www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

သွေးလှူဒါန်းမှုနှင့် လူငယ်များ

လောကကြီး ကို အကောင်းမြင် စိတ်နဲ့ ကြည့် လိုက်ရင်၊ စိတ်ချမ်း သာ စရာတွေ အများကြီး တွေ့နိုင်ပါတယ်။ "နေတတ်ရင် ကျေနပ်စရာပါ" ဆို သလို နေခွင့်၊ အသက်ရှင်သန်ခွင့် ရနေတာကိုက ကျေနပ်စရာ၊ ရှင်သန် နေခွင့်ရတုန်းမှာ နေတတ်အောင်နေရင် ပိုပြီးကျေနပ်စရာဖြစ်ပါတယ်။ လောက ကြီးရဲ့ အလှအပများစွာထဲမှာ ချစ် စရာလူငယ်လေးတွေကိုလည်း တွေ့ နိုင်ပါတယ်။ ကျွန်တော်တို့ လူငယ် ဘဝရောက်ချိန်က လူငယ်ဘဝရဲ့ တန်ဖိုးရှိမှုကို သတိမပြုမိခဲ့ပါဘူး။
အရွယ်ရောက်တော့မှ လူငယ်ဘဝရဲ့ ဥာဏ်သစ်၊ လူသစ်၊ အင်အားသစ် တွေနဲ့ တက်ြွကရွှင်လန်းတဲ့ဘဝကို ပြန်ပြီးတမ်းတမိပါတယ်။ ယနေ့ မျက် မှောက်ကာလမှာ လူငယ်လေးတွေ ကို တက်ြွကရွှင်လန်းစွာ တွေ့ရ ပါတယ်။ ပညာကိုလိုချင်တဲ့ လူငယ် တွေ၊ ထူးချွန်ထက်မြက်လိုတဲ့ လူငယ် တွေ၊ လေ့လာစူးစမ်းလိုတဲ့စိတ်ဓာတ် ပြင်းပြတဲ့လူငယ်တွေ များစွာတွေ့ရ ပါတယ်။ Passion စိတ်ဓာတ်ပြင်းပြ တဲ့ လူငယ်တွေ၊ Vision ရည်မှန်း ချက် အမြင်ရှိတဲ့ လူငယ်တွေ များစွာ တွေ့ရပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ အဖိုးတန် လူ့အရင်း အမြစ်တွေ များစွာရှိပါတယ်။ သို့သော် လောကကြီးရဲ့ ဆန့်ကျင်ဘက်သဘာဝအရ တစ်ဖက်ကလည်း ပညာမလို လားသူ၊ ပေါ့ပျက်ပျက်တွေး တတ်ခံစားတတ်သူ၊ အများ အတွက် စိတ်မဝင်စားသူ လူ ငယ်လေးတွေကို တွေ့နိုင်ပါ တယ်။ Me Generation လို့ ခေါ်တဲ့ အတိုင်း မိမိအတွက်သာ ဦးစားပေး တတ်တဲ့ လူငယ်မျိုးဆက်သဘာဝကို တွေ့နိုင်ပါတယ်။
ခေတ်ကာလ အခြေ အနေ၊ ပတ်ဝန်းကျင်အခြေအနေများရဲ့ ရောင်ပြန်ဟပ်မှု၊ ပုံသွင်းခံရမှုများ ကြောင့် ဖြစ်ပါလိမ့်မယ်။ စိုးရိမ်စရာ ကောင်းတာက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များနဲ့ ပတ်သက်သော အရွယ်မတိုင်မီ ကူးစက်ရောဂါဆိုးတွေ ကူးစက်ခံရ တာတွေများပြားလာနေတာ တွေ့ရ ခြင်းဖြစ်ပါတယ်။ အလွယ်တကူဝယ်ယူ သောက်သုံးနိုင်တဲ့ ဆေးလိပ်ဆေးရွက် ကြီးသာမက၊ အရက်အမျိုးမျိုးတွေ ပေါများလှတဲ့အတွက် လူငယ်လေး တွေရဲ့ ကျန်းမာရေး၊ အကျင့်စရိုက်၊ စိတ်ဓာတ်စရိုက်ဆိုးတွေနဲ့ပတ်သက်ပြီး အထူးစိုးရိမ်မိတာပါပဲ။
