www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

ဟာသပဒေသာ

မရှိလဲဖြစ်တယ်

မိန်းမဖြစ်သူသည် ယောက်ျား၏ ပုဆိုးအပြဲကို ချုပ်နေရင်း ယောက်ျားအားလှမ်းပြောလေသည်။
`ရှင်တို့ယောက်ျားတွေလေ ကျမတို့ မိန်းမတွေမရှိရင် တော်တော်ဒုက္ခတွေ့မယ် ၊ မိန်းမတွေရှိနေလို့သာ ရှင်တို့ ပုဆိုးအပြဲ
ဘောင်းဘီ အပြဲတွေကို ချုပ်ပေး ဖာပေး မဲ့သူရှိနေတာ'
` အို.......မရှိမဖြစ်မဟုတ်ပါဘူးကွာ ၊ ငါတို့ အဲဒီ ပုဆိုး ဘောင်းဘီတွေ ဝတ်နေတာကလည်း မင်းတို့မိန်းမတွေရှိနေလို့၊ မိန်းမ
တွေသာ မရှိရင် ငါတို့ ဘာမှ ဝတ်စရာမလိုတော့ဘူး'

..........................................။..............................................

သူတို့ဒုက္ခပါ

သူငယ်ချင်းနှစ်ဦးလမ်းတွင်ဆုံမိကြသည် ။
ပထမလူ။ ။ဟာ.....မင်းဂျပန်သွားမလို့ဆို
ဒုတိယလူ။ ။အေး....သွားဖို့ပြင်ဆင်နေတယ်၊ နီးပြီကွ
ပထမလူ။ ။ဒါဆို ဂျပန်စကားပြောသင်သွားဦး ၊ တော်ကြာဟိုရောက်မှ စကားမပြောတတ်လို့ ဒုက္ခရောက်နေဦးမယ်
ဒုတိယလူ။ ။ငါဒုက္ခမရောက်ပါဘူးကွာ ၊ ငါနဲ့တွေ့တဲ့လူသာ ငါ့စကားနားမလည်လို့ သူတို့ဒုက္ခရောက်မှာပါ

..................................။.............................

စိုးရိမ်တတ်တဲ့သား

ဈေးမှပြန်လာသော မိခင်ဖြစ်သူအား ငါးနှစ်သားအရွယ်သားအကြီးက ဆီး၍ပြောလိုက်သည်။
`မေမေရေ ၊ မေမေ မရှိတုန်းက ညီလေး ပုရွက်ဆိတ်တွေပါးစပ် ထဲ ထည့်ပြီးစားနေတာတွေ့လို့ သားညီလေးကို ဟို ပိုးသတ်ဆေး
တစ်ပုလင်းလုံး တိုက်ထားလိုက်တယ်'
...........................။...........................


ယောက္ခမရိုသေ

တက္ကသိုလ်ကျောင်းသားလေ့လာရေး အဖွဲ့တစ်ဖွဲ့သည် ကျေးရွာတစ်ခုသို့လေ့လာရေးခရီးထွက်လာကြစဉ် နွားသိုးကြီးတစ်ကောင်
သည် နွားတင်းကုတ်မှပြေးထွက်လာကာ တွေ့ရာမြင်ရာကို လိုက်ဝှေ့နေ၏ ။ ထို့ကြောင့် ကျောင်းသားများလည်း ခြေဦးတည့်ရာကို
ထွက်ပြေးကြရသည်။သို့သော နွားမတစ်ကောင်ကိုနို့ ညှစ်နေသော လယ်သမားကြီးတစ်ဦးမှာကား ဣနြေ္ဒမပျက် ဘယ်မှထွက်မပြေးပဲ
နွားနို့ဆက်ညှစ်နေသည် ။ နွားသိုးကြီးက လယ်သမားကြီးအနီးသို့ရောက်သောအခါ မဝှေ့ရဲပဲ အခြားတစ်ဖက်သို့ လှည့်ပြေးလေသည်။
ကျောင်းသားများက တအံ့ တဩနှင့် လယ်သမားကြီးအား ဝိုင်းမေးကြရာ......................
`ဒီနွား ဝှေ့ဖို့မပြောနဲ့ အနားတောင်ဘယ်ကပ်ရဲပါ့ မလဲ ၊ ကျုပ်နို့ညှစ်နေတဲ့ နွားမဟာ သူ့ယောက္ခမလေ'

