www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

မရယ်ချင်မဖွင့်နဲ့ .........

ယောကျာ်းဖြစ်သူက နံနက်ခင်းကော်ဖီသောက်နေပါတယ်။ဒီအခိုက်

သူ့မိန်းမ ဖြစ်သူအနားရောက်လာပြီး သူ့ယောကျာ်းရဲ့ဇက်ပိုးကိုအုပ်လိုက်ပါတယ်။

"ရှင့် ဘောင်းဘီအိပ်ထဲမှာမေရီလို့နာမည်ထိုးထားတဲ့စာရွက်တစ်ရွက်တွေ့တယ်။ရှင်ဘယ်လိုငြင်းမလဲ"

မိန်းမကဒေါသနဲ့ပြောပါတယ်။

"စိတ်အေးအေးထားစမ်းပါမိန်းမရာ ပြီးခဲ့တဲ့အပါတ်ကကိုယ်မြင်းပွဲသွားတာမင်းမမှတ်မိဘူးလား

အဲဒါကိုယ်လောင်းတဲ့မြင်းမရဲ့နာမည်ပေါ့"

ယောကျာ်းကရှင်းပြပါတယ်။

နောက်တစ်နေ့မနက်မှာတော့မိန်းမဖြစ်သူကဗြုန်းကနဲပေါက်ချလာပြီး ယောကျာ်းလုပ်သူကိုရိုက်လိုက်ပါတယ်

"ဒါကဘာဖြစ်ရပြန်တာတုန်း"

ယောကျာ်းလုပ်သူကမကျေမနပ်ပြောတော့---

"ရှင့်မြင်းမက မနေ့ညက ဖုန်းဆက်တယ်ရှင့်........:P   ဝေဖန်စာလေးပေးသွားပါနော်....gmailလေးလဲချန်ခဲ့ပေးပါနော်







ဘစ်ကား စပါယ်ယာတစ်ယောက် တရားရုံးကို ရောက်နေသတဲ့။
လူရိုက်မှုနဲ့တဲ့ သူကလဲ ပေါက်ပေါက်ရှာရှာ ခရီးသည် ကိုမှသွားရိုက်သတဲ့။
အဲ့တော့ တရားသူကြီးက မေးတာပေါ့ဗျ

× ဟေ့ မင်းက ဘာလို့ ခရီးသည်ကို သွားရိုက်ရသလဲ

ဒီလိုပါဗျ ကျနော် က ခရီးသည်တွေကို ငွေလိုက်ကောက်ပါတယ် အဲ့ဒါနဲ့ အဲ့ဒီအမကြီးနားကို ကျနော်ရောက်သွားတယ်ဗျ
ဒီတော့ အဲ့ဒီအမကြီးက အရင်ဆုံး သူ့ပိုက်ဆံအိတ်ကြီးကို ထုတ်လိုက်တယ်
နောက် - - -- ပိုက်ဆံအိတ်ကြီးကို ဖွင့်
ပိုက်ဆံအိတ်ကို ထုတ်၊
ပိုက်ဆံအိတ်ကြီးကို ပိတ်
ပိုက်ဆံအိတ်ကိုဖွင့်
ပိုက်ဆံအိတ် အသေးလေးကို ထုတ်
ပိုက်ဆံအိတ်ကို ပိတ်
ပိုက်ဆံအိတ်အသေးလေးကို ဖွင့်
ပိုက်ဆံ ကိုထုတ် ပိုက်ဆံအိတ်အသေးလေးကို ပိတ်
အဲ့ဒီအချိန် ကျနော်ကလဲ တခြားသူတွေကို ကောက်စရာရှိလို့ ထွက်သွားတယ်
ဒါနဲ့ သူလဲ ပိုက်ဆံအိတ်အသေးလေးကို ဖွင့် ပိုက်ဆံကိုထဲ့ ပိုက်ဆံအိတ်အသေးလေးကို ပိတ်
ပိုက်ဆံအိတ် ကိုဖွင့် ပိုက်ဆံအိတ်အသေးလေးကို ထဲ့ ပိုက်ဆံအိတ်ကို ပိတ်။
ပိုက်ဆံအိတ် အကြီးကြီးကို ဖွင့် ပိုက်ဆံအိတ်ကို ထဲ့ ပိုက်ဆံအိတ်အကြီးကြီးကို ပြန်ပိတ်
အဲ့ဒီအချိန် ကျနော် ပြန်ရောက်လာတယ်
အဲ့တော့ သူက ပိုက်ဆံအိတ်အကြီးကြီးကို ဖွင့် . . . .. .

