” “ဟင်...မဖြစ်နိုင်တာ....ဟုတ်..ဟုတ်လို့ လား.သူက မသေပါဘူး..ငါနဲ့  ၁ လကြီးများတောင် အချိန်ဖြုန်းလိုက်သေးတယ်” “ဟင်!...သူက သေသွားတာ...၃ နှစ်...၃ နှစ်ရှိပြီ” “နံမည်က ရိုစာ လေ ဆိုနာ ရဲ့ ..နင်များ မှားနေမလားဟင်” “ငါမမှားဘူး..ဟုငြင်းသည် ထိုသို့ ကြားလိုက်သည် နှငိ့ မာရီယာ မယုံနိုင်အောင်ဖြစ်သွားသည်...... “ဆိုနာ ရယ်..သေချာ စဉ်းစားပါဦး..ဟုတ်လို့ လား” “ဟုတ်တယ်....ပြန်ပြောပြရမလား..” “တော်ပါပြီ..ဒါဆို ငါ့သူငယ်ချင်းက သရဲ ပေါ့...မဖြစ်နိုင်ဘူး” “တကယ်ပြောတာ..မယုံမရှိနဲ့ ..ငါဘယ်တော့မှမလိမ်ဘူး..ငါနင်တို့ ကို ရန်လည်းမတိုက်ပေးဘူး” “ငါက သရဲ နဲ့ သူငယ်ချင်းပေါ့..ဒါပေမဲ့..ငါသူ့ ကို သံယောဇဉ် မပျက်နိုင်သေးဘူး” “ငါလည်းမသိတော့ဘူး...ငါ အလုပ်ရှိလို့ ပြန်ပြီ ” ဟု ဆိုနာ ကပြောလိုက်ပြီး ပြန်သွားသည် မာရီယာက သူမ၏ စိတ်ထဲတွင် ရိုစာ သေပြီးသားလူ မဟုတ်ဘူး ဟုသာ မှတ်လိုက်သည် ၄။ နောက်ဆုံးလ မာရီယာက အခု လေယာဉ်ပျံပေါ်ရောက်နေပြီ။“လင်မာ” ပြည်နယ်ကို ပြန်သွားရန်ဖြစ်သည် လင်မာ ပြည်သို့ ရောက်သော် မာရီယာ သူမ တည်းခို ခဲ့သော အခန်းသို့ ပြန်သွားလေသည်။ ထိုစဉ်..သူမတွေ့ လိုက်ရသည် “ရိုစာ” ပြန်လာပြီ............. သူမ အရမ်းပျော်သွားသည်..သူမ ရိုစာ့ ကိုမေးတော့ မည် “ရိုစာ” ကပြောလိုက်သညိ “ငါပြန်လာပြီနော်..ငါပြောတဲ့အတိုင်း” မာရီယာက ပြောသည် “နင်က....သေပြီးသားလူ မလား..ငါ့ကို မှန်မှန်ပြောပါ” “နင်...ဘယ်လိုလုပ်သိလဲ...မာရီယာ” “ငါ့ကို သူငယ်ချင်းတစ်ယောက်ပြောပြတာ” ပြောပြော ဆိုဆို ရိုစာက စကားပြောလိုက်သညိ “အမှန်တကယ်....ငါပြောပြမယ်..ငါတို့ နှစ်ယောက်က အတိတ် ဘ၀က အခင်ဆုံးသူငယ်ချင်းတွေပါ” “ဟုတ်လို့ လား..ငါမ ယုံဘူး” “ဒါပေမဲ့..အခု ငါသွားရတော့မယ်....ငါတို့ တွေ တစ်ခေါက် ပြန်တွေ့ ကြမှာပါ မာရီ..နင် ငါ့ကို ခင်တယ်မလား ” “ငါနင့်ကို..ခင်ပါတယ်...အရမ်းခင်တယ်” ငါ သွားတော့မယ်....ငါတို့ ပြန်တွေ့ ကြမှာပါ..ငါ ကတိပေးတယ်” ဟုဆိုကာ ပျောက်ကွယ်သွားသည်။ မာရီယာ ကျေနပ် သွားပုံရသည်....သူလည်း အလွန်ပျော်မိသည်..ရိုစာ မည်သည့်ဘ၀ နှင့် သူမ ဆီလာမည်နည်း။ ၅။ နောက်ဆုံးပိုင်း “လေယာဉ်ပျံကြီး ထွက်ခွာလေပြီ။ မာရီသည်...သူမ၏ အိမ်သို့ ပြန်ရတော့မည်ဖြစ်သည် သူက လည်း ရိုစာ ကိုမျှော်နေသည် သူမ အိမ်သို့ ရောက်သော အခါ “မေမေ သမီးပြန်လာပြီနော်...ဟု သူမ ၏ အမေ ကို ပြောလိုက်သည် သူမ အမေ က “သမီးရေ....အဆင်ပြေရဲ့ လား..သမီးညီမလေး ကိုလည်း နှုတ်ဆက်လိုက်ပါဦးနော် “ဟုတ်..သူက အိပ်ခန်းထဲမှာနော်” “အေး..သမီး တက်သွားလိုက်” ဟု သူမ အမေက ဆိုပြီးရင် မာရီ တက်သွားသည်.............. “ညီမလေး ရေ..ဟု မာရီ အော်လိုက်သညိ...... မာရီ့ ညီမကပြောသည် “ဟဲ့....ငါလေ...” မာရီယာကြောင် သွားသည် “နင်က..... “ငါ..ရိုစာလေ... “နင်က....ရိုစာ” “ငါနင့်ကိုပြောသားဘဲ...ငါ ပြန်လာပါမယ်ဆို” “နင်...ရိုစာ လား.. တကယ်လား...ငါ အိပ်မက်မက်နေတာ မဟုတ်ပါဘူးနော်” “ငါ..ရိုစာပါ...တကယ်ပြောတာ” “ဘယ်လိုလုပ်နင် ငါ့ညီမဖြစ်နေတာလဲ” “နင့်ညီမက ငါဘဲလေ.. သူက တိုးတိုးပြောလိုက်သည် “ငါ....၀ိညာဉ် ချင်းလဲလိုက်တာ” “ဟင်.....နင် ဒါဆို...... “ငါက....နင်သိမှာပါ.... “ဒါဆို..ငါနဲ့ နင်နဲ့  တူတူနေလို့ ရပီပေါ့” “ဒါပေါ့” ယနေ့ မှစ၍ သူတို့ နှစ်ယောက် ထာဝရ သူငယ်ချင်းများ အဖြစ် ပေါင်းစည်းနိုင်ကြပြီ
 ပြီးပါပြီ။

by mysuboo

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်