.........................။...........................
ယောက်ျားသတ္တိ

တစ်ခါက လင်မယားနှစ်ယောက် စကားများရန်ဖြစ်ပြီး မယားဖြစ်သူက ယောက်ျားအား တုတ်ဖြင့်လိုက်၍ ရိုက်လေသည်။ ထိုအခါ
ယောက်ျားဖြစ်သူကထွက်ပြေးရင်း အိမ်အောက်သို့ ဝင်၍ ပုန်းနေလေသည်။
ဇနီးဖြစ်သူက `ရှင်သတ္တိမရှိဘူးလား ၊ ယောက်ျားမဟုတ်ဘူးလား ထွက်ခဲ့စမ်း '
ထိုအခါယောက်ျားဖြစ်သူက အိမ်အောက်မှ ပုန်းနေရင်း..............
`ဟေ့...........ငါ ယောက်ျားကွ သတ္တိရှိရှိ ငါကြိုက်တာ ငါလုပ်မယ် ၊ ငါ အနာသက်သာပြီး အရိုက်မခံရအောင် ငါ့သဘောနဲ့ငါပုန်း
နေတာကွ ၊ သိရဲ့လား..........' ဟု အော်ပြောလိုက်လေသည်။

...............................။................................

ချီးကျူးမိလို့

မိန်းမရခါစ ရုံးစာရေးကြီးတစ်ယောက်အား မိတ်ဆွေအပေါင်းအသင်းများက အိမ်ထောင်ရေးသာယာစေရန်အတွက် နည်းလမ်းများ
အကြံဉာဏ်များပေးကြသည် ။
`ဗျို့ စားရေးကြီး................မိန်းမဆိုတာ အမြှောက်သိပ်ကြိုက်တာဗျ ၊ ဒီတော့ သူဘာလုပ်လုပ် ကောင်းတယ် ကြိုက်တယ်လို့
သာ များများပြောပေး '
သို့နှင့်စာရေးကြီးသည် အပေါင်းအသင်းများ၏ အကြံဉာဏ်များအတိုင်း အိမ်ရောက်သည်နှင့် ဇနီးသည်ကို ချီးကျူးလေတော့သည်။
`ဒီနေ့ ခင်ချက်တဲ့ဟင်းတွေက စားလို့ကောင်းလိုက်တာ ၊ ကိုယ် ခင်ဟင်းချက်တာကို တကယ် ချီးကျူးတယ်ကွာ'
ချက်ချင်းပင် မိန်းမဖြစ်သူမှာ ဒေါသူပုန်ထလေတော့သည်။
`ဒါ...........ဒါ..... ရှင် ကျွန်မကို မခံချင်အောင်လုပ်တာလား ၊ ကျွန်မကိုဒီလိုမနှိမ်ပါနဲ့ '
`ဟင်........ခင် ၊ ခင့်ကိုဘာပြောမိလို့လဲ'
`ဘာပြောရမလဲ........ခါတိုင်းနေ့တွေ ကျွန်မကိုယ်တိုင်ချက်ထားတော့ မချီးမွမ်းဘူး ။ ဒီနေ့ဆိုင်ကဟင်းဝယ်ကျွေးမှ ချီးကျူးနေတာ
ဘာသဘောလဲ......'