လူငယ်လေးအချို့ဆိုရင် အရက် ကြောင့် အရွယ်တောင်မရောက်သေး ဘူး အသည်းရောဂါတွေရပြီး၊ ကုသ ခံကြရ၊ နောက်ဆုံး Untimely Death ဆိုတဲ့ အချိန်မတိုင်မီသေဆုံးရတာတွေ အများအပြား တွေ့နေရပါတယ်။ အ ညွန့်တလူလူတက်ပြီး မျှော်လင့်ချက် ရည်မှန်းချက်တွေနဲ့ ဝေဆာနေရမယ့် အဖိုးတန်လူငယ်ဘဝဟာ ဒီလိုအဖြစ် မျိုးနဲ့ အဆုံးမသတ်သင့်ဘူး။
ဒါဟာ နိုင်ငံနဲ့ လူမျိုးအတွက်ပါ အထူးနစ်နာ လှပါတယ်။ ဒီလိုလူငယ်မျိုးလေးတွေ နိုင်ငံမှာ များလာနေရင် သိပ်ရင်နာစရာ ကောင်းတဲ့ အဖြစ်မျိုးတွေနဲ့ ကြုံကြ ရရုံမက၊ အနာဂတ်အတွက်ပါ ရင် လေးစရာဖြစ်ပါတယ်။ ဒါကြောင့် အင်မတန်ပေါများလှတဲ့ အရက်တွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသောက်သုံး နေကြတာတွေကို ဆန်းစစ်သင့်ကြပါ ပြီ။
လူငယ်တွေ၊ နိုင်ငံသားတွေ၊ နိုင်ငံ့အနာဂတ်တွေအတွက် ဒီအတိုင်း ပဲ အရက်တွေကို ဖောဖောသီသီ ပေါပေါများများ ထုတ်နေ၊ ရောင်းနေ၊ သုံးနေစေသင့်သလားဆိုတာ စဉ်းစား သင့်ပါပြီ။ လူငယ်အများကို အရက်၊ ဘီယာ၊ ဆေးလိပ်၊ မူးယစ်ဆေးဝါးစတာတွေနဲ့ မဆက်စပ်၊ မပတ်သက်စေချင်ပါဘူး။ ပညာရေး၊ ဖွံ့ဖြိုးရေး၊ ပရဟိတ အရေးတို့မှာ စိတ်ပါဝင်စားစေချင်ပါ တယ်။ ဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်း စာကိုသာမက ကျောင်းပြင်ပ သင်ယူ လေ့လာမှုများကိုလည်း လေ့လာသင့် ပါတယ်။
အများအကျိုးပြုတဲ့ ပရဟိတ လုပ်ငန်းများမှာ လူငယ်များပါဝင် လှုပ်ရှားခွင့်ပေးသင့်ပါတယ်။ "ပရိ စာဂ" ဆိုတဲ့ ပေးကမ်းစွန့်ကြဲ အလှူ ဒါနပြုခြင်းမှာ လူငယ်များအနေနဲ့ မိမိရဲ့ သွေးလှူဒါန်းခြင်းကို ဆောင် ရွက်သင့်ပါတယ်။ "အင်္ဂပရိစာဂ" ဆို တဲ့ ကိုယ်အင်္ဂါများ ပေးကမ်းလှူဒါန်း ခြင်းမှာ သွေးလှူဒါန်းခြင်းဟာ ပေး လှူသူကိုလည်း အ္တရာယ်တစ်စုံ တစ်ရာ မဖြစ်စေနိုင်၊ ထိခိုက်စေခြင်း မဖြစ်နိုင်တဲ့ မြင့်မြတ်တဲ့ လှူဒါန်းမှု တစ်ခုလို့ ယူဆပါတယ်။
အသက် ၁၈ နှစ် ပြည့်ပြီး ပုံမှန်ကျန်းမာကြံ့ခိုင်နေတဲ့ လူငယ်တိုင်း သွေးလှူဒါန်းနိုင်ပါတယ်။ သွေးလှူတာက မိမိရဲ့ သွေးနဲ့ အသက်ဆက်ခံရမယ့်သူ တစ်ဦးကို ထိရောက်စွာ ကူညီနိုင်တဲ့ အသက် ကယ်၊ အသက်လှူ၊ အာယုဒါန တစ်မျိုးလို့လည်းထင်ပါတယ်။ သွေးလှူတဲ့ လူငယ်ဟာ မိမိရဲ့ ကျန်းမာရေးကိုလည်း စစ်ဆေးပြီးသား ဖြစ်သွားပါတယ်။ သွေးလှူရှင်ဟာ Health Screeningေ ခါ် တဲ့  ကျန်းမာရေး စစ်ဆေးမှု ခံယူရပါ တယ်။
