www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

အရယ်သန်သူများ မဖတ်ရ။...


မြန်မာကွ…

တစ်ခါက ဂျပန်သုတေသီတွေ မြေကြီးတူးပြီးရှာဖွေကြည့်ကြသတဲ့။ ပေ ၁၀၀၀
> တူးမိတဲ့အခါမှာ မြေကြီးထဲက ကြေးနီ Network ကြိုးတွေ၊
> ဖုန်းကြိုးတွေတူးမိကြတယ်။ ဒီတော့ ဂျပန်တွေက ဂုဏ်ယူပြီးပြောကြတယ်။ ”
> ဂျပန်တွေဟာ လွန်ခဲ့တဲ့နှစ် ၁၀၀၀ ကတည်းက Networking & Telecommunication
> ကို နားလည်နေကြပြီ” တဲ့။
>
> အမေရိကန်တွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၂၀၀၀ လောက်တူးမိတော့ Fiber Optic
> ကြိုးတွေ တူးမိကြတယ်။ ဒီတော့ အမေရိကန်တွေက ” လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက
> ယန်းကီးတွေဟာ Fiber Optic ကြိုးတွေ သုံးတတ်၊ တီထွင်တတ်နေကြပြီ ” ဆိုပြီး
> ဂုဏ်ဖေါ်ကြတယ်။
>
> မရှေးမနှောင်းမှာပဲ မြန်မာပြည်က ဆရာကြီးတွေကလည်း တူးကြပြန်ရောတဲ့။ ပေ
> ၅၀၀၀ သာရောက်ရော … ဘာမှမတွေ့ဘူး။ ဒါပေမယ့် နောက်တစ်နေ့ထုတ်
> သတင်းစာတွေမှာ စာလုံးမည်းကြီးတွေနဲ့ ပါလာတယ်။
>
> ” မြန်မာတွေ လွန်ခဲ့သော နှစ် ၅၀၀၀ က Wireless Technology ကို တွင်ကျယ်စွာ
> အသုံးပြုခဲ့ကြကြောင်း ” ဆိုပဲ။
>
> မြန်မာဆိုပြီး လက်မထောင်နိုင်ကြပါစေ။

လေထီးတပ်သားများ လေယာဉ်ပေါ်မှ တစ်ယောက်ချင်း လေထီးနဲ့ ခုန်ဆင်းနေကြသည်။
နောက်ဆုံးတွင် တပ်ကြပ်ကြီးနှင့် ရဲဘော်တစ်ဦးသာ ကျန်တော့သည်။ တပ်ကြပ်ကြီး
ခုန်ဆင်းရန် ပြင်သည်။ ရဲဘော်က ၄င်းကို အတင်းတားသည်။
"ဟင့်အင်း၊ ဟင့်အင်း။ ကျွန်တော် အရင်ဆင်းပါရစေ"
"ဟေ့ကောင် ဘာဖြစ်လို့လဲကွ"
"နောက်ဆုံးခုန်ဆင်းတဲ့ လူမှာ လေထီးမပွင့်တက်ဘူးလို့ အဘွားကပြောလို့"
"ဟာ။ ဒါအဓိပ္ပယ် လုံးဝမရှိတဲ့ စကားပဲ"
"မသိဘူး။ ကျွန်တော့်ကို အရင်ခုန်ဆင်းခွင့် ပြုပါ"
တပ်ကြပ်ကြီး တပ်သားကို အရင်ခုန်ဆင်းခွင့် ပြုလိုက်သည်။
ကောင်းကင်တွင် တပ်သားနှင့် လေထီးမပွင့်ပဲ အောက်သို့ ကျလာသော တပ်ကြပ်ကြီးတို့
ဆုံမိကြလေသည်။ တပ်ကြပ်ကြီးက အံကြိတ်ပြီးပြောသည်။
"ဟေ့ကောင်၊ မင်းအဘွားကို ပြောလိုက်။ နောင်ဘဝရောက်တဲ့အထိ သူ့ကို မကျေဘူးလို့

