နှစ်ပေါင်း
၅၀ကျော်အတွင်းမှာ တစ်ကြိမ်သာ ရေလောင်းရန်လိုသည့် ဖန်ပေါင်းချောင်ထဲက
ပန်းခြံတစ်ခုကို ဒေးဗစ်လက်တီမာ ဆိုသူက လက်တွေ့ သရုပ်ပြနိုင်ခဲ့ပါပြီ။
၁၉၆၀ပြည့်နှစ်က ဒေးဗစ်လက်တီမာဆိုသည့် ဥယျာဉ်မှူးတစ်ဦးသည်
ဖန်ပေါင်းချောင်ထဲတွင် ပန်းခြံအငယ်စားတစ်ခုကို ဖန်တီးခဲ့သည်။ အဆိုပါ
ဖန်ပေါင်းချောင်ထဲက ပန်းခြံကို ပြင်ပလေနှင့် ရေတို့ဖြင့် မထိတွေ့စေဘဲ
ကိုယ်ပိုင်သဘာဝ ဂေဟစနစ်ဖြင့် ကြီးထွားလာရန် စီစဉ်ထားသည်။ ဒေးဗစ်က
သူ့ပန်းခြံငယ်ကို ၁၉၇၂ခုနှစ်တွင် တစ်ကြိမ်သာ ရေလောင်းခဲ့ပြီး
အဆိုပါဖန်ပေါင်းချောင်ကို အလုံပိတ်ထားခဲ့သည်မှာ ယနေ့ထက်တိ တိုင်ပင်ဖြစ်သည်။
သူ့ဖန်ပေါင်းချောင်ထဲမှ ပန်းများသည် ပန်းဥယျာဉ်စတင် ပျိုးထောင်စဉ်ကတည်းက
ပါဝင်ထည့်သွင်းထားသော ရေ၊ လေနှင့် မြေသြဇာတို့ကိုသာ အမှီသဟဲပြုပြီး
ရှင်သန်ကြီးထွားခဲ့သည်။ ဖန်ပေါင်းချောင် ပန်းဥယျာဉ်ထဲမှ အပင်ငယ်များ
အနေဖြင့် အစာချက်လုပ်ရန် အတွက်မူ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုခဲ့ရသည်။
ယင်းသို့ရှင်သန် ကြီးထွားနိုင်ရန် ဖန်ပေါင်းချောင်ဥယျာဉ် နည်းပညာကို
ဒေးဗစ်က စနစ်တကျတီထွင် ကြံဆခဲ့၍ သူ့ဖန်ပေါင်း ချောင်ဥယျာဉ်မှာ ၁၀စုနှစ်
ငါးစုကြာမှ တစ်ကြိမ်သာ ရေလောင်းရန်လိုသည်။
by swesonemedia
0 comments:
Post a Comment