ကမ္ဘာ့တောင်ဝင်ရိုးစွန်းရှိ
အေးခဲလှသည့် ရာသီဥတုဒဏ်ကို အံတုကာ စက်ဘီးဖြင့် မိုင်ပေါင်း ၁၇၅မိုင်တိတိ
ခရီးနှင်ခဲ့သူကို ကမ္ဘာ့မှတ်တမ်းက စံချိန်တင် အသိအမှတ်ပြုလိုက်ပါပြီ။
အန္တရာယ်ကြားမှ စွန့်စွန့်စားစား သွားလာလိုသူ လာဆန်၏ခရီးစဉ်ကို အဓိက
ကူညီပံ့ပိုးပေးခဲ့သူမှာ ဒေးဗစ်ဖင်းနေးဆိုသည့် လူမှုရေးအဖွဲ့အစည်း
တစ်ခုပင်ဖြစ်သည်။ အအေးဆုံးနေရာတွင် အဝေးဆုံးခရီးကို စက်ဘီးဖြင့်သွားမည့်
လာဆန်က သူ့ခရီးစဉ်အတွက် ရန်ပုံငွေ ကန်ဒေါ်လာတစ်သောင်းကျော် ရရှိခဲ့သည်။
ပြိုင်ဘီးစီးသမား လာဆင်က အန္တာတိကတွင် ခရီးနှင်ရာမှာ မိုင်ပေါင်း၁၆၀
အရောက်တွင် အစာရေစာ ပြတ်လပ်ခဲ့သော်လည်း သူ့ခရီးစဉ်ကို အောင်မြင်စွာ
အဆုံးသတ်နိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။
by swesonemedia
0 comments:
Post a Comment