Picture

မိန်းမပျိုတစ်ဦးသည် မြို့ ထဲသို
့အလည်အပတ်ထွက်ရန်ပြင်ဆင်နေစဉ်မိခင်ဖြစ်သူက…
သမီးက ဘယ်ကိုသွားမလို
့လဲကွယ်၊ ရာသီဥတုတွေက ကြည်ကြည်လင်လင်ရှိတာမှမဟုတ်ဘဲ

ဂျင်မီနဲ့ ချိန်းထားလို့ ပါမေမေ၊ သူနဲ့ လျှောက်လည်ကြမလို့ ပါ

သတိထားနော် သမီး၊ မိုးများရွာမလားမသိဘူး၊ အမေလည်း သမီးအရွယ်တုန်းက
သမီးလိုပဲချိန်းထားတဲ့ ယောင်္ကျားကလေးသူငယ်ချင်းနဲ အလည်အပတ်ထွက်လိုက်တာ

လမ်းမှာ ရုတ်တရက်မိုးရွာချလိုက်လို့ မိုးအတိတ်စောင့်ရင်းနဲ
့မိုးစုန်းစုန်းချုပ်သွားတယ်၊
အိမ်ကိုမပြန်ရဲဘဲ သူခေါ်ရာနောက်ကို
အမေတစ်ခါတည်းလိုက်သွားခဲ့တယ်။သမီးလည်း
အမေ့လိုအဖြစ်မျိုး
ကြုံတတ်တယ်နော်၊ ဒီနေ့ မိုးလေမကင်းရှင်းဘူး
သမီးဖြစ်သူက
ဖြည်းလေးစွာပြန်လည်ပြောဆိုလိုက်လေ သည်။
စိတ်ချပါအမေ၇ယ်၊ ဒီနေ
့ရာသီဥတု သာယာမှာပါ မေမေ၇ယ်၊မိုးမရွာနိုင်ပါဘူး၊ သမီးကိုချိန်းထားတဲ
့ယောင်္ကျားကလေး က မိုးလေ၀သဌာနကပါမေမေ ဟူ၏။




၁။ ကောင်မလေး။ ။ ရှင် ကျွန်မတစ်ယောက်တည်းကို ချစ်တာသေချာလား..

ကောင်လေး။ ။ သေချာပါတယ်ကွာ.. ကိုယ်မနေ့ကဘဲ ကိုယ့်ရည်းစားစာရင်းကို သေချာ
ပြန်စစ်ကြည့်ပြီးပြီ..


၂။ ဆရာမ။ ။ ကိုယ်ပြောနေတာကို စိတ်ဝင်စားမှန်းမသိ၊ မ၀င်စားမှန်းမသိဘဲ
စကားတွေဇွတ်ပြီး ပြောနေတဲ့သူမျိုးကို ဘယ်လိုခေါ်လဲ ?

ကျောင်းသား။ ။ ဆရာမလို့ခေါ်ပါတယ်..


၃။ စားပွဲထိုး။ ။ ဆရာ ကော်ဖီက ဘလက်ကော်ဖီဘဲ ယူမှားလားခင်ဗျာ

စားသုံးသူ။ ။ မင်းတို့ဆိုင်မှာ ကော်ဖီကဘာအရောင်နဲ့များရသေးလို့လဲ?


၎။ ကောင်လေး။ ။ ကိုယ်မင်းလက်ကလေးကို ကိုင်ထားပါရစေ။

ကောင်မလေး။ ။ နေပါစေ ကျွန်မလက်က ဒီလောက်မလေးပါဘူး..


၅။ တရားဟောဆရာ။ ။ ဆမ်.. ငါ့ကို အမှန်အတိုင်းပြောစမ်း. . . မင်းဟာထမင်းမစားခင်မှာ
ဆုတောင်းလား. မတောင်းဘူးလား?

ဆမ်။ ။ ဆုတောင်းဖို့ မလိုပါဘူးခင်ဗျာ.. ကျွန်တော့်အမေက ဟင်းချက်ကောင်းပါတယ်…


၆။ ဆရာမ။ ။ ကဲ တစ်ထပ်တည်းကျတဲ့ တိုက်ဆိုင်မှု တစ်ခုခုကို နမူနာ ပြောပြ
စမ်းပါဦးကွယ်..

