ပြင်သစ်နိုင်ငံမှ
စက်ဘီး ၀ါသနာအိုးတစ်ဦးသည် ပြင်သစ်နိုင်ငံ၏ အထင်ကရ စက်ဘီးပြိုင်ပွဲဖြစ်သော
Tour de France ပြိုင်ပွဲသို့ဝင်ရောက် ဆင်နွှဲရန်အတွက်သူကိုယ်တိုင်
အထူးပြုလုပ်ထားသော အလွန်သေးငယ်သည့် စက်ဘီးဖြင့် ၀င်ရောက်
စီးနင်းမည်ဖြစ်သည်။ ၎င်းသည် စက်ဘီးအားကစားသမား ၀တ်စုံအပြည့်ဝတ်၍ ခရီးဆောင်
ကျောပိုးအိတ်ကိုလွယ်ကာ တာဝေးပြေး စက်ဘီးစီးပြိုင်ပွဲကို ၀င်ရောက်
ဆင်နွှဲမည်ဖြစ်သည်။ စက်ဘီးဝါသနာအိုးတစ်ဦးက ၎င်းအား ချီးကျူးဂုဏ်ပြုခဲ့ပြီး
ထိုမျှသေးငယ်သော စက်ဘီးပေါ်တွင် ဆက်ကပ်သမား တစ်ဦးသော်မှ ကျွမ်းကျင်စွာ
စီးနင်းနိုင်မည် မဟုတ်ဟု မှတ်ချက်ပေး ချီးကျူးခဲ့လေသည်။စက်ဘီးမှာ
သေးငယ်လွန်း၍ အရွယ်ရောက်ပြီး သူတစ်ဦးအတွက် အလွန်ခက်ခဲစွာ
စီးနင်းရမည်ဖြစ်သည်ဟု ကာယကံရှင်က ပြောဆိုခဲ့သည်။
by swesonemedia
0 comments:
Post a Comment