www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

ကိုရီးယား ဇာတ်ကားရည်းစားစာ

ချစ်သူ
ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့မင်းကို ကိုယ်
တကယ်သဘောကျတယ်………
မင်းနဲ့ကိုယ်လိုချစ်ကြတဲ့ချစ်သူတွေ ရှိတော့ရှိတယ်ရှားတယ်……..လေ
ချစ်သောဒီကမ္ဘာ……..မှာ မင်းသာရွှေမင်းသားလေးဖြစ်မယ်ဆိုရင်
ကိုယ်က ရွှေမင်းသားလေးရဲ့အချစ်ဦး….ပေါ့နော်
နွဲ့ဆိုးဆိုးသူကိုယ့်ချစ်သူ………မင်းကိုကိုယ်တကယ်
မမေ့ရက်ဘူးအချစ်ဦးရယ်………..
တို့နှစ်ယောက်ရဲ့ ဆည်းဆာရင်ခုန်သံ….များကို…ပဲပေါင်မုန့်..နဲ့…ပေါက်ပေါက်ဆုပ်…စားရင်း
ဖြတ်သန်းခဲ့ကြတာမင်းမှတ်မိရဲ့လားချစ်သူ
ဆောင်းဦးရွက်ကြွေချစ်သက်သေ……..အဖြစ်……ကော်ဖီချစ်သူ…မင်းကို
ကိုယ်စူပါကော်ဖီတစ်ထုပ်ပေးခဲ့တုန်းက မင်းကလည်း
ကိတ်မုန့်ချစ်သူ……….ကိုယ့်ကို cakeboy တစ်ခုပြန်ပေးခဲ့တယ်လေ
ဒါတွေဟာအခုတော့……..ဒဏ္ဍာရီထဲကပုံပြင်လေးတစ်ပုဒ်……..ပေါ့နော်
ပြုံးလှည့်ပါချစ်သူရယ်………..
မင်းရဲ့အပြုံးကိုကိုယ်မမြင်ရတာကြာပြီပေါ့ကွယ်
ကိုယ့်ရဲ့ရင်ထဲမှာမင်းကို……..လွမ်းမပြေ……..တဲ့စိတ်နဲ့
မျက်ရည်မိုး……တွေရွာသွန်းနေပါပြီ
မင်းရဲ့………မျက်ဝန်းရိပ်……ထဲမှာ ကိုယ်ရှိသေးရဲ့လားချစ်သူ
မရှိရင်ကိုယ့်ကို စိတ်မပူပါနဲ့
ကိုယ်……..နန်းတွင်းရတနာ……..ထဲမှာရှိပါတယ်
မင်းရဲ့အချစ်ကတော့
စံပါပဲ……..နော်
တို့နှစ်ယောက်……မခွဲအတူ………နေမယ်ပြောပြီးတော့
မာယာထောင်ချောက်……..နဲ့လှည့်စားသွားတာလား
ဟေမာန်ဆောင်းရဲ့ချစ်သံစဉ်……..မှာ ပျောက်ဆုံးသွားတဲ့
ကိုယ့်ရဲ့……ဆောင်းနှင်းချစ်သူ……..ကို
ရှာနေမိပါတယ်
ဒါပေမယ့်မင်းက…….ပင်လယ်ပျော်မင်းသား……..ဖြစ်နေတဲ့အတွက်
ကိုယ်တို့မဆုံဖြစ်ခဲ့ပါဘူး
ချစ်သူရယ်
ကိုယ်တို့နှစ်ယောက်ဟာ……ဆန့်ကျင်ဘက်နှလုံးသား…….တွေ
ဖြစ်ကုန်ပြီထင်ပါရဲ့
မင်းနဲ့ကိုယ်နဲ့ကြားမှာ……လျှို့ဝှက်ချက်…….တွေ
စည်းခြားထားသာအချစ်……..တွေ ရှိနေပြီလားချစ်သူ
ဒါဆိုရင်တော့ ကိုယ်
စပိုင်ချစ်သူ…..တစ်ယောက်ရှာမှဖြစ်တော့မယ်ထင်တယ်
မင်းဟာ……..ကိုယ့်အချစ်ဆုံး…..ပါချစ်သူ
ဤမှန်သောသစ္စာစကားကြောင့်…………………..
တို့နှစ်ယောက်ရဲ့…..ချိုမြိန်သောအချစ်နေ့ရက်များ
ပြန်လည်ရရှိပါစေ
တို့နှစ်ယောက်ရဲ့……..ချစ်စံအိမ်…….ဖြစ်တဲ့
မြက်ခင်းစိမ်းပေါ်ကအိမ်ကလေး…….မှာ
ခေါင်မိုးပေါ်ကကြောင်ကလေး………နဲ့အတူ
မင်းကိုစောင့်နေမယ့်………..

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်