ကျောင်းသား။ ။ ကျွန်တော့်အဖေနဲ့ အမေဟာတစ်ချိန်တည်း တစ်နေရာတည်းမှာ
မင်္ဂလာဆောင်ခဲ့ပါတယ် ဆရာမ....


၇။ ဆရာ။ ။ ဂျော့ခ်ျဝါရှင်တန်ဟာ ခွင့်ပြုချက်မရဘဲ သူ့အဖေ သိပ်နှစ်သက်တဲ့
ချယ်ရီပင်လေးကို ပုဆိန်နဲ့ ခုတ်လှဲပစ်လိုက်တယ်.. ဒါပေမဲ့ သူ့အဖေက
သူ့ကိုအပြစ်မပေးခဲ့ဘူး.. အဲဒါဘာကြောင့်လဲဆိုတာ ဘယ်သူသိလဲ?

ကျောင်းသား။ ။ သူ့လက်ထဲမှာ ပုဆိန် ကိုင်ထားဆဲဖြစ်လို့ပါဆရာ


၈။ ဆရာမ။ ။ နေနဲ့လ ဘယ်ဟာက ပိုပြီး တို့တွေအတွက် အရေးကြီးတယ် ထင်သလဲ

ကျောင်းသား။ ။ လပါဆရာမ

ဆရာမ။ ။ ဘာဖြစ်လို့လက ပိုအရေးကြီးတာလဲ?

ကျောင်းသား။ ။ လက ကျွန်တော်တို့အလင်းရောင် လိုအပ်နေတဲ့ညမှ ပေါ်လာပြီးတော့
နေကတော့ အလင်းရောင်မလိုအပ်တဲ့ နေ့လည်မှ ပေါ်လာလို့ပါ။


၉။ ဆရာမ။ ။ ဆမ် မင်းဟာတော်တော်ကို စကားများပါလား

ဆမ်။ ။ ကျွန်တော်တို့မျိုးရိုးက စကားများတဲ့မျိုးရိုးမို့ပါ

ဆရာမ။ ။ ပြောစမ်းပါဦး မင်းတို့မျိုးရိုးကဘာတွေမို့လဲ

ဆမ်။ ။ ကျွန်တော့်အဖိုးက နိုင်ငံရေးတရားဟောတဲ့သူ၊ ကျွန်တော့်အဖေကတော့
ကျောင်းဆရာ

ဆရာမ။ ။ မင်းအမေကရော

ဆမ်။ ။ ကျွန်တော့်အမေက မိန်းမ တစ်ယောက်ဖြစ်လို့ပါ..

ဆွေမျိုး
''ရဲဘော်တို့ တပ်မတော်ဟာ ငါတို့ရဲ့မိခင်ပဲဖြစ်တယ်၊တပ်သားမောင်မြ တပ်မတော်ဟာ မင်းရဲ့ဘာလဲ''
''ကျွန်တော့် မိခင်ပါ'' ''ဟုတ်တယ်၊ကဲတပ်သားမောင်အ ပြောစမ်း''
''တပ်မတော်မှာ မောင်မြရဲ့အမေပါ'' ''ဟာ တပ်မတော်ဟာ မောင်မြရဲ့ မိခင်ဖြစ်သလို မင်းရဲ့မိခင်လည်းဖြစ်တယ်ပြန်ပြော''
''ဟုတ်ကဲ့ ကျွန်တော်ဟာ မောင်မြရဲ့ ညီဖြစ်ပါတယ်''

ထင်သလောက်မဟုတ်ပါဘူး
ခရီးသွားအဖွဲ့တစ်သည် တနေရာတွင် လူတစ်ယောက်နှင့်ခွေးတစ်ကောင်စစ်တုရင်ကစားနေသည်ကိုတွေ့လိုက်
ရသဖြင့် အံ့ဩစွာဖြင့် ထိုလူကိုမေးလိုက်သည်၊
''ဒီခွေးကစစ်တုရင်တောင်ထိုးတတ်တယ် ဆိုတော့တော်တော်ဉာဏ်ကောင်းမှာပဲနော်''
''ဟာ ခင်ဗျားတို့ထင်သလောက်မဟုတ်ပါဘူး အခုတစ်ပွဲစီ သရေကျနေတယ်''

