www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

ခုခံအားစနစ်ကို မြှင့်တင်ပြီး Auto-Immune ရောဂါမဖြစ်အောင် ကာကွယ်နိုင်ရန်

အမေရိကန် နိုင်ငံမှာ Auto-Immune ရောဂါ ဖြစ်နှုန်း ဟာ မကြာခင် က နှစ်တွေ ထက် နှစ်ဆ လောက် မြင့်တက် နေပြီး ရောဂါဖြစ်သူတွေရဲ့ ၇၅ ရာခိုင် နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ ခုခံအားစနစ်အနေနဲ့ အားနည်းသွားတဲ့ အခါမှာ ဆဲလ်ကောင်းတွေရဲ့ ခန္ဓာကိုယ် ကို ဒုက္ခပေးတဲ့အရာတွေကို ခွဲခြားနိုင်စွမ်း မရှိတော့ဘဲ ခန္ဓာကိုယ်မှ ရောဂါရှိတဲ့ ပိုးမွှားတွေကို တိုက်ထုတ်ရမယ့်အစား ကျန်းမာတဲ့ဆဲလ်တွေကို တိုက်ထုတ်တာ ကြောင့် Auto-Immune ရောဂါတွေဖြစ် ပေါ်တတ်ပါတယ်။ နှင်းခူရောဂါ၊ ဆိုရီးယေး စစ်ရောဂါ၊ ရူမက်တွိုက် အဆစ်ရောင်ရော ဂါ၊ ခရုန်းရောဂါနဲ့ လူးပက်စ်ရောဂါတွေ ဟာ Auto-Immune ရောဂါအမျိုးအစား တွေပါ။ သင်ရဲ့ ခုခံအားစနစ်ဟာ ကောင်း မွန်နေခဲ့ရင် ခန္ဓာကိုယ်က ကျန်းမာတဲ့ ဆဲလ် တွေကို ပြန်လည်တိုက်ခိုက်မယ့်အစား ပိုး မွှားတွေနဲ့ ကင်ဆာဆဲလ်တွေကို တိုက် ထုတ်နိုင်တာမို့ ခုခံအားစနစ် ကောင်းနိုင် တဲ့နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ အားဖြည့်ဆေးမှီဝဲပြီး ရောဂါဖြစ်နိုင် ခြေကို ၅၄ ရာခိုင်နှုန်း လျှော့ချပါ
ဟားဗတ်တက္ကသိုလ်မှ လေ့လာမှု အရ နေ့စဉ် သွပ်ဓာတ် ၁၅ မီလီဂရမ်နဲ့ ဗီတာမင် ဒီ ၂၀ဝ၀ IU မှီဝဲတာကြောင့် Auto-Immune ရောဂါအားလုံးရဲ့ ဖြစ် နိုင်ခြေ ၅၄ ရာခိုင်နှုန်းထိ လျှော့ချနိုင် ပါတယ်။ သွပ်ဓာတ်ဟာ ခုခံအားစနစ်ကို မိမိခန္ဓာကိုယ်မှဆဲလ်တွေကို ပြန်လည် တိုက်ထုတ်မယ့်အစား ကိုယ်တွင်းကို ဝင် ရောက်လာတဲ့ ပိုးမွှားတွေအပေါ် ပိုမိုအာ ရုံစိုက်ပြီး တိုက်ထုတ်နိုင်လို့ပါလို့ ကယ် လီဖိုးနီးယား ဆေးတက္ကသိုလ်မှ ကျွမ်း ကျင်သူ ဒေါက်တာသွမ်က ပြောပါတယ်။ ဗီတာမင် ဒီဟာလည်း ခုခံအားစနစ်ကို အကောင်းဆုံး အခြေအနေရောက် အောင် ပြုပြင်ပေးပါတယ်။ အားဖြည့်ဆေး အသစ်ကို မမှီဝဲခင် ဆရာဝန်နဲ့ စစ်ဆေး ဖို့တော့ လိုအပ်ပါတယ်။
၂။ ဆဲလ်တွေကို အချဉ်ဓာတ်နဲ့ အကာ အကွယ် ယူထားပါ
နေ့စဉ် ဗီတာမင်စီကို ၉၅ မီလီဂရမ် ရရှိတာကြောင့် Auto-Immune ရောဂါ ဖြစ်နိုင်ခြေ ၃၃ ရာခိုင်နှုန်းလျှော့ချနိုင် ပါတယ်။ ဗီတာမင်စီမှာ ပါဝင်တဲ့ စီးထ ရက်စ်နဲ့ ဘိုင်အိုဖလေဗနွိုက်တွေဟာ အတူတူပူးပေါင်းပြီး ဓာတ်တိုးပစ္စည်းတွေ က ခုခံအားစနစ်ကို မဖျက်ဆီးနိုင်ခင်မှာ ပဲ ဓာတ်တိုးပစ္စည်းတွေကို ဖျက်ဆီးပစ် နိုင်လို့ပါ။
၃။ အူလမ်းကြောင်းတွင်း ပြဿနာမဖြစ်အောင် ပန်းသီး အခွံစားပါ
