အကြောအဆစ်တိုင်းတွင်
အာရုံနိုင်သော စွမ်းရည်ပါရှိပြီး ပစ်ပေးလိုက်သော အရာတိုင်းကို
ဖမ်းယူနိုင်စွမ်း ရှိသည့် မြွေစက်ရုပ်ကို ကာနက်ဂီမီလန် တက္ကသိုလ်က
ဇီဝစက်ရုပ်များ စမ်းသပ်ထုတ်လုပ်သော ဓာတ်ခွဲခန်းမှ သုတေသီများက
တီထွင်လိုက်သည်ဟု သိရသည်။ ယင်းမြွေစက်ရုပ်သည် တကယ့် မြွေကဲ့သို့
တွားသွားနိုင်စွမ်း ရှိပြီး ပိုက်လုံးများ၊ သစ်ပင်များနှင့်
ကျင်းငယ်ထဲများသို့ သွားရောက်နိုင်စွမ်း ရှိသည်ဟု သိရသည်။ ထို့ပြင် အဆိုပါ
မြွေစက်ရုပ်၏ ထူးခြားချက်မှာ ပစ်ပေးလိုက်သော အရာမှန်သမျှကို
ဖမ်းယူထားနိုင်စွမ်း ရှိသည်ဟု သိရသည်။ ထိုမြွေစက်ရုပ်ကို စစ်တပ်များတွင်
ထောက်လှမ်းရေး ကင်မရာ တပ်၍လည်း အသုံးပြုနိုင်သည်ဟု ဆိုသည်။
ယင်းမြွေစက်ရုပ်လေးသည် တွားသွားခြင်း၊ သစ်ပင်တက်ခြင်းနှင့်
ရေကူးခြင်းများတွင် သာမက လိုအပ်သော နေရာတိုင်းတွင် အသုံးပြုနိုင်မည့်
စွယ်စုံသုံး စက်ရုပ်လေး ဖြစ်သည်ဟု သုတေသီတို့က ဆိုသည်။
by swesonemedia
0 comments:
Post a Comment