www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

သင့်ကျန်းမာရေးအတွက် သင့်မိခင်ကို မေးမြန်း သင့်သော မီးယပ်ဆိုင်ရာ မေးခွန်းများ

ယေဘုယျ အားဖြင့် သမီး မိန်းက လေးတွေ က မိခင်နဲ့ ခန္ဓာကိုယ် တည် ဆောက်ပုံ တူညီ တတ်ရုံသာမက မိခင် ငယ်စဉ်က ခံစားခဲ့ရတဲ့ ရာသီအကြိုဝေ ဒနာခံစားရပုံချင်း၊ သားဦးကိုယ်ဝန် ဆောင်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ဝေဒနာခံ စားရပုံချင်းတွေလည်း တူညီနေတတ်ပါ တယ်။ ဒါကြောင့် သင့်မှာ ဖြစ်လာနိုင်တဲ့ ဝေဒနာတွေ လျော့ကျစေဖို့ သင့်မိခင်ရဲ့ ကျန်းမာရေးရာဇဝင်နဲ့ ပတ်သက်ပြီး အောက်ပါမေးခွန်းတွေကို မေးမြန်းသင့်ပါ တယ်။
ဘယ်အသက်အရွယ်မှာ သွေးဆုံး အကြိုကာလကို ရောက်ရှိခဲ့တာလဲ ဘယ်အရွယ်မှာ သွေးဆုံးခဲ့တာလဲ
အသက် ၄၆နှစ်ရှိပြီဖြစ်တဲ့ မာဂရက် ဟာ သွေးဆုံး ချိန်ရောက်ဖို့မျှော်လင့်နေ ပါတယ်။ အကြောင်းကတော့ သူ့မိခင်နဲ့ သူဟာ တူညီတဲ့ အရွယ်မှာ ရာသီသွေး စလာခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးစလုံးက သားသမီးသုံးဦးစီရရှိခဲ့တာချင်းလည်း တူ ပါတယ်။ သားသမီးတွေကို အသက် ၃၀ နဲ့ ၃၆နှစ်ကြားမှာ ယူခဲ့တာချင်းလည်း တူ တာကြောင့် သူ့မိခင်သွေးဆုံးတဲ့ ၄၆နှစ် အရွယ်တစ်ဝိုက်မှာ မာဂရက်လည်း သွေး ဆုံးလိမ့်မယ်လို့ ဗာဂျီးနီးယားသားဖွားမီး ယပ်စင်တာက ဒေါက်တာဂျိုအန်းက ခန့် မှန်းထားပါတယ်။
ဘယ်လို အကျိုးကျေးဇူး ရရှိနိုင်သလဲ
သင့်မိခင်ရဲ့ သွေးဆုံးတဲ့ အသက် အရွယ်ကို သိထားတာကြောင့် သင် သွေး ဆုံးနိုင်မယ့် အသက်အရွယ်ကို ခန့်မှန်း နိုင်ပါတယ်။ ဒါပေမဲ့ သင့်မိခင်က သွေး ဆုံး ချနိ မှ်ာ ဝေဒနာပြင်း ပြင်းထနထ် နခ် စာံး ခဲ့ရတယ်လို့ ဆိုရင် သိပ်ပြီး ထိတ်လန့် နေဖို့မလိုပါဘူး။ သူ့ဆီက ဝေဒနာကုစား နည်းတွေက သင့်အတွက် အကောင်းဆုံး အကြံÓဏ်တွေ ဖြစ်လာနိုင်ပါတယ်။ သင့်အနေနဲ့ သွေးဆုံးချိန်မှာ ဖြစ်လာနိုင် တဲ့ ဆိုးကျိုးတွေကို လျှော့ချနိုင်ဖို့ အ သက် ၃၀နဲ့ ၄၀ တစ်ဝိုက်မှာ ဘဝနေထိုင် စားသောက်မှုပုံစံအပြောင်းအလဲ လုပ် ပေးပါ။ ကဖင်းဓာတ်ကို တဖြည်းဖြည်း လျှော့ချသွားတာ၊ ပုံမှန်လေ့ကျင့်ခန်း လုပ်တဲ့ အကျင့်ကို တည်ဆောက်သွား တာ၊ စိတ်ဖိစီးမှုကိုလျှော့ချတာနဲ့ နေ့စဉ် သင်စားတဲ့ အစားအသောက်ထဲမှာ ပဲပိ စပ်ထည့်စားတာတို့ကို လုပ်ဆောင်ပေးပါ။ လေ့လာမှုအရ ပဲပိစပ်ထဲကရနိုင်တဲ့ အပင် ထွက်အီစထရိုဂျင်ဟာ သွေးဆုံးဝေဒနာ၊ အထူးသဖြင့် သွေးဆုံးအကြိုဝေဒနာတွေ ကို သက်သာစေတယ်လို့ သိရပါတယ်။ ဆရာဝန်နဲ့ နောက်ထပ်တိုင်ပင်နိုင်တာ က ဟော်မုန်းအစားထိုးကုသမှုပါ။ အမျိုး သမီးအများစုအနေနဲ့ သွေးဆုံးချိန် အစောပိုင်းကာလကို ရောက်ရှိလာချိန် မှာ ဟော်မုန်းပမာဏနည်းနည်းကို အချိန် တိုအတွင်းပေးတာက ထိရောက်မှု ရှိပြီး စိတ်ချရတယ်လို့ လတ်တလော လေ့လာ မှုတွေက အကြံပြုထားပါတယ်။ သတိပြုရန်- သင့်မိခင်က အသက် ၄၀ အစောပိုင်းကာလမှာ သွေးဆုံးချိန်ကို ရောက်ရှိခဲ့ရင် သင့်အနေနဲ့ မိသားစုဘဝ ကို စောစောတည်ဆောက်သင့်ပါတယ်။
သားသမီးရဖို့ ခက်ခဲခဲ့ပါသလား
"မျိုးအောင်မှုကလည်း သွေးဆုံး ချိန်လို အရေးကြီးတာပါပဲ"လို့ ဒေါက် တာ ဂေါ့ဒတ်က ဆိုပါတယ်။ သင့်မိခင်က သားသမီးရဖို့ ခက်ခဲခဲ့တယ်ဆိုရင် သင့် အနေနဲ့ သားသမီးရဖို့ ခက်ခဲတယ်လို့ မဆိုနိုင်ပေမယ့် သားသမီးရဖို့ အချိန်ယူ ရကောင်း ယူရနိုင်တယ်လို့တော့ အကြမ်း ဖျင်း သတ်မှတ်လေ့ရှိပါတယ်။ သားဥ ထုတ်လုပ်မှုဆိုင်ရာ ပြဿနာနဲ့ သားဥ အိမ်မှာ အလုံးတည်တဲ့ရောဂါတွေရှိရင် မျိုးရိုးလိုက်တတ်တယ်လို့ မျိုးမအောင်မှု အား ကုသမှုပညာရှင် ဒေါက်တာရော ဘတ်က ဆိုပါတယ်။ အရွယ်မတိုင်ခင်သား ဥဆုံးရှုံးမှု ဖြစ်တဲ့ အမျိုးသမီး ၂၀ ရာခိုင် နှုန်းနီးပါးမှာ မျိုးရိုးရာဇဝင်ရှိနေကြတာကို တွေ့ရသလို ဆွေမျိုးထဲမှာ သားဥအိမ် မှာ အလုံးတည်တဲ့ရောဂါရှိတဲ့ အမျိုးသမီး တွေမှာလည်း သားဥအိမ်မှာ အလုံးတည် တဲ့ရောဂါဖြစ်နိုင်ခြေ နှစ်ဆမြင့်တက် နေတယ်လို့ သိရပါတယ်။
ဘယ်လို အကျိုးကျေးဇူး ရရှိနိုင်သလဲ