နေ့စဉ် ပန်းသီးနှစ် လုံးကို အခွံပါစားတာ ကြောင့် အစာခြေလမ်း ကြောင်းအတွင်း ခရုန်းရောဂါ လိုမျိုး Auto-Immune ရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ပန်း သီးအခွံမှာ ပါဝင်တဲ့ များစွာသော ပေါ်လီ ဖီ နောတွေဟာ ဝမ်းဗိုက်အတငွ်း တစ် သျှူးတွေကို တိုက်ခိုက်ပြီး ရောင်ရမ်းမှုကို ဖြစ်စေတဲ့ Immune Cell (ခုခံအား ဆဲလ်) တွေကို ပိတ်ပင်နိုင်လို့ပါ။
၎။ ကျန်းမာတဲ့အဆီတွေ စားသုံးပြီး ရောင်ရမ်းမှု ဖြစ်စဉ်ကို ကာကွယ်ပါ
သင်နေ့စဉ် စားသုံးနေတဲ့ အစားအစာ ထဲမှာ သံလွင်ဆီတစ်အောင်စ ထည့် သွင်းပြီး စားသုံးတဲ့အပြင် အပတ်စဉ် ငါး ဟင်း သုံးကြိမ်လောက် စားသုံးတာကြောင့် နှစ်ပတ်အတွင်း နာတာရှည်ရောင်ရမ်းမှု ဖြစ်စဉ်တွေကို ပိတ်ပင်နိုင်တယ်လို့ သု တေသန ပြုလုပ်ချက်အရ သိရပါတယ်။ မိသားစုရာဇဝင်မှာ Auto-Immune ရောဂါရှိတဲ့ အမျိုးသမီးတွေအနေနဲ့ ရောင် ရမ်းမှုအဆင့်ကို လျှော့ချနိုင်ရင် Auto-Immune ရောဂါမဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။
၅။ ဆေးလိပ်ဖြတ်ပြီး ခန္ဓာကိုယ်ရှိ အဆိပ်တွေကို လျှော့ချပါ
နှစ် ၂၀ ဒါမှမဟုတ် ဒါထက် ပိုရှည် ကြာပြီး ဆေးလိပ်သောက်တဲ့အမျိုးသမီး တွေဟာ Auto-Immune ရောဂါဖြစ်နိုင် ခြေ အထူးသဖြင့် အရေပြားနဲ့ အဆစ် တွေမှာ ၄၀ ရာခိုင်နှုန်း မြင့်တက်နိုင်ပါ တယ်လို့ ဟားဗတ်မှ သုတေသီတွေက ဖော်ထုတ်ထားပါတယ်။ ဆေးလိပ်ငွေ့မှ အဆိပ်တွေဟာ ခုခံအားစနစ်ကို အမှား၊ အမှန် ခွဲခြားနိုင်စွမ်း ရှုပ်ထွေးစေပြီး ကျန်းမာတဲ့ ဆဲလ်တွေကို ဒေါသတကြီးနဲ့ တိုက်ထုတ်နိုင်တယ်လို့ ဖလော်ရီဒါဆေး ခန်းမှ ဒေါက်တာ မိုက်ကယ်က ပြောပါ တယ်။ ၆။ အဆစ်ရောင်ပြဿနာမဖြစ်အောင် ပိုးသတ်ဆေးတွေကို ရှောင်ပါ သင့်အိမ်တွင်း ဒါမှမဟုတ် ခြံအ တွင်း အင်းဆက်ပိုးမွှားတွေ မဝင်ရောက် လာအောင် ပိုးသတ်ဆေးတွေ အသုံးပြု တာကြောင့် သူရဲ့ အခိုးအငွေ့တွေမှ တစ်ဆင့် အဆစ်၊ အဆုတ်နဲ့ ကျောက် ကပ်လိုမျိုး အဓိက ကိုယ်တွင်းအင်္ဂါတွေ ပေါ်မှာ Auto-Immune ရောဂါဖြစ်နိုင် ခြေ နှစ်ဆခန့် မြင့်တက်သွားနိုင်ပါတယ်။
Ti ps! လက်ဖက်ရည်ကြမ်းသောက်ပါ
နေ့စဉ်လက်ဖက်ရည်ကြမ်း သုံးခွက်သောက်တာကြောင့် Auto-Immune ရောဂါဖြစ်နိုင်ခြေ ထက်ဝက်ခန့် ကျဆင်းနိုင်ပါတယ်။ Green Tea မှာ ပါဝင်တဲ့အပီ ဂယ်လိုကတစ်ချင်း ခေါ် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ခုခံအားဆဲလ်တွေကို အကောင်းဆုံးအနေအထားရောက်အောင် ပြုပြင်ထားနိုင်လို့ပါ။
ဒေါက်တာမိုးမိုး

By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်