www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

ကော့စမက်တစ် ခွဲစိတ်မှု အကြောင်း သိထားသင့် တဲ့ အချက်များ

ခွဲစိတ်မှု (Cosmetic Surgery) ပြုလုပ်ပြီး သူတို့ရဲ့ မပြုပြင် မီ ပုံ များနှင့် ပြုပြင်ပြီး ပုံများကို တွေ့မြင် ဖူးကြ မှာပါ။ တချို့ကကောင်းပါတယ်။ တချို့ကတော့ ထိတ်လန့်စရာပဲ။ သင့်အနေနှင့် ခွဲစိတ်ပြုပြင်မှုခံယူဖို့ စဉ်းစားနေပြီဆိုရင် ခွဲစိတ်ပြီးနောက် ခံစားရနိုင်တဲ့ ထိတ်လန့်တုန်လှုပ် ခြင်းတွေကိုရှောင်ရှားဖို့ ကြိုတင်ပြင်ဆင်ရမယ့် အချက်အလက် များ သိရှိထားရပါတယ်။
-အလှအပ ခွဲစိတ်ပြုပြင်ခြင်းက စင်းလုံးချောရလဒ်ရရှိစေမှာ မဟုတ် ပါ။ ရုပ်ရှင်သရုပ်ဆောင်တွေလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားပါနှင့်။
-ဘာကြောင့် ဒီခွဲစိတ်ပြုပြင်ခြင်းကို လုပ်ချင်သလဲဆိုတာကို သင့်ကိုယ်သင်မေးခွန်းထုတ်ပါ။
သင့်မှာ မိမိကိုယ်ကို ယုံကြည်မှုချို့ တဲ့ခြင်းကြောင့်ဆိုရင် ခွဲစိတ်ပြုပြင်ခြင်းက သင့်ရဲ့ မိမိကိုယ်ကိုတန်ဖိုး ထားစိတ်ကို ပေးနိုင်လိမ့်မှာမဟုတ်ပါ။ ဒါမှမဟုတ် သင့်ရဲ့ယုံကြည်မှု အပေါ် အကျိုးသက်ရောက်မှုရှိတဲ့ ထင်ရှားတဲ့အမာရွတ်တစ်ခု ဒါမှမဟုတ် ကိုယ်အင်္ဂါ ချို့ယွင်းမှုတစ်ခုခုကြောင့်ဆိုရင် နောက်ဆုံး ရလဒ်က ဘာဖြစ်လာလိမ့်မလဲဆိုတာနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်း လင်းသိရအောင် ခွဲစိတ်ပေးမယ့် ဆရာဝန်နှင့် စစ်ဆေးမေးမြန်းပါ။ -အလှအပခွဲစိတ်ပြုပြင်ခြင်းက ကုန်ကျစရိတ်ကြီးတယ်။ အဲသလောက် ငွေကြေးကိုသုံးစွဲဖို့ သင်အဆင်သင့် ရှိရဲ့လား။ ခွဲစိတ်ပြုပြင်မှု နောက်ပိုင်း လိုက်ရမယ့် ကုန်ကျစရိတ်များကိုလည်း မမေ့ပါနှင့်။
By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်