သင့်မိခင်မှာ သားသမီးရဖို့ အခက် အခဲရှိခဲ့တယ်လို့ သိခဲ့ရင် သင့်အနေနဲ့ အိမ်ထောင်ပြုတာနဲ့ သားသမီးယူတာ တွေမှာ အချိန်ဆွဲတာမျိုး မလုပ်သင့်ပါ ဘူး။ သတိပြုရန် - အိမ်ထောင်ပြုပြီး အချိန် အတော်ကြာတဲ့အထိ သားသမီးရလိုရ ငြား စောင့်ဆိုင်းနေမယ့်အစား သားဖွားမီး ယပ်အထူးကုဆရာဝန်နဲ့ စောစောတိုင်ပင် ဆွေးနွေးသင့်ပါတယ်။
ကိုယ်ဝန်ဆိပ်တက်ရောဂါ ရရှိခဲ့ပါ သလား
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုး တာ၊ ဆီးထဲ ပရိုတင်းဓာတ်အပိုပါတာ၊ အလွန်အမင်း ခေါင်းကိုက်တာနဲ့ ရုတ်တ ရက်ကိုယ်အလေးချိန်မြင့်တက်တာစတဲ့ အခြေအနေတွေက ကိုယ်ဝန်ဆိပ်တက် ရောဂါရဲ့ လက္ခဏာတွေ ဖြစ်နိုင်သလို ဒီအခြေအနေတွေကြောင့် လမစေ့က လေးမွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်။ ကုယိ ဝ် နဆ် ပိ တ် ကေ် ရာဂါဖြစရ် င် အပိ ရ်ာ ထဲမှာ များများအနားယူဖို့ လိုအပ်သလို စောစောစီးစီး ကလေးမွေးဖွားဖို့လည်း လိုပါတယ်။ ကိုယ်ဝန်ဆိပ်တက်ရောဂါရ ဖူးတဲ့ မိခင်တွေက မွေးလာတဲ့ သမီးတွေ ကိုယ်ဝန်ဆောင်တဲ့အခါမှာ ကိုယ်ဝန်ဆိပ် တက်ရောဂါဖြစ်နိုင်ခြေ မြင့်တက်နေပါ တယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆိပ်တက်ရောဂါ အတွက် မျိုးရိုးထက် ပိုအရေးပါတဲ့ အ ချက်တွေက အသက် ၃၅နှစ်ကျော်တာ၊ အဝလွန်တာ၊ အမြွှာကိုယ်ဝန်ဆောင်တာ၊ အရင်က သွေးတိုးရောဂါရှိတာနဲ့ ပထမ အကြိမ်ကိုယ်ဝန်ဆောင်စဉ်က ကိုယ်ဝန် ဆိပ်တက်ရောဂါရဖူးတာစတဲ့ အခြေအ နေတွေ ဖြစ်ကြပါတယ်။ သင့်မှာ ဒီအ ချက်တွေ ရှိတဲ့အပြင် သင့်မိခင်မှာ ကိုယ် ဝန်ဆိပ်တက်ရောဂါရဖူးရင် ပိုသတိထား ဖို့ လိုပါတယ်။
ဘယ်လို အကျိုးကျေးဇူး ရရှိနိုင်သလဲ
သင့်မိခင်မှာ ကိုယ်ဝန်ဆိပ်တက် ရောဂါရဖူးရင် သင်ကိုယ်ဝန်ဆောင်တဲ့ အခါ သားဖွားမီးယပ်အထူးကု ဆရာဝန် ထံ ပြောပြပြီး ဆရာဝန်ချိန်းဆိုတဲ့အခါ တိုင်း မှန်မှန်ပြသပါ။ သတိပြုရန် - ဆားနဲ့ သကြားများတဲ့ အစာတွေကိုရှောင်ပြီး ကိုယ်အလေးချိန် ကို ၂၅ - ၃၅ ပေါင်ထက် ပိုမတက် အောင်ထိန်းပါ။
မျိုးရိုးလိုက်တဲ့ ရောဂါ ရရှိခဲ့ပါသ လား
နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာရောဂါတချို့၊ အရိုးပါးရောဂါ၊ စိတ်ကျရောဂါနဲ့ လေဖြတ်တာအပါအဝင် သားဖွားနဲ့ မီးယပ်ဆိုင်ရာရောဂါတချို့က မျိုးရိုးနဲ့ ဆက်စပ်မှုရှိနေတတ်ပါတယ်။ ဒါကြောင့် မိဘရဲ့ ကျန်းမာရေး ရာဇဝင်ကို သိဖို့ အရေးကြီးတာပါ။ သင့်မိခင်၊ အစ်မ၊ ညီမတစ်ဦးဦးမှာ ရင်သားကင်ဆာရှိရင် သင့်မှာ ဖြစ်နိုင်တဲ့ အန္တရာယ်က နှစ်ဆ မြင့်တက်နေပါတယ်။ သင့်အမျိုးထဲမှာ အသက်ငယ်စဉ် သားဥအိမ်ကင်ဆာရှိခဲ့ ရင် သင့်မှာဖြစ်နိုင်တဲ့ အန္တရာယ်က ပိုမို မြင့်တက်နေပါတယ်။
ဘယ်လို အကျိုးကျေးဇူး ရရှိနိုင်သလဲ
သင့်မိခင်ရဲ့ ကျန်းမာရေးရာဇဝင် ကို သိထားရင် သင့်ခန္ဓာကိုယ်မှာ ပုံမှန် မဟုတ်တဲ့ အပြောင်းအလဲတွေ တွေ့တာ နဲ့ ဆရာဝန်ထံ သွားပြဖို့ သတိရှိနေနိုင် ပါတယ်။ သတိပြုရန် - ကျန်းမာဖို့အတွက် ဘဝ နေထိုင်စားသောက်မှုပုံစံကို ကျန်းမာရေး နဲ့ ညီအောင် ထိန်းပြီး ကာကွယ်ရမယ့် နည်းလမ်းတွေကို လိုက်နာပါ။ ဥပမာ သင့်မိခင်မှာ အရိုးပါးရောဂါရှိရင် အ သက် ၃၀ အရွယ်ကစပြီး ကယ်လ်စီယမ် အလုံအလောက် မှီဝဲတာ၊ အလေးမတာ၊ ယောဂကျင့်တာတို့ လုပ်ကာ အရိုးသိပ် သည်းဆအားကောင်းအောင် တည် ဆောက်ပါ။ အသက် ၄၀ အရွယ်မှာ အရိုး သိပ်သည်းဆစစ်ဆေးမှုကို လုပ်ဆောင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
သင့်မိခင်၏ သားဖွားမီးယပ် ဆိုင်ရာ ကျန်းမာရေးအခြေအနေကို သိနားလည်ခြင်းဖြင့် သင့်ကျန်းမာရေးအတွက် အကျိုးကျေးဇူးရနိုင် သင့်မိဘနှစ်ပါးစလုံးရဲ့ ကျန်းမာရေးရာဇဝင်ကို သိထားသင့်တယ်လို့ ကျွမ်း ကျင်သူတွေက ဆိုပါတယ်။ အထူးသဖြင့် သင့်အနေနဲ့ မိခင်ရဲ့ ကိုယ်ဝန်ဆောင်စဉ် ကြုံတွေ့ရတဲ့ဝေဒနာနဲ့ သွေးဆုံးချိန်ခံစားရတဲ့ လက္ခဏာတွေကို သိအောင် မေးမြန်း ထားရင် သင့်အနေနဲ့ ကြိုတင်ကာကွယ်ရှောင်လွှဲထားလို့ ရကောင်းရနိုင်ပါတယ်။ "သင့်မိခင်ရဲ့ သားဖွားမီးယပ်ဆိုင်ရာ ကျန်းမာရေးရာဇဝင်တွေကို မေးမြန်းထားရင် အနာဂတ်မှာ ကြိုတင်ကာကွယ်လုပ်ဆောင်နိုင်မယ့်နည်းလမ်းတွေကို သိရှိလာပါ လိမ့်မယ်" လို့ Duke တက္ကသိုလ်မှ ဒါရိုက်တာထရေစီက ရှင်းပြပါတယ်။

By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်