တရားသူကြီးက - ဟေ့ကောင်တော်တော့တော်တော့။ ငါမင်းကို ထရိုက်မိတော့မယ်

စပါယ်ရာ × ကျနော်လဲ အဲ့လိုပါပဲ ခင်ဗျာ . . .. .







၂၁ ရာစုအစမှာပဲ စက်ရုပ်တွေဟာလူတစ်ယောက်လိမ်တယ်
မလိမ္ဘူး
ဆိုတာကိုမျက်နာကြည့်ပြီးသိနိုင်

အောင် တီထွင်နိုင်ခဲ့ပါပြီ။ ထူးခြားချက်အနေနဲ့
အဲဒီစက်ရုပ်ဟာလိမ်တဲ့သူကိုချက်ချင်းပါးထရိုက်တာပါပဲ။ မယုံဘူးလား…
အောက်ကအဖြစ်အပျက်ကိုဖတ်ကြည့်ပါ။

ကိုဇော်ဂျီနဲ့ပွင့်တို့ရဲ့သားလေး
မောင်မောရစ်တစ်ယောက်အိမ်ကိုနောက်ကျပြီးမှပြန်ရောက်လာသည်။
ကိုဇော်ဂျီ ။ ။ သားမင်းဘာလို့ကျောင်းနောက်ကျတာလဲ။
မောင်မောရစ် ။ ။ ဒီနေ့ကျောင်းကအချိန်ပိုရှိလို့နောက်ကျတာအဖေရဲ့။
ဖြန်း…………………………………..
အံ့သြစရာကောင်းလောက်အောင်ပဲ ဘေးမှာရှိနေတဲ့စက်ရုပ်က
မောင်မောရစ်ပါးကိုရိုက်ထည့်လိုက်သည်။
ကိုဇော်ဂျီ ။ ။ ဒီစက်ရုပ်က
လိမ်ပြောတာကိုအာရုံခံစားနိုင်တဲ့စက်ရုပ်ကွ။ မှန်မှန်ပြောစမ်း။
လိမ်ပြောရင်မင်းကိုပါးထပ်ရိုက်လိမ့်မယ်။
မောင်မောရစ် ။ ။ ဟုတ်ကဲ့. .. ကျနော်ရုပ်ရှင်သွားကြည့်နေတာပါ။
ကိုဇော်ဂျီ ။ ။ ဘာရုပ်ရှင်လဲ။
မောင်မောရစ် ။ ။ “The Ten Commandments” ဇာတ်ကားပါ။
ဖြန်း……………………………………….
စက်ရုပ်ကရိုက်ထည့်လိုက်ပြန်သည်။ မောင်မောရစ်တစ်ယောက်မလိမ်ရဲတော့ပေ။
မောင်မောရစ် ။ ။ ဟုတ်…ဟုတ်.. Sex Queen ဇာတ်ကားပါ။
ကိုဇော်ဂျီအတော်ပေါက်ကွဲသွားသည်။
ကိုဇော်ဂျီ ။ ။ မင်းမရှက်ဘူးလားကွ ဒါမျိုးဇာတ်ကားကြည့်တာ။
မင်းအသက်အရွယ်လောက်တုန်းက ငါဒါမျိုးရှက်စရာဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။
ဖြန်း……………………………………………………
တော်တော်လေးကိုအသံကျယ်ပါဧ။်။
ကိုဇော်ဂျီကိုစက်ရုပ်ကပါးချလိုက်ခြင်းပင်ဖြစ်ချေသည်။
ဆူညံဆူညံအသံများကြောင့်မိခင်ဖြစ်သူ ပွင့်မီးဖိုချောင်မှထွက်လာပြီးပြောလိုက်သည်။
ပွင့် ။ ။ ရှင်လည်းလိမ်တာပါပဲလား။ အင်းလေ.. ရှင်နဲ့တူမှာပေါ့
အဲဒါရှင့်သားပဲလေ ။
ဖြန်း……………………………………………………………
ဒီတစ်ခါစက်ရုပ်ဧ။် ပွင့်ကိုပါးရိုက်ချက်ကား အသံအကျယ်ဆုံးဖြစ်တော့သည်။

မရယ်ရရင် မသိချင်ယောင်ဆောင်ပြီး ပိတ်လိုက်ဗျ သိလား။

ရယ်ရရင်တော့ မှတ်ချက်လေးတော့ ပေးခဲ့ဦးနော့ ဟိဟိ။ သဘောကျရင်လဲ ပေးသွားပါနော်







အဘွားအိုတစ်ယောက်ဘန်တစ်ခုသို.ရောက်လာသည်။ မြေးလေးအဘွားဒေါ်လာ၁၀၀၀၀၀၀ အပ်ခြင်လို.ပါ ။ ထိုစကာကို
ဘန်သူဌေးလုပ်သူကကြားကာ လန်.သွားလေသည်။