--------------------



*** ဆက်စပ်နေတာကိုး...
“ဒေါက်တာ၊ ကျွန်တော့်ကို ကယ်ပါဦး၊ ညတိုင်း ညတိုင်း
အိပ်မက်တစ်ခုတည်းကိုပဲ မက်နေတယ်၊ ဘယ်ကိုပဲ ကြည့်ကြည့်
မီးတောက်မီးလျှံတွေကိုပဲ မြင်ရတယ်၊ တစ်ကိုယ်လုံး ပူလောင်အိုက်စပ်နေတယ်၊
အသက်ရှု လို့လည်း မ၀ဘူး၊ ဆိုးဆိုးဝါးဝါး ခံစားရတယ် ဒေါက်တာရယ်”
“နေ့ခင်းမှာ ခင်ဗျား နေပူစာလှုံတယ် ထင်တယ်”
“မလှုံပါဘူးဆရာ”
“ဒါမှ မဟုတ် မအိပ်ခင် အိပ်ရာကို သန့်ရှင်းအောင် ဖုံတွေ ဘာတွေ မခါဘူး ထင်တယ်”
“ခါပါတယ်ဆရာ”
“ခေါင်းမီးခြုံ အိပ်တယ် ထင်တယ်”
“မအိပ်ပါဘူး”
“ပိုက်ဆံကို မီးရှို့ပစ်သလို သုံးဖြုန်းနေလို့ မိန်းမက ခင်ဗျားကို
အပြစ်တင်တယ် ထင်တယ်”
“ကျွန်တော် ဒီလိုလူ မဟုတ်ပါဘူး ခင်ဗျာ”
“အင်း၊ အကြောင်းရင်းကို ဖော်ထုပ်ရ ခပ်ခက်ခက်ပဲ၊ ဒါနဲ့ စကားမစပ် ခင်ဗျား ဘာလုပ်သလဲ”
“မီးသတ်သမားပါ…”

*** ကျယ်လာမှာပါ…


…သူဌေးကတော်ကို ပလပ်စတစ် ခွဲစိပ်မှုလုပ်သည်။ ပိုနေသော အဆီများကို
ထုတ်ပစ်သည်။ နှာခေါင်းပုံသဏ္ဍာန်ကို ပြောင်းပေးသည်။
…ခွဲစိတ်မှုပြီးသောအခါ မှန်ထဲ မိမိကိုယ်မိမိ ကြည့်ရင်း သူဌေးကတော်က ပြောသည်။
“ခွဲစိတ်မှုကို ယေဘုယျအားဖြင့် ကျေနပ်ပါတယ်၊ မျက်လုံးတစ်ခုပဲ…”
“ဘာကို ဆိုလိုတာလဲခင်ဗျာ”
“သြော် ကျွန်မရဲ့ မျက်လုံးကို နည်းနည်းချဲ့ပေးလိုက်ရင်များ
ပိုကောင်းသွားမလားလို့ပါ”
“ဒီအတွက်တော့ စိတ်မပူပါနဲ့၊ ခွဲစိတ်ခ ဘောက်ချာကို မြင်တဲ့အခါမှာ
အစ်မကြီးရဲ့ မျက်လုံးတွေ အလိုလို ကျယ်လာပါလိမ့်မယ်…”

*** လိုတာထက် ပိုသွားပြီ…


…အိမ်ထောင်သက် ဆယ်နှစ်ပြည့်သော်လည်း လင်မယားနှစ်ယောက်တွင် သားသမီး
မထွန်းကားချေ။ ၄င်းတို့နှစ်ဦး ဆရာဝန်အသီးသီးထံ ပြကြည့်သည်။
အကျိုးမထူးချေ။ တစ်နေ့တွင် ပယောဂ ဆရာတစ်ဦးက ရောမမြို့ရှိ
စိန့်ပီတာဘုရားကျောင်းသို့ သွားပြီး ဖယောင်းတိုင်ထွန်း ဆုတောင်းရန်
၎င်းတို့ကို အကြံပေးသည်။
…နှစ်အနည်းငယ် ကြာသွားသည်။ ပယောဂဆရာသည် မိမိအကြံပြုလိုက်သည့်
လင်မယားတို့၏ အခြေအနေကို သိချင်သည်နှင့် ၄င်းတို့ နေထိုင်ရာအရပ်သို့
ရောက်လာသည်။ အိမ်ရှေ့တွင် ကလေးငယ် ငါးဦး ဆော့ကစားနေသည်ကို တွေ့ရာ ဤသို့
မေးသည်။
“ကလေးတို့ရေ…မင်းတို့ရဲ့မေမေ ဘယ်မှာလဲကွယ်”
“သားဖွားဆေးရုံမှာ”
“ဖေဖေကော”
“စိန့်ပီတာဘုရားကျောင်းမှာ ထွန်းထားတဲ့ ဖယောင်းတိုင်ကို သွားမှုတ်ဖို့
ရောမမြို့ကို တက်သွားတယ်…”

