
အနီးအနားမှ လူများက ကားကိုရပ်တန့်ရန် ကြိုးစားခဲ့သော်လည်း အရှိန်ဖြင့်ဝင်လာသောကားကို မည်သူမျှ မတားဆီးနိုင်ခဲ့ကြပေ။ ကားတိုက်ခံရသူဂျိမ်းစ်ကို အသက်ကယ်တင်ရန် သူ့သူငယ်ချင်းများက ၀ိုင်းဝန်း ကြိုးစားခဲ့ကြသော်လည်း ဂျိမ်းစ်မှာဒဏ်ရာ ပြင်းထန်လွန်းလှသဖြင့် နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း ဇန်န၀ါရီလ ၁၆ရက်နေ့ထုတ် DailyMail သတင်းစာမှ သိရသည်။ အလားတူဖြစ်ရပ်မျိုး နယူးဇီလန်အတွင်လည်း ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့ကြောင်း ထပ်မံသိရှိရသည်။ နယူးဇီလန်တွင် ခွေးများကို ကားမောင်း သင်ပေးနေသူတစ်ဦးကို ကျွမ်းကျင်မှုမရှိဘဲ ကားတက်မောင်းခဲ့သည့် ခွေးက ၀င်တိုက်ခဲ့၍ ထိုသင်တန်းဆရာလည်း သေဆုံးသွားခဲ့သည်။
by swesonemedia
0 comments:
Post a Comment