ဘန်သူဌေး ။ ။ ဒီလောက်များတဲ့ပိုက်ဆံဘယ်ကရလည်းအဘွား ။

အဘွားအို ။ ။ အဘွားကလိမ်စားတာ မြေးလေးရဲ.။။

သူဌေး ။ ။ ဟာဟုတ်လို.လားအဘွား ။ မယုံပါဘူးးးးးး။။။

အဘွားအို ။ ။ဒါဆိုမြေးလေးကို အဘွားလိမ်ပြမယ်။ ဘယ်လိုလဲ ။ မြေးလေးရဲ.ဖင်မှာအဘွားရဲ.လက်ရာ
မနက်ဖြန်ထင်ကိုထင်စေရမယ် ။

သူဌေး ။ ။ဒါကတော့မဖြစ်နိုင်တာအဘွားရယ် ။

အဘွား ။ ။ ဒါဆိုမြေးလေးနဲအဘွားလောင်းမယ်။မြေးလေးရဲ.ဖင်မှာအဘွားရဲ.လက်ရာထင်ရင်အဘွားကိုသိန်း၅၀၀ ပေး။ မထင်ရင်အဘွားကသိန်း၅၀၀ပေးမယ် ။ဘယ်လိုလဲလောင်းမလား ။

သူဌေး ။ ။ လောင်းမယ်ဗျာ ။ သိန်၅၀၀ကြေးနော်။

ထိုသို.ပြောပြီးခြင်းသူဌေးသည်အိမ်သို.ပြန်ကာသူဧ။်ဖင်ကိုတစ်ညလုံးထိုင်ကြည့်နေတော့ဧ။် ။

နောက်တစ်နေ.နံနက်တွင် သူဌေးသည်သူဧ။်ဖင်တွင်အဘွားကြီဧ။်လက်ရာမထင်သောကြောင့်အလွန်ပျော်သွားသည်။
သူဌေးသည်အဘွားအိုစီကသိန်၅၀၀ယူရန်ရည်ရွယ်ချက်ဖြင့်သူဧ။်ဘန်သို.သွားကာအဘွားအိုအားစောင့်နေလေတော့
ဧ။် ။

ထိုသို.စောင့်နေစဉ်တွင်အဘွားအိုသည်လူတစ်ယောက်နဲ.အတူပိုက်ဆံထုတ်ပိုက်ကာ ဘန်အတွင်းသို.၀င်လာဧ။် ။
ပြီနောက်သူတို.အချင်းချင်းစကားပြောကာဘန်သူဌေးကသူနိုင်ကြောင်းဖင်လန်ပြဧ။် အဘွားကြီးကရှုံးသွားသဖြင့်သူဌေးအားသိန်း၅၀၀ရှင်းပေးလိုက်သည်။။
သူဌေးမှာသူနိုင်သဖြင့်အလွန်ပျော်နေသည်။

သူဌေး ။ ။ဒါနဲ.အဘွား ၊ အဘွားခေါ်လာတယ့်သူကဘယ်သူလည်း၊ ဘာလုပ်ဖို.သူ.ကိုခေါ်လာရတာလဲ။

အဘွားအို ။ ။အော်............ဒါလား ။ သူဌေးဖင်လန်ပြမယ်ဆိုပြီးသိန်း၁၀၀၀ကြေးလောင်းထားတာ
လေး။။။။။။။။။



