www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

ဝက်ခြံပေါက် လာပါက မြန်မြန် ပျောက်အောင် ဘာလုပ်ပေးရမလဲ


ဝက်ခြံပေါက် လာပါက မြန်မြန် ပျောက်အောင် ဘာလုပ်ပေးရမလဲအသက် ၃၀အောက် လူငယ်တွေပါ အမေးများလေ့ရှိတဲ့ မေးခွန်း တစ်ခု ပါပဲ။ ဝက်ခြံတစ်ဖုလောက် ထွက်လာတာနဲ့ တင် စိတ်မသက် မသာဖြစ် ရလေတော့ မျက်နှာ တစ်ပြင်လုံး အပြည့် ဝက်ခြံ တွေတစ်ဖုပြီးတစ်ဖု ထွက်လာတဲ့ အခါမှာ ဘယ်လောက်ခံစားကြရမလဲ ဆိုတာ တွေးကြည့်ရုံဖြင့် နားလည်ကြ ပါလိမ့်မယ်။ တချို့သော ကံကောင်း တဲ့သူများကတော့ ဝက်ခြံ အထွက် နည်းပါတယ်။
သို့သော် ဆယ်ကျော် သက်လေးအများစုမှာတော့ ကံမ ကောင်းစွာဖြင့် ဝက်ခြံတွေဟာ ပျောက်လိုက်၊ ထွက်လာလိုက်နဲ့ အတော့်ကို စိတ်ညစ်နေကြရပါတယ်။ ဝက်ခြံထွက်လာပါက မြန်မြန် သက်သာပျောက်ကင်းသွားစေရန် အောက်ပါတို့ကိုပြုလုပ်ပေးနိုင်ပါတယ်။
(၁) ရေကြက်သီးနွေးဖြင့် တစ်နေ့ လျှင် မျက်နှာ ၂ ကြိမ်သစ်ပေးပါ။ ဝက်ခြံပေါက်ပါကMild Soap Made for People with Acneဟု စာတန်း ထိုးထားသောမျက်နှာသစ်ဆပ်ပြာ အပျော့စားဖြင့်လည်း သန့်စင်ပေးနိုင် ပါတယ် မျက်နှာအရေပြားပေါ်မှာ ရေအနည်းငယ်ဖြင့် စက်ဝိုင်းပုံ ဖိ၍ဖိ၍ ညင်သာစွာ သန့်စင်ပေးပါ။ ထိုကဲ့ သို့သော ဆပ်ပြာ အမျိုးအစားများ သည် လွန်ကျွံစွာသုံး စွဲမိပါက သင့် အရေပြားကို ကသိကအောက် ဖြစ်စေ နိုင်ပါတယ်။ ထိုသို့သန့်စင်ပေးပြီးပါက မျက် နှာပေါ်ရှိ အဆီဓာတ်နှင့် ဗက်တီးရီး ယားပိုးတို့ ကင်းစင်သွားစေရန် အမေ ရိကန် အရေပြား အကယ်ဒမီမှ တရား ဝင်ခွင့်ပြုထားသည့်Benzoyl Peroxide ပါဝင်သောလိုးရှင်းကို လိမ်း ပေးနိုင်ပါတယ်။ မျက်နှာ အဆီပြန် ခြင်းနှင့် ဗက်တီးရီးယားတို့ နည်း သွားစေပါတယ်။
(၂) နောက်တစ်ချက်ကတော့ မသန့် ရှင်းတဲ့ လက်ချောင်းလေးများဖြင့် ဝက်ခြံကို ညှစ်ခြင်းဖြင့် အရေပြားထဲသို့ ဗက်တီးရီးယားပိုးများ ဝင်ရောက်သွား နိုင်ပါတယ်။ ပိုးဝင်ရောက်ခံရတဲ့အခါ အရေပြားနီရဲ ရောင်ရမ်းလာကာ အလွန် နာကျင်ကိုက်ခဲစေတတ်ပါ တယ်။ ပျောက်ကင်းသွားသောအခါ အမာရွတ် ထင်ကျန်ရစ်စေပါတယ်။ ထိုသို့ ခံစားရပါက ဆရာဝန်နှင့် အမြန်ပြသပြီး စနစ်တကျဆေးကုသ မှု ခံယူရပါမယ်။ သို့မဟုတ်ပါက အမာရွတ်တွေ ထင်ကျန်ကာ အကျည်း တန်သွားစေနိုင်ပါတယ်။
