www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

မမြင်အပ်မြင်အပ် ၂ရပ်များစွာ ..

ဒီတခါ ပေတပရိတ်သတ်ကြီးကို သေချာပြောပြခြင်တာကတော့ သံသရာကြီးထဲမှာ ကျင်လည်ကြသရွေ့  အမြဲကြုံနိုင်တွေ့ နိုင်မြင်ရနိုင်တဲ့ ပရလောက ပုဂိုလ်အသီးသီးရဲ့ အကူအညီပေးကြပုံ အနှောက်အယှက်ပေးကြပုံတွေအကြောင်းပါဘဲ
   မမြင်အပ်သောသူများလို့ ဘုရားဟောတွေမှာပါနေကြတဲ့ ၃၁ဘုံသားများထဲက ပြိတာဘုံသားလို့ အကြမ်းအားဖြင့်သတ်မှတ်ခြင်းခံရတဲ့ ပုဂိုလ်တို့ဟာ လောကကြီးထဲမှာ နီးနီးလေးမှာဘဲ ရှိနေကြပါလေရဲ့..
   ၁၉၉၈ ခုနှစ်တုံးက မိတ်ဆွေ ၁ယောက်ရဲ့ အဖြစ်အပျက်ပါ..
   ယခုရဟန်းဘောင်ဝင်သွားတဲ့  မင်းသားကြီးရဲ့အကိုအရင်းဖြစ်သူ ယခင်မင်းသမီးကြီး၁လက်ရဲ့ ခင်ပွန်းဟောင်းဟာ တရားထိုင်တာ ပုတီးစိတ်တာလိုနေ့တဓုဝ ကုသိုလ်ရေးအလုပ်လေးတွေအပြင် ဓါတ်နတ်လောက နာမ်လောကက ပုဂိုလ်များနဲ့လည်း သူတပါးအပေါ် အကူအညီပေးဖို့ ထူးဆန်းစွာ ဆက်သွယ်ပေးနိုင်သူပါ..
   သူနေထိုင်ရာ ရွှေတောင်ကြားလမ်းထဲက အိမ်ကလေးမှာနေ့စဉ် ဗေဒင်လာမေးသူ ယတြာချေသူ ရိုးရာကန်တော့သူများနဲ့ အမြဲတမ်းစည်ကားတတ်ပါရဲ့..
   ကျွန်မတို့ရဲ့ မိတ်ဆွေလင်မယားကတော့ ပျက်စီးယိုယွင်းနေတဲ့ စီးပွားရေးပြသနာအချို့ကို အကူအညီတောင်းဖို့ဆိုပြီး ဘကြီးဦးမြင့်ဟန်(ယခုကွယ်လွန်) စီရောက်သွားကြပါသတဲ့..
   ဗေဒင်မေး ယတြာချေ ကိစ္စ အ၀၀ကို အိတ်စိုက်ပြီးကူညီတတ်ပြီး တပြုံးပြုံးနဲ့ သဘောကောင်းလှတဲ့ ဘကြီးဟာ စီးပွားရေးပြန်လည်အဆင်ပြေစေဖို့ အဆောင်ယတြာအချို့နဲ့ ခြံထဲမှာရုပ်ထုကိုးကွယ်ထားတဲ့ အဘယက္ခ ညီနောင်စီမှာ အကိုတော်အတွက် အသားစိမ်းစားတော်နှင့် ညီတော်အတွက် သစ်သီးသစ်ဖုများသာပါတဲ့ စားတော်ပွဲကို ဆက်စေပါသတဲ့..
   ဆိတ် ၁ကောင်လုံးရဲ့ ပေါင်၁ချောင်းလုံးကို ကြည့်မြင့်တိုင်ညဈေးမှာ ၀ယ်စေပြီးမှ မီးအနည်းငယ်ပြလို့ ဆိတ်ပေါင်အစိမ်းလိုက်ကို အင်ဖက်ခင်းကာ အကိုတော်ယက္ခ ရှေ့မှာချလို့တစ်မျိုး ..သစ်သီးစုံလင်နှင့်တကွ သတ်သတ်လွတ်စားဖွယ်စုံကို ပန်းနှင့် ညီတော် ယက္ခ ရုပ်ထုကြီးရှေ့မှာ ချလို့တဖုံ ငှက်ပျောပွဲ အုန်းပွဲ ကန်တော့ပွဲစုံလင်စွာနဲ့ ဘကြီးပြောတဲ့အတိုင်း တသွေမတိမ်းလိုက်နာဆောင်ရွက်သွားကြတဲ့ လင်မယား၂ယောက်ဟာ အချို့သူများလို အလုံးစုံ ဆုတောင်းပြည့်နိုင်သုများ မဟုတ်ကြဘူးထင်ပါရဲ့..