မင်းကိုပုံဆွဲခိုင်းထားတာ ဘာလို့မဆွဲသေးတာလဲ

- ဆွဲပြီးပါပြီ

- ဟင်ဘာမှလဲမရှိဘူး

- ဒီမှာပါ နွားမတစ်ကောင်မြက်စားနေတုန်းတွတ်ပီကသေနတ်နဲ့ပစ်နေတဲ့ပုံပါ။

- ဒါဆိုတွတ်ပီကဘယ်မှာတုန်း

- သေနတ်နဲ့ပစ်ပြီးမမှန်လို့ထွက်သွားပါပြီ

- ဒါဆို မြက်ပင်တွေကရောကွာ

- နွားစားလို့ကုန်သွားပါပြီ

- အေး ဒါဆိုနွားကိုပြကွာ

- အော်ဆရာရယ်! မြက်ပင်မရှိမှတော့ နွားကအဲ့နားမှာ ဘာလုပ်နေတော့မှာတုန်း။





မင်းသင်္ဘောစီးလာပြီး အခုထက်ထိ ရေမကူးတတ်သေးဘူးလား။

ခင်ဗျားရောအခုထက်ထိလေယဉ်ပျံစီးနေပြီး မပျံတတ်သေးဘူး



ပီတာလေးကန်လိုက်သောဘောလုံးအိမ်နီးချင်းပြူတင်းပေါက်ကိုထိပြီးမှန်ကွဲသွားသည်။

အမေဖြစ်သူက ပီတာလေးကိုခြောက်လှန့်သည်။

``မင်းအဖေမှန်အသစ်မယူလာမချင်းပေါက်နေတဲ့အပေါက်ကိုမင်းရဲ့ဖင်ပြောင်နဲ့ပိတ်ပေးရမှာပဲ၊နားလည်ထား။´´

ပီတာလေးမျက်ရည်များကြားကပြောသည်။

``ကျွန်တော်ထမင်းစားချိန်မှာ ကျွန်တော့် အစားမေမေ ပိတ်ပေးနော်။´´
ပန်းခြံတခုအတွင်းမှ ခုံတန်းတခုတွင် သမီးရည်းစားစုံတွဲ တစ်တွဲထိုင်နေသည်။

ခုံတန်း၏ တစ်ဖက်စွန်းတွင်လည်း အဖိုးအိုတစ်ဦး စာအုပ်ဖတ်နေလေသည်။

သမီးရည်းစားစုံတွဲ တွတ်တီးတွတ်တာ ပြောသမျှကို အဘိုးကြီးအတိုင်းသား ကြားနေရ၏။

မိန်းကလေးက"မောင်၊ ခေါင်းနည်းနည်းမူးလာတယ်"

ကောင်လေးက နဖူးလေးကိုနမ်းလိုက်၏။

ထို့နောက်"မူးသေးလားဟင်"

"ဟင့်အင်း၊ ပျောက်သွားပြီ"

အတန်ကြာသောအခါ......

မိန်းကလေးက "မောင်၊ ဇက်ကြောတွေတက်လာသလိုပဲ"

ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်၏

"ဘယ်လိုနေသေးလဲ"

"အင်း..သက်သာသွားပြီ"

ခဏကြာသော်... "မောင်၊ လက်တွေကလည်း ဘယ်လိုဖြစ်တယ် မသိဘူး၊ တဆစ်ဆစ်နဲ့"

ကောင်လေးက ဘယ်ညာလက်အစုံကို တယုတယ နမ်းပေးလိုက်၏။

တဖက်တွင်ထိုင်နေသော အဘိုးကြီး အတော်ကို နားကြားပြင်းကတ်လာ၏။

ထို့ကြောင့်လှမ်းပြောလိုက်၏။

ဟေ့..ဒီမှာမောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီစမ်းပါဦးကွ

'ဦးမှာ လိပ်ခေါင်းဖြစ်နေလို့' တဲ့

လွမ်းလိုက်တာငါမင်းကိုဘယ်လောက်လွမ်းလဲဆိုရင် ငါ့စိတ်ထဲမှာမင်းဘယ်လောက်စိုးမိုးနေလဲဆိုရင် Navia နဲ့ သွားတိုက်ပြီး လေဆာနဲ့ မျက်နာသစ်ဖြစ်ခဲ့တဲ့ကောင်ပါ....


ပိာုဘက် သည်ဘက်
စည်းကမ်းသည် လူ၏တန်ဖိုး။
စာသင်ကျောင်းတစ်ခုက စာအံသံပါ။
စည်းနဲ့ကမ်းကို ခွဲခြမ်းကြည့်မိပါတယ်။
စည်းတစ်စည်းမှာ ပိာုဘက ဒီဘက်ရှိသလို၊ ကမ်းမှာလည်း ပိာုဘက်ကမ်း ဒီဘက်ကမ်းရှိတာပဲ။
တန်ဖိုးရှိတဲ့ လူဖြစ်အောင် ပိာုဘက်မှာရပ်ရမလား၊ ဒီဘက် မှာရပ်ရမလား။
တွေးမိတာနဲ့ကျွန်တော့ဆရာကို မေးမိပါတယ်။
ကျွန်တော့်ဆရာက တိုတိုတုတ်တုတ်ပဲ ပြန်ဖြေပါတယ်။
“ခွထိုင်”
ကဲ့ …..ခင်ဗျားတို့ကရော …..။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်