(၃) ဝက်ခြံဟာ မသန့်ရှင်းသော ကြောင့်လည်းပေါက်နိုင်ပါတယ်။ မည်သည့်အရာတွေက သင့်အား မသန့်မရှင်းဖြစ်စေရတာလဲ ဆိုတာ စဉ်းစားကြည့်ပါက တယ်လီဖုန်းလက် ကိုင်များ၊ ဟန်းဖုန်းများ၊ တယော ထိုးသူဖြစ်ပါကမေးပေါ်တင်၍ တယော ထိုးခြင်းများမှတစ်ဆင့် (ထိုပစ္စည်းများ သန့်ရှင်းအောင် မပြုလုပ်ထားခြင်း တို့ကြောင့်) ပိုးဝင်ရောက်ခံရကာ ဝက်ခြံထွက်စေပါတယ်။ ဒါကြောင့် လက်ကို ဆပ်ပြာနှင့်သေချာစွာ ဆေး ကြောထားခြင်းမရှိဘဲနဲ့ မျက်နှာကို မကိုင်ပါနဲ့။ ဒီ့ပြင် မိတ်ကပ်၊Moisturizer များ၊ ခရင်မ်များ မလိမ်းမီ သင့်လက်ချောင်းများအား ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောပြီးမှ သုံးပါ။ ထို့အပြင် မိတ်ကပ်ဘရပ်ခ်ျများအား လည်း မကြာခဏရေဖြင့် ဆေးကြော သန့်စင်ပေးရပါမယ်။
(၄) သင်ဟာ မျက်မှန်တပ်သူ ဆိုပါ ကလည်း သင့်စာကြည့်မျက်မှန် သို့ မဟုတ် နေကာမျက်မှန်တို့အား မကြာခဏ သန့်စင်ဆေးကြောပေး ရပါမယ်။ မျက်နှာအရေပြား အဆီ ပြန်ခြင်းကြောင့်လည်း မွေးညင်း ပေါက်တွေကို ပိတ်ဆို့စေကာ ဝက်ခြံ ထွက်စေပါတယ်။ အထူးသဖြင့် နှာခေါင်းနှင့်မျက်လုံး တစ်ဝိုက် မသန့် ထွက်လာပါတယ်။
(၅) ဆယ်ကျော်သက် အမျိုးသား လေးတွေမှာတော့ မျက်နှာအပြင် နောက်ကျော၊ ရင်ဘတ်တို့ပါ ဝက်ခြံ ပေါက်တာကို တွေ့ရတတ်ပါတယ်။ တချို့က အင်္ကျီကျပ်ကျပ်လေးတွေ ဝတ်ရတာ သိပ်သဘောကျလေ့ရှိပါ တယ်။ အင်္ကျီကို ခန္ဓာကိုယ်နှင့်အတိ ကျပ်ကျပ်လေး ဝတ်ထားတဲ့အတွက် အရေပြားခင်မျာ၊ အသက်တောင် ကောင်းကောင်းမရှူ ရသလိုဖြစ်စေကာ အရေပြား ကသိကအောက်ဖြစ်စေ ပါတယ်။ ထို့အတူ ခေါင်းစည်းပဝါများ၊ ခေါင်းစွပ်များ၊ ဦးထုပ်များ ကလည်း ချွေးစိုပြီး မွေးညင်းပေါက်တွေမှာ ဖုန်မှုန့်တွေ အဆီတွေနဲ့ပိတ်ဆို့သွား စေပါတယ်။ အဲဒီလိုညစ်ပတ်လာရင် လည်း နဖူး၊ လည်ကုတ်လိုနေရာ တွေမှာ ဝက်ခြံ ထွက်တတ်ပါတယ်။
(၆) အပြင်ကနေပြန် လာပြီးတိုင်း ည မအိပ်ခင် မျက်နှာပေါ်က မိတ်ကပ်တွေ ကိုMakeup Remover နဲ့ဖျက်ပါ။ မိတ်ကပ် ဝယ်တိုင်း Noncomedogenic သို့မဟုတ် Nonacnegenic လို့ စာတန်းပါတဲ့ မိတ်ကပ်ကိုသာ ရွေးပါ။ မွေးညင်းပေါက်ကို မပိတ် ဆို့စေသော သို့မဟုတ် ဝက်ခြံ မထွက်စေသော မိတ်ကပ်လို့ဆိုလိုပါ တယ်။ အဲဒီအတွက် ရလဒ်ကတော့ မွေးညင်းပေါက် ပိတ်ခြင်းကင်းသလို ဝက်ခြံထွက်ခြင်း နည်းစေပါတယ်။
By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်