'12
အသက်ကြီး
လာရင် အရေပြားမျက် နှာပြင် ဆဲလ်သေတွေကို ကြေးချွတ် ဖို့ရာ အတွက်
ပေါင်းတင်တဲ့နည်းနဲ့ အသားအ ရေ ထိန်းသိမ်းမှု စတင်ပြုလုပ်သင့်ပါတယ်။
သင့်အသားအရေ အမျိုးအစား အပေါ်မူ တည်ပြီး ပေါင်းတင်ကပ်ခွာကို သုံးပေးဖို့ လို
ပါတယ်။ သွေးဆုံးချိန်မှာ အသားအရေပုံစံ က ပြောင်းလဲလာတဲ့အတွက် ပုံမှန်အသား
အရေထိန်းသိမ်းမှုမှာ အစိုဓာတ်ထိန်းခရင်မ် ကို မဖြစ်မနေ ပါဝင်အောင်
လိမ်းပေးရပါ မယ်။ ငယ်စဉ်က ခရမ်းလွန်ရောင်ခြည်ဒဏ် ခံရပါများတာကြောင့်
မျက်နှာမှာ အစက် အပြောက်တွေ ထင်နေရင်၊ အရေးကြောင်း တွေရှိနေရင်
ဖုံးအုပ်နိုင်ဖို့ အောက်ပါ နည်းတွေကို အသုံးပြုသင့်ပါတယ်။
မျက်နှာအစက်အပြောက်များ ဖုံးပါ
မျက်နှာပေါ်က အပြစ်အနာအဆာ တွေကို ခရင်မ်ပုံစံ ဖောင်ဒေးရှင်း မိတ်ကပ် လိမ်းပေးပါ။ မျက်ဝန်းညိုမည်းမှုကို ဖုံး အုပ်နိုင်ဖို့ ကွန်ဆဲလာလိမ်းပါ။ မျက်နှာ ပေါ်က အရေးကြောင်းပါးပါးကို လျှော့ ချနိုင်ဖို့ ညမှာထက် နံနက်ခင်းမှာ ရေချိုး ပါ။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်ကို လိမ်း ပေးပါ။ ဒါမှသာ အရေပြားဟာ အစိုဓာတ် ကို ထိန်းထားနိုင်မှာဖြစ်ပြီး တစ်နေ့လုံး စိုပြည်တင်းရင်းနေမှာပါ။
အရောင်နုသော ပေါင်ဒါမှုန့် သုံးပါ
အရောင်ဖျော့တဲ့ ပါးနီနဲ့ အိုင်းရှဲဒိုး တွေက ခြယ်ရတာ ပိုလွယ်ပြီး အချိန်ကုန် လည်း သက်သာစေပါတယ်။ ပါးနီ ဖျော့ ဖျော့ခြယ်တာက သင့်ကို ပိုမို နုပျိုငယ်ရွယ် စေပါတယ်။ ပါးပြင်မှာ နှင်းဆီဖူးလို တောက် ပနေအောင် ပါးနီဖျော့ဖျော့ခြယ်ပေးပါ။ ပါးရိုးပေါ်မှာ စတင် ခြယ်သပါ ပါးရိုးကနေ ဆံစပ်ဆီသို့ ပါးနီကို ဆွဲပြီးခြယ်သလိုက်ပါ။ အသက်ကြီး အ မျိုးသမီးတွေရဲ့ အသားအရေကို အရောင် နုနုခြယ်သလိုက်ရင် နွမ်းနယ်ပင်ပန်းမှုနဲ့ အိုမင်းမှုတို့ကင်းကာ ပိုမိုနုပျို ပျော်ရွှင်ဟန် ထင်ရပါတယ်။ ဒါပေမဲ့ တစ်နေ့တာအ တွင်း ပါးနီကို အနည်းဆုံးတစ်ကြိမ် ပြန် လည်ခြယ်သပေးသင့်ပါတယ်။ အိုင်းလိုင်နာနဲ့ မက်စ်ကာရာကို အပေါ် မျက်တောင်ပေါ်မှာပဲ ဆိုးပါ အောက်မျက်ခမ်းအောက်မှာ အိုင်း လိုင်နာနဲ့ မက်စ်ကာရာတို့ ဆိုးရင် စွန်းပေ တတ်တာကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ ပုံမျိုး ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် အသက်ကြီးလာတဲ့အခါမှာ မျက်ဝန်းတစ် ဝိုက်က အရေးကြောင်းတွေ မသိသာစေ ဖို့ အပေါ်မျက်တောင်မှာပဲ အိုင်းလိုင်နာ ဆိုးတာ၊ မက်စ်ကာရာဆိုးတာတို့ လုပ် သင့်ပါတယ်။ မျက်ဝန်းအလှပေါ်လွင်ချင် ရင် မျက်တောင်ကော့တံနဲ့ ကော့ပြီးမှ
မက်စ်ကာရာဆိုးပေးပါ။
မျက်ခုံးကို ပုံလှလှသွင်းပါ မျက်ခုံးကို လှပအောင် ပုံဖော်တာ ကြောင့် မျက်နှာတစ်ခုလုံးကို ပင့်တင်လိုက် သလို ရုပ်နုသွားစေပါတယ်။ မျက်ခုံးပုံ ဖော်ဖို့ အတွက် တစ်လတစ်ကြိမ် အလှ ပြင်ဆိုင် သွားပေးပါ။ အလှပြင်တိုင်း မျက် ခုံးကို အညိုရောင်နဲ့ ခြယ်ပါ။
ခရင်မ်ပုံစံ နှုတ်ခမ်းဆိုးဆေး ဆိုးပါ
ခရင်မ်အမျိုးအစား နှုတ်ခမ်းဆိုးဆေး ဟာ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းသား တွေကို စိုပြည်စေသလို ပိုကြီးသလို ထင် ရစေပါတယ်။ နှုတ်ခမ်းသားကို နှင်းဆီ နီရောင်၊ မက်မွန်သီးရောင်၊ စတော်ဘယ်ရီ သီးရောင်ကို ဆိုးရင် နှုတ်ခမ်းသားကို စို ပြည်တောက်ပစေပါတယ်။ နှုတ်ခမ်းဆိုး ဆေးအဆီ (Lip Gloss)ဆိုးမယ်ဆိုရင် အောက်နှုတ်ခမ်းသားရဲ့ အလယ်ကို ဆိုးပေးတာကြောင့် နှုတ်ခမ်းသားတောက်ပ ကာ ပြည့်တင်းစေပါတယ်။
အထူးလိုက်နာရန်
တစ်နေ့မှာ ရေရှစ်ဖန်ခွက် သောက် ပေးတာကြောင့် အသားအရေကို တင်း ရင်းစေပြီး ငယ်ရွယ်နုပျိုစေပါတယ်။
By Good Health

0 comments:
Post a Comment