   ကန်တော့ပွဲကပြန်တဲ့ ည၂နာရီတိတိအချိန်မှာ ချောက်ခြားဖွယ်ရာ ပြသနာစပါတယ်.. ၁၁ လသားလေး ၁ယောက် ၄နှစ်သမီးလေး ၁ယောက်ရှိတဲ့ လင်မယားရဲ့ အိပ်ယာကုတင်ခြေရင်းမှာ စာအုပ်စင်လို အနံ၁ပေ အလျား ၂ပေခွဲ အမြင့် ၃ပေလောက်ရှိတဲ့ စင်ကလေးတစ်ခုရှိပါတယ် ကုတင်ခြေရင်း နံရံနှင့်ကပ်ရပ်ဆိုပါတော့..
   အအိပ်ဆတ်တဲ့ ဇနီးသည် နိုးလာတဲ့ အချိန်ဟာ ခေါင်းရင်းက နာရီသံ တချက်ချက်ကြောင့် မဟုတ်ခဲ့ပါဘူး။ အခန်းရဲ့ဖွဲ့ စည်းပုံလေး အရင်ပြောပြပါရစေ..
  မကျယ်ဝန်းလှတဲ့ အိပ်ခန်းငယ်လေးဟာ ကုတင်၂လုံး အ၀တ်ဘီရိုလေးတချို့နဲ့သာ ဖွဲ့ စည်းထားပါသတဲ့.. နံရံ၁ဖက် ၁ချက်စီကပ်ခင်းထားတဲ့ ရိုးရိုးကုတင်၁လုံးစီပါ..
   ဘယ်ဘက်ခြမ်းကုတင်မှာ သမီးကြီးနဲ့ မိခင်ဖြစ်သူကအိပ်ပြီး ညာဘက်ခြမ်းကုတင်မှာ သားငယ်လေးကို နံရံဘက်ခြမ်းမှာ ထားလို့ ဖခင်ဖြစ်သူက အိပ်ပါတယ်။ မိခင်ဖြစ်တဲ့ မိန်းမငယ်လေး နိုးလာတဲ့အချိန်မှာ မှူံမှူံဝါးဝါး ညအိပ်မီးရောင်ရဲ့အောက်မှာ တစုံတဦးစိုက်ကြည့်နေတယ် ဆိုတဲ့ အသိတမျိုးကို ထူးဆန်းစွာခံစားရပါသတဲ့.. ခံစားချက်က သာမန်ကြည့်နေတာခံရတယ်ဆိုတဲ့ အသိမျိုးမဟုတ်ဘဲ စူးစူးရဲရဲ ကျောထဲစိမ့်ဝင်သွားအောင် ကြောက်စရာကောင်းတဲ့ အကြည့်မျိုးနဲ့ ကြည့်ခြင်းခံရတာပါ.. မျက်လုံးသူငယ်အိမ်ကို ကစားပြီး တခန်းလုံး ဝေ့၀ိုက်ရှာဖွေကြည့်နေမိရာကနေ ခြေရင်းဘက်ကို မျက်လုံးအရောက်မှာ ထိတ်လန့်စရာကောင်းလိုက်ပုံကတော့ ညနေခင်းစားတော်ဆက်တုန်းက ယက္ခရုပ်ကြီး စာအုပ်စင်ပေါ်မှာရောက်နေပါသတဲ့.. ဒူးတစ်ဖက်ကိုပုဆစ်တုပ် ဒူးတစ်ဖက်ကိုထောင်ပြီး ထိုင်နေတဲ့ ယက္ခကြီးဟာ ရုပ်တုတစ်ခုမဟုတ်ဘဲ မျက်လုံးနီနီတောက်တောက်နဲ့ အင်မတန်မှဘဲ ကြောက်စရာကောင်းလို့နေခဲ့တာပါ။ ဘကြီး ဦးမြင့်ဟန် ခေါ်သံ အတိုင်း အဘလို့ခေါ်ပြီး အဘ ဘာလိုခြင်လို့လဲလို့ အိမ်မက်ယောင်ယမ်းနေတဲ့သုလို မေးလိုက်တော့ "ငါမ၀သေးဘူး စားချင်တယ်" တဲ့ "စားချင်တယ် ဘာကိုစားချင်တာလဲ?" ဆိုတော့ ညာဖက်လက်ကို တဖြည်းဖြည်းလှုပ်လာပြီး လက်ညှိုးထိုးပြလိုက်တာ ၁၁လသား  သားငယ်လေးကိုပါတဲ့..
