ခါးလှုပ်
အက (Belly Dance) ဟာ နည်းမှန်၊ စနစ်မှန် အတိုင်း သင်ယူ မယ်ဆိုရင် အလွန်တန်
ဖိုးထား လေးစားရမယ့် အနုပညာတစ်ခုဖြစ် ကြောင်း သိရှိနိုင်ပါတယ်။ အပြင်ပန်း
ကကြည့်ရင်တော့ ညင်သာငြိမ့်ညောင်း စွာ ကနေ၊ လှုပ်ရှားနေရတဲ့အတွက်
ချွေးမစို့တဲ့ လေ့ကျင့်ခန်းပါပဲလို့ သုံးသပ်စရာရှိပါတယ်။ ဒါပေမယ့် Belly
Dance မှာ ပြုလုပ်ရတဲ့ လှုပ်ရှား မှုကကွက်တွေဟာ အခြားကာယ
လေ့ကျင့်ခန်းတွေလိုပဲ နှလုံးသွေးကြော ကျန်းမာရေးအတွက် ကောင်းမွန်စေ ပြီး
သက်လုံကိုလည်း ကောင်းစေပါ တယ်။ ဝမ်းဗိုက်နေရာတစ်ဝိုက်ကို အလုပ်ပေးရတဲ့အတွက်
အစာလည်း ကြေစေပါတယ်။ Belly Dance ရဲ့ စိတ်ကျန်းမာရေး အကျိုးသက်ရောက်
မှုကလည်း ဒီအကကို နာမည်ကျော် စေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ မိမိ ကိုယ်ကို
ကျေနပ်မှုဖြစ်စေပြီး ခန္ဓာ ကိုယ်နဲ့ စိတ် ချိတ်ဆက်အလုပ်လုပ်ရ
ခြင်းကြောင့်သတိသ္တာန်အတွက်လည်း လည်း ဖြစ်စေနိုင်တာကြောင့် အမျိုး သမီးများ
ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်း အမျိုးအစားတစ်ခုဖြစ်ပါတယ်။
By Health Digest
By Health Digest
0 comments:
Post a Comment