အသည်းရောင်အသားဝါဘီ၊ စီပိုးများ၊ ငှက်ဖျားပိုး၊ HIV/ AIDS ရောဂါပိုးများ စသည်တို့ကို စစ်ဆေးရ ပါတယ်။ သွေးအုပ်စုတင်မက အထက် ပါရောဂါ ပိုးများ ရှိ၊မရှိကိုပါ စစ်ဆေး ပြီးသား ဖြစ်သွားပါတယ်။ အသည်း ရောင် အသားဝါ "ဘီ" ပိုးမရှိရင်၊ ဘီပိုး ကာကွယ်ဆေး(မထိုးရသေးရင်) ထိုး နှံပြီး ကာကွယ်ထားလို့ရပါတယ်။
Health Screening လုပ်ပြီးတာနဲ့ မိမိရဲ့ ကျန်းမာရေး အခြေအနေကို အမြဲတမ်း ကောင်းနေအောင် ထိန်း သိမ်းလိုစိတ်တွေ ဝင်လာနိုင်ပါတယ်။ မိမိရဲ့ ခန္ဓာကိုယ်ကို အချိန်မတိုင်မီ ယိုယွင်းပျက်စီးမှု မရှိရအောင်၊ မိမိ ကိုယ်တိုင်က ပြုပြင်ထိန်းသိမ်းမှရပါ တယ်။ စားသောက်နေထိုင်မှုပုံစံဟာ ကျန်းမာရေးနဲ့ ညီညွတ်ရင် တစ်သက် လုံး ကောင်းမွန်တဲ့ ကျန်းမာရေး အခြေအနေကို ရရှိနိုင်ပါတယ်။ ကျန်းမာခြင်းရဲ့ တန်ဖိုးကို မိမိ ကိုယ်တိုင် မကျန်းမာမှ၊ ဆေး ကုခံစားရမှ၊ အသက်အရွယ်ရ လာမှသာ သိလာတတ်ကြတာ ပါ။
သွေးလှူဒါန်းခြင်းဟာ အသက် ကယ်တဲ့ ဇီဝိတဒါန အလုပ်မျိုးဖြစ် သလို၊ မိမိရဲ့ ကျန်းမာရေး အခြေ အနေကိုပါ စစ်ဆေးပြီးသား ဖြစ်သွားတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ သွေးပေါင်ချိန်တာကအစ၊ သွေးစစ် ဆေးမှုများ အပါအဝင် မိမိအတွက် အကျိုးများလှသော စစ်ဆေးမှုများခံ ယူရခြင်းဖြစ်ပါတယ်။
လေးလတစ်ကြိမ် သွေးလှူနိုင်တာမို့၊ နောက်တစ်ကြိမ် သွေးလှူခံနိုင်ဖို့ မိမိရဲ့ ကျန်းမာရေးကို ထိန်းသိမ်းလိုစိတ်တွေ ဝင်လာနိုင်ပါ တယ်။ သွေးလှူဒါန်းမှုကို စိတ်ပါဝင် စားပြီး ပျော်မွေ့လာတဲ့ လူငယ်လေး တွေဟာ အရက်၊ ဆေးလိပ်၊ မူးယစ် ဆေးဝါး စတာတွေကိုလည်း စိတ်ဝင် စားမှု လျော့ပါး၊ ဝေးကွာသွားနိုင်ပါ တယ်။
ဗုဒ္ဓရဲ့ အဆုံးအမများနဲ့ ကြီးပြင်းလာကြတဲ့ ကျွန်တော်တို့ လူမျိုးများဟာ ယဉ်ကျေးသိမ်မွေ့ကြ ရုံမက အလှူအတန်းမှာပါ ဝါသနာထုံ ကြပါတယ်။ အနာဂတ်ရဲ့ မျိုးဆက်များ ဖြစ်တဲ့ လူငယ်များ သွေးလှူဒါန်းမှု မှာ စိတ်ဝင်စားကြပြီး အများအကျိုး ပြုလိုစိတ်များ ကိန်းအောင်းလာအောင် ပြုပြင်အားပေးသင့်ပါတယ်ခင်ဗျား။
By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်