   သူ့ လက်ညှိုးညွှန်ရာကို ခေါင်းကလိုက်ပါကြည့်ရင်း သားလေးစီဖြစ်နေတာကို ကြောက်လန့်တကြား အသိမှာ ၀ုန်းဒုန်းဆိုတဲ့ အသံနဲ့အတူ အိပ်ယာက ဖျတ်ကနဲလန့်နိုးသလို ဖြစ်သွားတဲ့ အချိန်နဲ့အတူ သားလေးနဲ့ သူ့ အဖေတို့ အိပ်နေတဲ့ ရိုးရိုးသစ်သားကုတင်ဟာ သားလေးအိပ်တဲ့ ခေါင်း၇င်းထောင့်က ကုတင်တိုင်ကျိုးသလို ထောင်ပြီး နံရံဘက်ကို နိမ့်ဆင်းသွားတာမို့ နုနုထွေးထွေး ကလေးငယ်ရဲ့ လန့်ဖျတ်ငိုတဲ့ ငိုသံက ကျယ်ကျယ်လောင်လောင် နာနာကျင်ကျင် ထွက်လာပါတယ်။ အဖေက ကုတင်ဘေးမှာခွေခွေလေးပြုတ်ကျနေတဲ့အချိန်မှာ .. နံရံဘက်ကိုစောင်းပြီး ထောင်နေတဲ့ကုတင်ကြားက ကလေးကို ဆွဲထုတ်ပြီး ကလေးအမေလေးဟာ ရှိက်ရှိက်လို့ ငိုရှာပါတယ်.. ဘယ်လိုပုံစံနဲ့ ကုတင်ကျိုးသွားမှန်း မသိတဲ့ ကလေးအဖေကတော့ ဘာမှမသိနိုင်ဘဲ အအိပ်ဆော့လို့ ကုတင်ကျိုးတာလားတောင် မတွေးနိုင်အောင် ဖြစ်ရပါသတဲ့.. အားလုံးကိုမြင်သိလိုက်တဲ့ ကလေးမိခင်ကတော့ သူမပြုမူနေကြအတိုင်း မိသားတစ်စုလုံးရဲ့ ခန္ဒာ ၅ပါး ရုပ်နာမ် ၂ပါးတို့ကို မြတ်စွာဘုရားထံမှာ ရည်စူးအပ်နှံလှုဒါန်းမှုပြုပါသတဲ့..
    ဘယ်လိုမှ ပြန်မအိပ်ရဲတော့ဘဲ ငိုရင်းရှိက်ရင်း အိပ်သွားတဲ့ သားငယ်လေးကို ချီပွေ့ ထားတဲ့ မိခင် မိန်းမငယ်လေးဟာ နောက်နေ့ နံနက်မှာတော့ ဘကြီးဦးမြင့်ဟန်စီ  ဇာတ်စုံခင်းရင်း အကူအညီတောင်းဖို့ကိုတောင် ကြောက်ရွံလွန်းလို့ ထပ်မသွားရဲတော့ပဲ.. သူမခင်ပွန်းကသာ စားတော်ပွဲများထပ်မံဆက်သ လို့ .. မိသားစုကို အနှောက်အယှက်မပေးဖို့ အန္တရာယ်ကင်းအောင်စောင့်ရှောက်ဖို့ သွားတောင်းပန်ရတဲ့ အထိ ဖြစ်ပွားခဲ့တဲ့ မမြင်အပ်ပုဂိုလ်များရဲ့ နှိပ်စက်မှု ဖြစ်ပါတယ်ရှင်... ဒီလင်မယားစုံတွဲလေး မှာဘဲ ..ထပ်မံလို့ ဒီလို ယက္ခဘိုးတော်တစ်ပါးက ကူညီကယ်တင်ခဲ့တဲ့ ဖြစ်ရပ်ကိုတော့ ရှေ့ ဆက်ပြီးရေးပေးပါဦးမယ်..  အက်ဒမင် တီတီ@_@


by facebook page

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်