တတ်အောင်သင်လိုက်တယ်
တစ်ခါက ဓားပြတစ်ဖွဲ့သည် အင်္ဂလိပ်လူမျိုး၊ပြင်သစ်လူမျိုး၊မြန်မာလူမျိုး သုံးယောက်ကိုဖမ်းမိသည်။
ထို့နောက်တစ်ယောက်စီကို အခန်းတစ်ခန်းစီတွင် မျောက်မတစ်ကောင်စီနှင့်ထားသည်။
အစားအသောက်အပြည့်အစုံနှင့်ထားပြီး တစ်နှစ်အတွင်း မျောက်မကိုစကားပြောတတ်အောင်သင်ခိုင်းသည်။
တစ်နှစ်ကြာလို့မှ စကားမပြောတတ်လျှင် အသက်ခံရမည်ဖြစ်သည်။
တစ်နှစ်ကြာသော် အင်္ဂလိပ်၏အခန်းကိုသွားစစ်သည်၊ အင်္ဂလိပ်သည်မျောက်မနှင့်ညစာအတူစားနေသည်
''ဒီမျောက်မက စကားမသင်ချင်ဘူးဗျ'' အင်္ဂလိပ်ကိုသတ်လိုက်သည်
ပြင်သစ်၏အခန်းကိုသွားစစ်သည်၊ပြင်သစ်သည်မျောက်မနှင့်အတူအရက်ထိုင်သောက်နေသည်
''ဒီကောင်မက ပြင်သစ်စကားကိုမလေးစားဘူးဗျ သူစကားမပြောတတ်သေးဘူး''
ပြင်သစ်ကိုသတ်လိုက်သည်။နောက်ဆုံးမြန်မာ၏အခန်းကိုသွားကြည့်ရာ သိသိသာသာဝဖြိုးလာသော
မြန်မာလူမျိုးနှင့် ပိန်ချုံးနေသောမျောက်မကိုတွေ့လိုက်ရသည်
''ဟာ ဟိတ်ကောင် မင်း မျောက်မကိုအစာမကျွေးဘူးလားကွ'' ''ကျွေးသားပဲ တစ်နေ့ကိုသုံးနပ်တောင်ကျွေးတယ်''
ထိုအချိန်တွင်မျောက်မကဝင်ပြောသည်
''သူလျှောက်ပြောနေတာမယုံကြပါနဲ့ရှင်'' ထို့နောက်မြန်မာလူမျိုးဘက်လှည့်ကာ
''အကိုကြီးရယ် ကျွန်မကိုထမင်းကျန်၊ဟင်းကျန်လေးနဲနဲလောက်ကျွေးပါ''


သင်္ဘောသား
သင်္ဘောကမ်းကပ်သောအခါ သင်္ဘောသားများကမ်းပေါ်ခဏတက်ခွင့်ရသည်
ကပ္ပတိန်သည် စည်းကမ်းကြီးသူတစ်ဦးဖြစ်သည်။အရက်တွေဘာတွေ သောက်တာမကြိုက်
သင်္ဘောသားတစ်ဦးသည် အရက်ပုလင်းနှစ်လုံးကိုလက်တစ်ဖက်စီတွင်ကိုင်ပြီး တက်လာသည်
ကပ္ပတိန်တွေ့သွားသည် ''ဟေ့ ငါဟိုဘက်လှည့်ထားမယ်တစ်ကနေတစ်ဆယ်အထိရေမယ်
ရေထဲကိုကျသွားတဲ့ အသံနှစ်သံကြားချင်တယ်'' ''ဗွမ်း..... ဗွမ်း....''
''အင်းဒီလိုမှပေါ့၊မင်းသွားတော့''ဆိုပြီးနောက်လှည့်ကြည့်လိုက်သည့်အခါ
''ဟာ ဟာ ဟေ့ကောင် မင်းဖိနပ် နှစ်ဖက် ဘယ်ရောက်သွားတာလဲ?

