www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

အီတလီမှ တိုက်သစ်တော

အီတလီနိုင်ငံ၊ မီလန်မြို့ မှာ ကြိုးစားပန်းစားနဲ့ တည်ဆောက်လျက် ရှိတဲ့ သစ်တော ဖြစ်ပါတယ်။

စက်မှုထွန်းကားတဲ့ မြို့ ကြီးပြကြီးမှာ စိမ်းလမ်းတဲ့ သစ်တော တစ်ခု ဖြစ်လာ ဖို့ မြေနေရာ သီးသန့်ရှာမနေတော့ပဲ ၂၇ ထပ်တိုက် နှစ်လုံးနဲ့ သဘာဝ ကျအောင် ဖန်တီးတော့မှာ ဖြစ်ပါတယ်။ ဒီတော့ စုစုပေါင်း အကျယ်အဝန်းက စတုရန်း မီတာ ၁သောင်း ရှိပါတယ်။ ယင်း ပေပေါင်း ထောင်ချီမြင့်မယ့် ၂၇ ထပ် အမွာတိုက်နှစ်လုံးမှာ သစ်ပင်ပေါင်း ၇၃၀၊ မြေဖုံးအပင်သေးပေါင်း ၁၁၀၀၀၊ ချုံပင် ပေါင်း ၅ထောင် မက စိုက်ပျိုးမှာ ဖြစ်ပါတယ်။

နောက်ဆိုရင် အပင်တွေပါ မကတော့ပဲ တိရစ္ဆာန်များပါ နေထိုင်နိုင်အောင် ဖန်တီးအုံးမှာ ဖြစ်ပါတယ်။ ဒီတော့ တိုက်အမြင့်ကနေ ခုန်မချနိုင်ပဲ၊ ခုန်မချ ချင်ပဲ သားရဲ တိရစ္ဆာန်များ နေထိုင်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ အခြေ အနေ တော့မဟုတ်ပါဘူး။ သို့ပေမယ့် လက်ရှိ ပထမအဆင့်အနေနဲ့ ကတော့ စိမ်းလမ်းစိုပြေတဲ့ တိုက်နှစ်လုံး ဖြစ်အောင် ဖန်တီးမှာ ဖြစ်ကြောင်း သိရပါ တယ်။

Photo: အီတလီမှ တိုက်သစ်တော

--
Ref: rarefacts
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_1979.html

--

by innewsmyanmar

0 comments:

Post a Comment

Blog Archive

လပ်ကီးမြို့တော်

Error loading feed.