www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

ဟာသအတိုအထွာများ (၁၀)

အကြွေးများလေ ကောင်းလေဘဲ…..
အက်ဘီ နဲ့ အက်စသာ တို့ဟာ နှစ်၄၀ပြည့် မင်္ဂလာနှစ်ပတ်လည်
ဟန်းနီးမွန်း ၂ပတ် ခရီးအတွက် သြစတြေးလျှကို လေယာဉ်နဲ့ ထွက်ခွာလာပါတယ်..
ပျံသန်းလာပြီး လေယာဉ် ခရီးတစ်ဝက်မှာ လေယာဉ်မှူးထံမှ ကြေငြာချက်တစ်ခု ထွက်ပေါ်လာပါတယ်..
“အမျိုးကောင်းသမီးများနဲ့ အမျိုးကောင်းသားများ ခင်ဗျာ. ကျွန်တော့မှာ သတင်းဆိုးတစ်ခု ကြော်ငြာဖို့ရှိပါတယ်..
ကျွန်တော်တို့လေယာဉ်ဟာ အင်ဂျင်စက် ချို့ယွင်းသွားတဲ့အတွက် အရေးပေါ် ဆင်းသက်ရပါလိမ့်မယ်..
ကံကောင်းစွာဘဲ ကျွန်တော်တို့ အောက်တည့်တည့်မှာ ကျွန်းကလေးတစ်ကျွန်းကို တွေ့ရပါတယ်.
ဒါကြောင့် အဲဒီကျွန်းကို အရေးပေါ် ဆင်းသက်ပါမယ်..
ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးစံနစ်လဲ ပျက်စီးသွားပြီ ဖြစ်တဲ့အတွက် ဒီကျွန်းပေါ်ကို ဘယ်လိုကယ်ဆယ်ရေးမှ ရောက်လာနိုင်စရာမရှိပါဘူး..
ဒါကြောင့် ကျွန်တော်တို့ဟာ ဒီကျွန်းပေါ်မှာဘဲ တစ်သက်လုံး နေထိုင်သွားရဖို့ ရှိပါတယ်…”
လေယာဉ်မှူးရဲ့ ကျွမ်းကျင်မှုကြောင့် လေယာဉ်ဟာ ချောချောမွေ့မွေ့ဘဲ ကျွန်းပေါ်ကို ဆင်းသက်နိုင်ခဲ့ပါတယ်..
ကျွန်းပေါ်ရောက်တဲ့အခါ အက်ဘီဟာ သူ့မိန်းမ အက်စ်သာကို မေးလိုက်ပါတယ်..
“အက်စ်သာ ငါတို့ပေးစရာရှိတဲ့ ရှေ့နေခ ဒေါ်လာ၅၀၀၀ ပေးပြီးခဲ့ပြီလား.. ”
“ဟင့်အင်း မပေးရသေးဘူး”
“ဘဏ်မှာ ပေးဖို့ရှိတဲ့ ဘဏ်ကြွေး ဒေါ်လာ ၂၅၀၀၀ ရော ပေးဖို့ သတိရခဲ့ရလား”
“အိုး.. ကျွန်မ မေ့သွားခဲ့တယ်.. မပေးခဲ့ရဘူး. ”
“ငါတို့အကြွေးနဲ့ ၀ယ်ထားတဲ့ အိမ်နဲ့ ကားအတွက်လဲ ဒီလ ငွေ ပေးသွင်းခဲ့ပြီလား”
“အိုး ကျွန်မတောင်းပန်ပါတယ်.. အဲဒါလည်း မပေးခဲ့ရသေးဘူး”
အက်စ်သာရဲ့ စကားအဆုံးမှာ အက်ဘီဟာ အက်စ်သာကို ပွေ့ဖက်လိုက်ပြီး ၀မ်းသာအားရ အနမ်းခြွေလိုက်ပါတယ်..
အက်စ်သာက အထိတ်တလန့် မေးလိုက်ပါတယ်.. “ဘယ်လိုဖြစ်တာလဲ ရှင် ရူးနေပြီလား”
“ငါတို့ ပူစရာမလိုတော့ဘူး အကြွေးရှင်တွေ ငါတို့ကို လိုက်ရှာကြလိမ့်မယ် ” တဲ့…
(ဒီတော့ အကြွေးများများ တင်ထားတာ ပိုကောင်းတယ်နော်) :):)


တော်လိုက်တဲ့အရက်သမား…..
အရက်သမားတစ်ယောက်ဟာ ငိုယိုပြီး အရက်ဘားတစ်ခုထဲကို ၀င်လာပါတယ်..
လူတစ်ယောက်က သူ့ကို “ဘာဖြစ်လာတာလဲ ”လို့ လှမ်းမေးလိုက်တော့ “
ကျွန်တော် ဆိုးဆိုးဝါးဝါးကိစ္စတစ်ခုကို လုပ်ခဲ့မိပြီဗျာ..
လွန်ခဲ့တဲ့ တစ်နာရီလောက်က ကျွန်တော့မိန်းမကို တောင်ပိုင်းကလာတဲ့
အရက်တစ်ပုလင်းနဲ့ ကျွန်တော် ရောင်းပစ်လိုက်မိတယ်” လို့ ငိုရှိုက်ရင်း ဖြေပါတယ်..
“ဟာ ဆိုးလိုက်တာ.. ဒါဆို အခု ခင်ဗျား နောင်တရနေပြီပေါ့.. ခင်ဗျားမိန်းမကို ပြန်လိုချင်နေပြီမဟုတ်လား ”ထိုလူက အရက်သမားကို ပြန်ပြောပါတယ်..
“ဟုတ်ပါတယ်ဗျာ”.. အရက်သမားကလည်း ငိုရင်းက ပြန်ဖြေပါတယ်..
“ခုတော့ ခင်ဗျား သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ အခုချိန်ကျမှာ သဘောပေါက်ပြီမဟုတ်လား.. ခင်ဗျားသူ့ကို ခုထိ ချစ်နေသေးတယ်မဟုတ်လား ”
“မဟုတ်တာဗျာ.. ကျွန်တော် သူ့ကိုပြန်လိုချင်တာက ကျွန်တော်အခု အရက်သိပ်သောက်ချင်နေပြီဗျ..”
(ဒီလိုလူတော့ ဝေးဝေးက ရှောင်မည်) :)
တော်လိုက်တဲ့ အမူးသမား…..

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်