*** နှမြောစရာကြီး…


…ဆီးစစ်ရန်လိုသဖြင့် ဆေးရုံဓာတ်ခွဲခန်းသို့ ဦးကပ်စေး ဆီးယူလာသည်။
ဓာတ်ခွဲခန်း ၀န်ထမ်းအမျိုးသမီးက ပြောသည်။
“ဂါလံပုံးအပြည့် ဘာဖြစ်လို့ ယူလာရတာလဲ”
“ကပ်စေးနဲတယ် အပြောခံရမှာ စိုးလို့ပါ”
…နောက်တစ်နေ့…
“ရှင် ဘာဖြစ်လို့ ဆီးပုံးကို ပြန်ယူရတာလဲ”
“သြော် ဆီးထဲမှာ သကြားဓာတ်တွေ့တယ်လို့ ခင်ဗျားပဲ ပြောတယ်မဟုတ်လား၊
ဒီလောက်များတဲ့သကြား လွှင့်ပစ်ရမှာ နှမြောစရာကြီး…”

*** အရူးမျိုး…
…စိတ်ရောဂါဝေဒနာသည်ကို ဆရာဝန်က မေးသည်။
“ကိုဥက္ကာ၊ ခင်ဗျားဆီ ဘာဧည့်သည်မှ လာတာမတွေ့ပါလား၊ ခင်ဗျားမှာ ဆွေမျိုးမရှိဘူးလား”
“အများကြီး ရှိတာပေါ့၊ သူတို့အားလုံး ဒီမှာရောက်နေကြတယ်။”


*** နိုးပါ...


…အသည်းအသန် နာမကျန်းဖြစ်နေသော ယောက်ကျားဘေးတွင် ညပေါင်းများစွာ မအိပ်ဘဲ
လူနာစောင့် နေရသော ဇနီးသည်က ပင်ပန်းနွမ်းနယ်သံဖြင့် ပြောသည်။
“ကို...၊ ကျွန်မ နည်းနည်းအိပ်မှ ဖြစ်တော့မယ်၊
ရှင်သေမယ်ဆိုရင် ကျွန်မကို နိုးနော်…”


*** ၀င်မှာလား…


…လူနာနှစ်ယောက် ဆေးရုံဝင်းအတွင်း အပန်းဖြေ လမ်းလျှောက်နေကြသည်။
ရေခဲတိုက်ကို ဖြတ်သောအခါ ချိတ်ထားသည့်  “ မဆိုင်သူ မ၀င်ရ” စာတမ်းကို
တစ်ယောက်က အသံထွက်ဖတ်ပြီး အခြားတစ်ယောက်ကို မေးသည်။
“၀င်ခွင့်ရှိတယ်ဆိုရင် ခင်ဗျားဝင်မှာလားဗျ…ဟင်…”

