အလျား၁၇ဒသမ၃
လက်မမျှသာရှိသည့် မောင်းသူမဲ့ စက်ရုပ်ပုစဉ်းယာဉ်သည် သက်ရှိပုစဉ်း
တစ်ကောင်ကဲ့သို့ပင် ပျံသန်းသွားလာနိုင်သည်။ BionicOpterဟု အမည်ပေးထားသည့်
အဆိုပါစက်ရုပ်ပုစဉ်းတွင် ကာဗွန်မျှင်များဖြင့် ပြုလုပ်ထားသော
တောင်ပံလေးခုပါဝင်ပြီး မိုဘိုင်းဖုန်းဖြင့် လိုသလိုထိန်းချုပ်နိုင်သည်။
အဆိုပါ ပုစဉ်းတောင်ပံများသည် တစ်စက္ကန့်လျှင် အကြိမ်၂၀မျှ လှုပ်ခတ်နိုင်သည်။
တောင်ပံအလျား ၂၄လက်မနှင့် ခန္ဓာကိုယ်အလျား ၁၇လက်မကျော်ရှိသည့် အဆိုပါ
စက်ရုပ်ပုစဉ်း၏ အလေးချိန်မှာ ၁၇၅ဂရမ်မျှသာရှိသည်။
အဆိုပါစက်ရုပ်ပုစဉ်းတွင်
အာရုံခံကိရိယာများစွာ တပ်ဆင်ထားသောကြောင့် လူများ၏စေခိုင်းသမျှကို
တိတိကျကျလုပ်နိုင်ရုံမျှမက လေတိုက်နှုန်းနှင့်အရှိန်ကို တွက်ချက်၍
မည်သည့်နေရာ မည်သည့်အချိန်တွင် မည်သို့မည်ပုံ ပျံသန်းရမည်ဆိုသည်ကို
အလိုအလျောက် တွက်ချက်နိုင်သည်။ အဆိုပါစက်ရုပ်ပုစဉ်းတွင် မော်တာလေးလုံး
တပ်ဆင်ထားပြီး တောင်ပံတစ်ခုချင်းစီသည် ၉၀ဒီဂရီထောင့်မှန်ကျကျ
လိုသလိုချိုးကွေ့နိုင်ကာ ဦးတည်ရာနေရာများကိုလည်း လိုသလိုချိုးကွေ့
ပျံသန်းနိုင်သည်။
by swesonemedia
0 comments:
Post a Comment