ဖဲသမားလေး
''ပီတာလေး ဆရာမကို တစ်ကနေတစ်ဆယ်အထိ ဆိုပြစမ်း''
''၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ဂျက်၊ ကွင်း၊ ကင်း''

နောက်ဆိုမှတ်ထား
ပီတာလေးသည် သူငယ်ချင်းနှင့်အတူလမ်းလျှောက်လာသည်။တစ်နေရာအရောက်တွင်မြောင်းပေါက်တစ်ခုတွေ့ရာ
သူငယ်ချင်းကိုအကောက်ကြံလိုသဖြင့် ''မိုးပေါ်ကို ကြည့်လိုက်စမ်း မိကျောင်းတွေ ပျံနေတယ်''
သူငယ်ချင်းကမော့ကြည့်သည်၊ကံကောင်းစွာ မြောင်းပေါက်ထဲမကျချေ၊နှစ်ယောက်သားလမ်းဆက်လျှောက်သွားကြသည်
အနောက်မှ မြောင်းရေတွေပေကျံနေသော လူကြီးတစ်ယောက်လိုက်လာပြီးပြောသည်
''ကလေးတို့ နောက်ဆိုမှတ်ထား မိကျောင်းတွေဟာ ဘယ်တော့မှလေပေါ်မှာ မပျံတတ်ဘူး''

အပြစ်လား
မီးလောင်ခဲ့မှူကို တရားရုံးတွင်မျက်မြင်သက်သေထွက်ဆိုနေသည်၊
''ကျွန်တော်တရေးနိုး ဆူဆူညံညံအသံတွေကြားလိုက်ရတော့ အခန်းအပြင်ဘက်မှာမီးရောင်တွေကို
တွေ့လိုက်ရတယ်၊ဒါနဲ့ ကျွန်တော့် မိန်းမရဲ့ဂါဝန်ကိုလှန်လိုက်တယ်''
''တရားရုံးမှာ အမှူနဲ့မဆိုင်တဲ့စကားတွေကိုမပြောပါနဲ့'' တရားသူကြီးကသတိပေးတယ်။
''ဟုတ်ကဲ့ မီးရောင်တွေတွေ့တော့ ကျွန်တော် မိန်းမရဲ့ဂါဝန်ကိုလှန်ပြီးကြည့်လိုက်တယ်''
''မောင်မင်း တရားရုံးမှာ အမှူနဲ့မဆိုင်တဲ့စကားတွေကို ပြောရင်အရေးယူခံရနိုင်တယ်နော်''
''တရားသူကြီးမင်းခင်ဗျား ခန်းဆီးလိုက်ကာကို ကျွန်တော့် မိန်းမရဲ့ ဂါဝန်စနဲ့ချုပ်မိတာအပြစ်လားဗျာ''.....
အကြွေးထဲကနှိမ်လိုက်
ပည့်တန်ဆာမှုနဲ့ စွဲချက်တင်ခံရသည့် မိန်းကလေးတစ်ယောက်ကို တရားသူကြီး
တစ်ယောက်က စစ်ဆေးနေ သည်။

မေး။ ။ နင့် နာမည်ဘယ်လိုခေါ်လဲ။

ဖြေ။ ။ အို ဘာလို့ မေးတာလဲ။ သူ သိသားနဲ့။

မေး။ ။ နင် ပိုက်ဆံယူပြီး ယောကျာ်းတွေကို ဖျော်ဖြေတယ်ဆိုတာဟုတ်သလား။

ဖြေ။ ။ အို မေးပြန်ပြီ၊ သူလည်း လာဖူးတာပဲ။


တရားသူကြီးမှာ ရှက်လာသည်။ သို့နှင့် ဆက်မမေးတော့ပဲ အမှုကို
အမြန်စီရင်ချက်ချလိုက်သည်။


“ပြစ်မှုကျူးလွန်တဲ့အတွက် ငွေဒဏ် (၂၀၀၀) ကျခံစေ။”

မိန်းကလေးက ပြန်ပြောလိုက်သည်။

“ဒါလေးများ - ရပါတယ်။ သူ့အကြွေးထဲက နှိမ်လိုက်ပေါ့။”

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်