*** ဆရာဝန်ဆိုတာ…


…ဆေးတက္ကသိုလ်တွင် ဖြစ်သည်။
…လက်ချာပေးနေသော ပါမောက္ခကပြောသည်။
“ဆရာဝန်ဆိုတာ မရွံ့ရှာတတ်ရဘူး၊ အခုကြည့် ဟောဒီ ဆီးပုလင်းကို
ဆရာလက်ချောင်းနဲ့ နှိုက်လိုက်တယ်၊
ပြီးတော့ လက်ချောင်းကို ဆရာလျှာနဲ့ လျက်လိုက်တယ်၊ တပည့်တို့အထဲက
ဘယ်သူ ဆရာ့အတိုင်း လိုက်လုပ် နိုင်ကြသလဲ၊ ပြောပါ ”
…ကျောင်းသူကျောင်းသားအားလုံး ငြိမ်နေကြသည်။ အတန်ကြာမှ ကျောင်းသားတစ်ယောက်
ထပြီး ဆီးပုလင်းထဲ လက်ချောင်းထိုးထည့်သည်။
ထို့နောက် ပြန်နုတ်ကာ လျာနှင့် လျက်သည်။ ပါမောက္ခက ပြောသည်။
“တပည့်ဟာ မရွံ့ရှာတတ်တဲ့အတွက် ဆရာအများကြီး ချီးကြူးပါတယ်၊ ဒါပေမယ့်
တပည့်ဟာ သတိထားမှု အပိုင်းမှာ အားနည်းနေတယ်၊ ဆီးပုလင်းထဲ
ဆရာလက်ထိုးထည့်လိုက်တာ မှန်တယ်၊ ဒါပေမယ့် နောက် လက်တစ်ချောင်းကို
ဆရာလျှာနဲ့ လျက်လိုက်တာကလား တပည့်ရဲ့…”

*** သစ္စာ…



…လူတစ်ယောက် ခွေးရောင်းနေသည်။ ၀ယ်မည့်သူက မေးသည်။
“ခင်ဗျားခွေးက သစ္စာရှိရဲ့လားဗျ”
“ဟာ…သစ္စာရှိတာတော့ မပြောနဲ့၊ ဒီကောင့်ကို ကျွန်တော်ရောင်းတာ
သုံးခါရှိပြီ၊ အမြဲတမ်း အိမ်ကို ပြန်လာတယ်…”


သူ့နေရာသူပြန်သွား

" ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီလဲ "
" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ခုနကပဲသောက်လိုက်မိပြီ ဆရာမ "
" ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲကခွဲထုတ်ထားတဲ့ဟာတွေရှင့် "




...........................
မေးမှသိတယ်

" မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ၀မ်းသာတယ်ကွာ၊နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့ မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ "
" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ "





........................

ပြောချင်တာကဒီလိုပါ

" မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်းလောက်နဲ့ မောင်းလာတယ် ။
ပြီးတော့ညအမှောင်ထဲ ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်းမှားလာတယ် ။
ယာဉ်မောင်းလိုင်စင်လည်း မပါဘူး ။ ကိုင်း .....
ဒီလောက်တောင်အပြစ်တွေများတာ ဘာပြောချင်သေးလဲ "
" ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာအပြစ်တစ်ခုပဲ ရှိပါတယ် ။ အဲဒါကတော့ဒီကားကို ခိုးလာတာပါပဲ "



......................................
ဘယ်သူမှမပြောနဲ့နော်

" ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင်ဘိုးဘိုး "
" ဟိုး ..... တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ "
" ဟင် ..... ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို "
" ရှူး ..... ဘယ်သူမှ လျှောက်မပြောလေနဲ့ ၊ ဓူဝံကြယ်တောင်ဘက်ကိုပြောင်းသွားတာတစ်ပတ်လောက်ပဲရှိသေးတယ် မြေးရဲ့ "



.............................................
စနစ်တကျအသုံးပြုနည်း

" မနက်က၀ယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊ဘယ်လိုဖြစ်တာရတာလဲ "
" အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို
ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား "



..............................
နားလေးသူမို့ပါ

" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား "
" ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စဟဲဗီးအဆိုတော်ပါ "
" ဒါဆိုတစ်ဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့
လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်အော်ပေးစမ်းပါ ။ သူက နားနည်းနည်းလေးတယ် "







...........................
ဟိုတစ်မျိုး ဒီတစ်မျိုး

" မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ "
" ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။ သူ့အခန်းထဲဝင်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။ အခုကျတော့ သူ့အိမ်ထဲဝင်ခိုးတာသေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ် "





..............................

မေမေ့တာဝန်ထားလိုက်

" ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။ သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ "

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်